vivo က ပရီမီယမ် စွမ်းရည်သင့် S18 Series ကို ကြေညာလိုက်ပြီး S18 , S18 Pro နဲ့ S18e တို့ ပါပါတယ်။ အားလုံးထဲမှာ vivo S18e က ဈေးနှုန်း အချိုသာဆုံး ဖြစ်ပါတယ်။

Vivo S18e

vivo S18e မှာ ပြားချပ်တဲ့ ကိုယ်ထည်နဲ့ ဘေးဘက်တွေ ပါလာပြီး စက်ဝိုင်းပုံ ကင်မရာ Module ထည့်သွင်းထားပါတယ်။ Punch Hole မျက်နှာပြင် ပါလာပြီး ဖုန်း အထူက ၇.၆၉ မီလီမီတာနဲ့ အလေးချိန်က ၁၉၃ ဂရမ် ဖြစ်ပါတယ်။ IP54 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။

MediaTek Dimensity 7200 Processor မောင်းနှင်ထားပြီး 5G ထောက်ပံ့ပါတယ်။ LPDDR4X 12GB RAM နဲ့ UFS 2.2 256GB နဲ့ 512GB Storage ပါပါတယ်။ Android 14 အခြေပြု OriginOS 4 မောင်းနှင်ထားပြီး 80W Flash Charging ထောက်ပံ့တဲ့ 4,800mAh Battery ပါပါတယ်။ Type-C Port ကနေ အားသွင်းနိုင်ပါတယ်။

6.67” AMOLED 2400x1080p မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 1800 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ အရှေ့ဘက်မှာ 16MP နဲ့ အနောက်ဘက်မှာ OIS ပါတဲ့ 50MP Main နဲ့ 2MP Blur Lens ကင်မရာ တပ်ဆင်ထားပါတယ်။

vivo S18e အတွက် Starry Night Black, Xuaguang Purple နဲ့ Cloud Shabai အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 12/256GB ကို ၂၉၆ ဒေါ်လာနဲ့ 12/512GB ကို ၃၂၅ ဒေါ်လာ သတ်မှတ်ထားပြီး ဇန်နဝါရီလ ၁၃ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

Ref : gizmochina