[Zawgyi]

Vivo က ဒီဇိုင္းလန္းတဲ့ စြမ္းေဆာင္ရည္သင့္ စမတ္ဖုန္း အသစ္ ၁ လံုးကို ေၾကညာလိုက္ပါတယ္။ Vivo S5 လို႔ နာမည္ေပးထားၿပီး Qualcomm Snapdragon 712 SoC နဲ႔ 8GB RAM ထည့္သြင္းထားပါတယ္။ Android Pie အေျချပဳ Funtouch OS 9.2 ပါလာပါတယ္။ 128GB နဲ႔ 256GB Storage ၂ မ်ိဳး ေရြးခ်ယ္ႏုိင္ပါတယ္။

Vivo S5 မွာ ၆.၄၄ လက္မ 20:9 Super AMOLED Display ထည့္သြင္းထားၿပီး Screen-to-body Ratio  ၉၁.၃၈ ရာခုိင္ႏႈန္းရွိတာက အရမ္းမိုက္တဲ့ Full Screen Design ျဖစ္ပါတယ္။ Resolution က 2400×1080 Pixel ျဖစ္ၿပီး Display ေအာက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ ျမွပ္ႏွံထားပါတယ္။ Display ရဲ႕ ညာဘက္အထက္ေထာင့္မွာ Punch Hole ၁ ခု တပ္ဆင္ထားၿပီး 32MP Selfie Camera ပါပါတယ္။

အေနာက္ဘက္မွာ Camera ၄ လံုးကို စိန္ပံုသ႑ာန္ တပ္ဆင္ထားၿပီး 48MP Main , 8MP Ultrawide , 5MP Depth နဲ႔ 2MP Macro Camera ေတြ ျဖစ္ပါတယ္။ Camera ေတြမွာ Super Beauty Algorithm ပါတဲ့ အတြက္ အရမ္းကို လွပေခ်ာမြတ္ေနေစမွာ ျဖစ္ၿပီး အလန္းစား Pose ေတြ ေပးႏုိင္ေအာင္ ကူညီေပးမယ့္ Poster Correction Feature ပါပါတယ္။

Vivo S5 ကို Icelandic Blue, Phantom Blue နဲ႔ Star Black အေရာင္ေတြ ထုတ္လုပ္ထားၿပီး 4,100mAh Battery ပါပါတယ္။ 22.5W Fast Charging က အားသြင္းရင္ အရမ္းျမန္ေစပါတယ္။ 8/128GB ကို ၂,၆၉၈ ယြမ္နဲ႔ 8/256GB ကို ၂,၉၉၈ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၅၈၀,၀၀၀ နဲ႔ ၆၄၀,၀၀၀ ေလာက္ အသီးသီး တန္ေၾကးရွိပါတယ္။ တရုတ္မွာ ႏို၀င္ဘာလ ၂၂ ရက္ေန႔ ေရာင္းေပးမွာ ျဖစ္ၿပီး တျခား ႏုိင္ငံေတြမွာ ေရာင္းမယ့္ အခ်ိန္ကို မသိရေသးပါဘူး။

Ref : gsmarena

[Unicode]

Punch Hole Display နဲ့ Quad Camera ပါတဲ့ Vivo S5 ကို ကြေညာပြီ

Vivo က ဒီဇိုင်းလန်းတဲ့ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Vivo S5 လို့ နာမည်ပေးထားပြီး Qualcomm Snapdragon 712 SoC နဲ့ 8GB RAM ထည့်သွင်းထားပါတယ်။ Android Pie အခြေပြု Funtouch OS 9.2 ပါလာပါတယ်။ 128GB နဲ့ 256GB Storage ၂ မျိုး ရွေးချယ်နိုင်ပါတယ်။

Vivo S5 မှာ ၆.၄၄ လက်မ 20:9 Super AMOLED Display ထည့်သွင်းထားပြီး Screen-to-body Ratio ၉၁.၃၈ ရာခိုင်နှုန်းရှိတာက အရမ်းမိုက်တဲ့ Full Screen Design ဖြစ်ပါတယ်။ Resolution က 2400×1080 Pixel ဖြစ်ပြီး Display အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ Display ရဲ့ ညာဘက်အထက်ထောင့်မှာ Punch Hole ၁ ခု တပ်ဆင်ထားပြီး 32MP Selfie Camera ပါပါတယ်။

အနောက်ဘက်မှာ Camera ၄ လုံးကို စိန်ပုံသဏ္ဍာန် တပ်ဆင်ထားပြီး 48MP Main , 8MP Ultrawide , 5MP Depth နဲ့ 2MP Macro Camera တွေ ဖြစ်ပါတယ်။ Camera တွေမှာ Super Beauty Algorithm ပါတဲ့ အတွက် အရမ်းကို လှပချောမွတ်နေစေမှာ ဖြစ်ပြီး အလန်းစား Pose တွေ ပေးနိုင်အောင် ကူညီပေးမယ့် Poster Correction Feature ပါပါတယ်။

Vivo S5 ကို Icelandic Blue, Phantom Blue နဲ့ Star Black အရောင်တွေ ထုတ်လုပ်ထားပြီး 4,100mAh Battery ပါပါတယ်။ 22.5W Fast Charging က အားသွင်းရင် အရမ်းမြန်စေပါတယ်။ 8/128GB ကို ၂,၆၉၈ ယွမ်နဲ့ 8/256GB ကို ၂,၉၉၈ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၅၈၀,၀၀၀ နဲ့ ၆၄၀,၀၀၀ လောက် အသီးသီး တန်ကြေးရှိပါတယ်။ တရုတ်မှာ နိုဝင်ဘာလ ၂၂ ရက်နေ့ ရောင်းပေးမှာ ဖြစ်ပြီး တခြား နိုင်ငံတွေမှာ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena