တရုတ်မှာ vivo S18 Series စမတ်ဖုန်း အသစ်တွေကို ကြေညာလိုက်ပြီး ကုမ္ပဏီက vivo TWS 3e အမည်ရ တန်ဖိုးနည်း ကြိုးမဲ့ နားကြပ်အသစ်ကိုပါ မိတ်ဆက်လိုက်ပါတယ်။ နားကြပ်မှာ Bluetooth 5.3 ဆက်သွယ်မှုနဲ့ Active Noise Cancelation ထည့်သွင်းထားပါတယ်။

Vivo TWS 3e introduced: Active noise cancellation, 44 hours battery life, DeepX 3.0 stereo sound - TechnoPixel

နားကြပ်ကို အားအပြည့်သွင်းထားရင် သီချင်း ၁၁ နာရီ နားထောင်နိုင်ပါတယ်။ Charging Case က နားကြပ်ကို ၄ ကြိမ် အားအပြည့်သွင်းပေးနိုင်တဲ့အတွက် စုစုပေါင်း ၄၄ နာရီ သီချင်းနားထောင်နိုင်ပါတယ်။

နားကြပ်မှာ 1mm Dynamic Drivers နဲ့ Spatial Audio Playback အတွက် 3D Panoramic Sound Mode ပါပါတယ်။ Device ၂ ခုကို တစ်ပြိုင်နက် ချိတ်ဆက်နိုင်တဲ့ Multi-point Pairing စွမ်းရည်ထည့်သွင်းထားပြီး 55ms Low Latency Mode ကြောင့် အသံနောက်ကျတာတွေ မဖြစ်တော့ပါဘူး။

vivo TWS 3e: ANC and up to 44 hours of battery life for $25 | Gagadget.com

vivo TWS 3e အတွက် Dark Blue နဲ့ White အရောင်တွေ ထုတ်လုပ်ထားပြီး တရုတ်မှာ ယွမ် ၁၈၀ ( ၂၅ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၈၅,၀၀၀ ဝန်းကျင်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ တရုတ်မှာ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ စတင် ရောင်းချမှာ ဖြစ်ပါတယ်။

စမတ်ဖုန်း ကုမ္ပဏီတွေဟာ ကြိုးမဲ့နားကြပ်ဈေးကွက်မှာလည်း ပြိုင်ဆိုင်မှု ပြင်းထန်နေကြပါတယ်။ အဲဒီအထဲမှာ vivo TWS 3e က တန်ဖိုးနည်း ကြိုးမဲ့နားကြပ် လိုချင်သူတွေအတွက် ရွေးချယ်စရာ တစ်ခု ဖြစ်ပါတယ်။

Ref : gsmarena