စမတ်ဖုန်းသုံးစွဲသူအတော်များများကတော့ ကိုယ့်ရဲ့ဖုန်းမှာ နောက်ဆုံးပေါ် Software Update ကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် တင်ချင်ကြမယ်လို့ ထင်ပါတယ်။ Software Update တွေဟာ Bugs တွေ ရှိတတ်တယ်ဆိုပေမယ့်၊ များသောအားဖြင့်ကတော့ Issue တွေကို ဖြေရှင်းပြီး၊ ပိုအဆင့်မြင်တဲ့ Feature တွေပါလာတတ်တာ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ OEMs တွေအနေနဲ့ သူတို့ရဲ့အမှတ်တံဆိပ်အတွက် သက်ဆိုင်ရာ OS တွေကို နောက်ကျမကျန်ခဲ့ဘဲ အများနည်းတူရအောင် ထုတ်ပေးနေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၁ ပထမသုံးလပတ်အတွင်းမှာ Android 11 အခြေခံတဲ့ OS သစ်တွေကို စမတ်ဖုန်းအတော်များများမှာ မြင်တွေ့လာရမယ်လို့ ယုံကြည်ရပါတယ်။

Vivo ကလည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက OriginOS ကို Operating system အသစ်အဖြစ်ကြေညာခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ ဒီ OS ကို တရုတ်ပြည်တွင်းဈေးကွက်က Flagship device အချို့မှာပဲ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း FuntouchOS 11 update ကို နိုင်ငံတကာဈေးကွက်က Device တွေအတွက် ထုတ်ပေးနေတာကို တွေ့မြင်ရပါတယ်။

အခုလည်း Android 11 ပေါ်အခြေခံထားတဲ့ FuntouchOS 11 ကို အိန္ဒိယဈေးကွက်တွင်း ထုတ်လွှတ်ပေးမယ့် အစီအစဉ်ကို Vivo က ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း များသောအားဖြင့် အိန္ဒိယဈေးကွက်နဲ့ မရှေးမနှောင်းမှာပဲ Update တွေရလေ့ရှိတာကြောင့် ကြိုတင်ရင်ခုန်နိုင်အောင်လို့ ဒီသတင်းကို မျှဝေပေးလိုက်ရတာ ဖြစ်ပါတယ်။

အိန္ဒိယဈေးကွက်ထဲ FuntouchOS 11 ကို ထုတ်ပေးမယ့် အချိန်ဇယားကတော့ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။

Mid-December 2020
vivo X50 Pro

End of January 2021
vivo X50
vivo V19

End of March 2021
vivo V17 Pro
vivo V17
vivo V15 Pro
vivo S1

End of April 2021
vivo S1 Pro
vivo Z1Pro
vivo Z1x

End of June 2021
vivo V15

Ref: Gizmochina