vivo S18 Series ကို တရုတ်မှာ ကြေညာလိုက်ပြီး vivo S18 , S18 Pro နဲ့ S18e တို့ ပါဝင်ပါတယ်။ vivo S18 နဲ့ S18 Pro မှာ လေးထောင့်ပုံ ကင်မရာ Module တပ်ဆင်ထားပြီး အထက်ပိုင်းမှာ ကင်မရာတွေနဲ့ အောက်ပိုင်းမှာ LED Lighting ၂ ခု ထည့်သွင်းထားပါတယ်။ သာမာန် Dual Tone Flash ၁ ခုနဲ့ ပိုကြီးတဲ့ Soft LED Lighting ၁ ခု ပါပါတယ်။

Vivo S18

အနောက်ဘက်မှာ ငှက်မွှေးပုံ Pattern ပါရှိပြီး ပါးလွှာပေါ့ပါးတဲ့ ကိုယ်ထည် တပ်ဆင်ထားပါတယ်။ အထူက ၇.၄၅ မီလီမီတာနဲ့ အလေးချိန်က ၁၈၅.၅ ဂရမ် ရှိပါတယ်။ (Pro က ၁၈၇.၈ ဂရမ် ရှိပါတယ်။) ဖုန်း ၂ လုံးရဲ့ အရှေ့ဘက်မှာ 6.78” OLED Full HD+ မျက်နှာပြင်ကွေး ၊ 120Hz Refresh Rate နဲ့ 2,800 Nits Peak Brightness ထည့်သွင်းထားပါတယ်။ မျက်နှာပြင် အထက် အလယ်မှာ Punch Hole ပါပါတယ်။

vivo S18 and S18 Pro display specs

vivo S18 မှာ Qualcomm Snapdragon 7 Gen 3 SoC နဲ့ S18 Pro မှာ MediaTek Dimensity 9200+ Chipset မောင်းနှင်ထားပါတယ်။ 16GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားပါတယ်။ Pro မှာ LPDDR5X RAM နဲ့ ရိုးရိုးမှာ LPDDR4X RAM ပါပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Android 14 အခြေပြု OriginOS 4 မောင်းနှင်ထားပါတယ်။

S18 Series မှာ 16GB Virtual RAM Expansion ထောက်ပံ့ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 5,000mAh Battery နဲ့ 80W Fast Charging ပါပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

S18 Pro မှာ 50MP Main , 50MP Ultrawide , 12MP Telephoto (2x Optical Zoom) တပ်ဆင်ထားပါတယ်။ S18 မှာ 50MP Main, 8MP Ultrawide ကင်မရာ ပါပါတယ်။ အရှေ့ဘက်မှာ 50MP ကင်မရာ တပ်ဆင်ထားပါတယ်။

ဖုန်း ၂ လုံးစလုံးအတွက် အဖြူ၊ အစိမ်းနဲ့ အနက်ရောင် ထုတ်လုပ်ထားပါတယ်။

ဈေးနှုန်း

Vivo S18

  • 8GB + 256GB – 2,299 Yuan (roughly $325)
  • 12GB + 256GB – 2,599 Yuan (roughly $367)
  • 12GB + 512GB – 2,799 Yuan (roughly $395)
  • 16GB + 512GB – 2,999 Yuan (roughly $424)

Vivo S18 Pro

  • 12GB + 256GB – 3,199 Yuan (roughly $452)
  • 16GB + 256GB – 3,499 Yuan (roughly $494)
  • 16GB + 512GB – 3,699 Yuan (roughly $522)

 

S18 ကို ဒီလ ၂၂ ရက်နေ့နဲ့ S18 Pro ကို နောက်နှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ ရောင်းချမှာပါ။

Ref : gizmochina