[Zawgyi]




Ref : gizmochina

[Unicode]

Vivo S5 မှာ Punch-hole Display ပါမည်

Vivo က ဒီလ ၁၄ ရက်နေ့မှာ S5 ကို ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ မကြာခင်ကပဲ Vivo S Series ရဲ့ Brand Ambassador Cai Xukun ဟာ ဖက်ရှင် မဂ္ဂဇင်း ၁ ခု အတွက် Promo Video မှာ S Series Smartphone ကို လက်ထဲ ကိုင်ထားတာတွေ့ရပါတယ်။ အဲဒါဟာ Vivo S5 ဖြစ်ပြီး အနောက်ဘက်ကင်မရာ ၄ လုံးကို စိန်ပုံသဏ္ဍာန် ပုံဖော်ထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ အခုတော့ အဲဒီ ဖုန်းရဲ့ အရှေ့နဲ့ အနောက်ဘက်ကို ပြသထားတဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ ဖုန်းရဲ့ ညာဘက်ထိပ်မှာ Punch-hole ၁ ခု ထည့်သွင်းထားတာမြင်ရပါတယ်။

ပြီးခဲ့တဲ့လက ထွက်ခဲ့တဲ့ Promo Video မှာ ဖုန်းရဲ့ အရှေ့ဘက်ကို မမြင်ရပါဘူး။ အနောက်ဘက်မှာ စိန်ပုံသဏ္ဍာန် ကင်မရာ ၄ လုံးနဲ့ အောက်မှာ LED Flash ၁ လုံး ထည့်သွင်းထားတာ မြင်ရပါတယ်။ တခြား ထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေမှာတော့ Punch-hole Display ကို မတွေ့ရပါဘူး။ Notch မပါတာတော့ မြင်ရပါတယ်။ အဲဒီ ဓါတ်ပုံတွေဟာ အမှန်အကန်လားဆိုတာ မသေချာပါဘူး။ Vivo S5 ကို မော်ဒယ် ၂ မျိုးထုတ်ထားမယ်လို့လည်း သတင်းထွက်နေပါတယ်။ ၁ မျိုးမှာ Punch-hole Display နဲ့ အနောက်ကင်မရာ ၄ လုံးပါလာမှာပါ။ နောက် ၁ မျိုးမှာ Notch-less Display နဲ့ ကင်မရာ ၃ လုံးပါလာမယ်လို့ သတင်းထွက်နေပါတယ်။

ဒီနှစ် အစောပိုင်းမှာ Vivo S1 နဲ့ S1 Pro ကို ကြေညာခဲ့ပါတယ်။ အဲဒီအတွက် ကုမ္ပဏီက Vivo S5 နဲ့ S5 Pro ကို မိတ်ဆက်မယ်လို့ထင်ပါတယ်။ လက်ရှိမှာ Vivo S5 ရဲ့ Specifications တွေကို မသိရသေးပါဘူး။ စွမ်းဆောင်ရည်သင့် ဖုန်း ဖြစ်နိုင်ပြီး လာမယ့် ရက်တွေအတွင်းမှာ သူ့ရဲ့ Specs တွေ TENAA ကနေ ထွက်လာမယ်လို့ ထင်ပါတယ်။ ဒီလ ၁၄ ရက်နေ့ မတိုင်ခင်မှာ ကုမ္ပဏီက အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေကို မျှဝေနိုင်ပါတယ်။

Ref : gizmochina