[Zawgyi]







[Unicode]

Vivo က PUBG MOBILE Club Open 2019 Fall Split ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသော ဂိမ်းကစားသူများအတွက် အားပေးထောက်ပံ့ပေးသွားမည်

ကမ္ဘာ့အဆင့် ဖိုင်နယ် PUBG MOBILE Club Open 2019 Fall Split ပြိုင်ပွဲတွင် Vivo မှ title sponsor အဖြစ် ကူညီပံ့ပိုးပေးထားပြီး ဂိမ်းကစားသူများအတွက် စမတ်ဖုန်းများ ထောက်ပံ့ပေးသွားမည်။

ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သော vivo သည် ဒီဇင်ဘာလတွင် ကျင်းပမည့် ကမ္ဘာ့ အဆင့်ဖိုင်နယ် PUBG MOBILE Club Open 2019 Fall Split ပြိုင်ပွဲတွင် တရားဝင် title sponsor အဖြစ် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သော ဂိမ်းကစားသူများ၏ အောင်မြင်မှုရလဒ်ကောင်းများ ရရှိရန် စမတ်ဖုန်းများကို ထောက်ပံ့ကူညီသွားမည် ဖြစ်သည်။

vivo မှ အသုံးပြုသူများကို အကောင်းမွန်ဆုံး ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် အတွက် အင်တာနက် အားကစား ခေတ်ကို ရှေ့ဆုံးသို့ ရောက်ရှိနိုင်ရန် အင်တိုက် အားတိုက် လုပ်ဆောင်လျက်ရှိပါသည်။ PUBG MOBILE သည် Tencent Games နှင့် PUBG Corporation တို့မှ တီထွင်ထုပ်လုပ်သည့် ထိပ်တန်း မိုဘိုင်းဂိမ်း တစ်ခုဖြစ်ပြီး အဓိကဆော့ကစားသည့် တရုတ်၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံများ အပြင် နိုင်ငံတစ်ဝှမ်း ဒေါင်းလုတ်ဆွဲသူပေါင်း သန်း ၂၀၀ ကျော် ရှိနေပြီဖြစ်သည်။ vivo က PUBG MOBILE နှင့် ပူးပေါင်း၍ ကောင်းမွန်ပြည့်စုံသော ပူးပေါင်းမှုမှ တစ်ဆင့် အသုံးပြုသူများကို အကောင်းဆုံးနှင့် အချောမွေ့ဆုံး ဂိမ်းအတွေ့အကြုံကို ယူဆောင်လာမည့် vivo ၏ ကတိကဝတ်ကို လုပ်ဆောင်လျက်ရှိပါသည်။

PUBG MOBILE Club Open 2019 တွင် ကမ္ဘာ့အကောင်းဆုံး ပရော်ဖက်ရှင်နယ် ဂိမ်းမာများနှင့် နာမည်ကြီး ဂိမ်းမာများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အကြီးဆုံး ဆုကြေးမှာ ၁.၃သန်း ဒေါ်လာဖြစ်ပြီး နိုင်ငံ ၁၀ နိုင်ငံမှ ဂိမ်းမာအဖွဲ့များမှ လာမည့် ဒီဇင်ဘာတွင် ကျင်းပပြုလုပ်မည့် Fall Split ပြိုင်ပွဲတွင် ယှဉ်ပြိုင်သွားကြ မည်ဖြစ်သည်။

vivo သည် Germany မှာ ကျင်းပပြုလုပ်ခဲ့သည့် Spring Splits ပြိုင်ပွဲများတွင် လည်း Title Sponsor အဖြစ် ကူညီပံ့ပိုးပေးခဲ့ပါသည်။ အဆိုပါပြိုင်ပွဲသည် မိုဘိုင်း esport ဂိမ်းပြိုင်ပွဲများထဲမှ အကြီးဆုံးပြိုင်ပွဲဖြစ်ခဲ့ပြီး လူသိများအထင်ရှားဆုံး ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပါသည်။ ၃ ရက်တာ ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲတွင် ကမ္ဘာ တစ်ဝှမ်းမှ ပြိုင်ပွဲဝင်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တရုတ်နိုင်ငံမှ ထိပ်တန်း esports အဖွဲ့မှ သီးသန့် BAPE x PUBG MOBILE ချန်ပီယံဝတ်စုံ အပါအဝင် ဆုကြေး 180,000 USD ကို ဆွတ်ခူးရရှိခဲ့သည်။ ထို့အပြင် ကမ္ဘာ့အကောင်းဆုံး esport ဂိမ်းမာများအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

PUBG MOBILE Club Open 2019 အကြောင်း အသေးစိတ် သိရှိလိုပါက https://clubopen.pubgmobile.com/en/gl/ သို့ ဝင်ရောက် လေ့လာနိုင် ပါသည်။