Zawgyi

Vivo U3 ကို လြန္ခဲ့တဲ့ရက္အနည္းငယ္ကမွ ကုမၸဏီရဲ႕ Weibo စာမ်က္ႏွာေပၚမွာ Tease လုပ္ခဲ့တာျဖစ္ၿပီး ေအာက္တုိဘာ ၂၁ ရက္ေန႔မွာေတာ့ တရားဝင္ထြက္ရွိလာခဲ့ပါၿပီ။

သူ႕မွာ 6.53” လက္မအရြယ္ FHD+ Display တစ္ခုပါဝင္ၿပီး Notch ထဲမွာေတာ့ 16MP ဆယ္လ္ဖီကင္မရာတစ္လုံး နဲ႔ပါ။ ေနာက္ဘက္မွာေတာ့ Fingerprint Reader တစ္ခုနဲ႔အတူ Triple-camera ပါဝင္ပါတယ္။ အဓိက Sensor က 16MP ျဖစ္ၿပီး 8MP Ultrawide + 2MP Macro ကင္မရာတုိ႔နဲ႔ တြဲဖက္ထားပါတယ္။

Vivo U3 ရဲ႕အတြင္းမွာ Snapdragon 675 ခ်စ္ပ္ဆက္ကိုအသုံးျပဳထားတယ္။ မန္မုိရီကေတာ့ 6GB RAM ထိ ေရြးခ်ယ္ႏုိင္ၿပီး Storage က 64GB ပါ။ စက္ႏွင္စနစ္က Android Pie ကိုအေျခခံထားတဲ့ Funtouch OS 9 ျဖစ္ပါတယ္။ သူ႕မွာ Multi-Turbo, Game Space နဲ႔ Vivo ရဲ႕ကိုယ္ပုိင္ AI Assistant စနစ္ျဖစ္တဲ့ Jovi တုိ႔လို Feature ေတြ ပါဝင္ပါတယ္။

Vivo U3 ရဲ႕အားသာခ်က္တစ္ခုက 5,000 mAh ေတာင္ရွိတဲ့ ဘကၳရီႀကီးျဖစ္ၿပီး 18W အားအျမန္သြင္းစနစ္လည္း ထည့္သြင္းထားတယ္။ ဒါေပမယ့္ MicroUSB Port နဲ႔သာျဖစ္ပါတယ္။ ေလာေလာဆယ္မွာ Black, Blue နဲ႔ Porcelain Green ကာလာသုံးမ်ဳိးနဲ႔ထြက္လာၿပီး အေျခခံ 4/64GB ဗားရွင္းကို တရုတ္ယြမ္ ၉၉၉ (ျမန္မာေငြ ႏွစ္သိန္းတစ္ေသာင္းဝန္းက်င္) နဲ႔ 6/64GB ဗားရွင္းကေတာ့ ယြမ္ ၁၁၉၉ (ျမန္မာေငြ ႏွစ္သိန္းေျခာက္ေသာင္းခန္႔) က်သင့္ပါတယ္။

Ref – GSM Arena

Unicode

Vivo U3 ကို လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ ကုမ္ပဏီရဲ့ Weibo စာမျက်နှာပေါ်မှာ Tease လုပ်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်နေ့မှာတော့ တရားဝင်ထွက်ရှိလာခဲ့ပါပြီ။

သူ့မှာ 6.53” လက်မအရွယ် FHD+ Display တစ်ခုပါဝင်ပြီး Notch ထဲမှာတော့ 16MP ဆယ်လ်ဖီကင်မရာတစ်လုံး နဲ့ပါ။ နောက်ဘက်မှာတော့ Fingerprint Reader တစ်ခုနဲ့အတူ Triple-camera ပါဝင်ပါတယ်။ အဓိက Sensor က 16MP ဖြစ်ပြီး 8MP Ultrawide နဲ့ 2MP Macro ကင်မရာတို့နဲ့ တွဲဖက်ထားပါတယ်။

Vivo U3 ရဲ့အတွင်းမှာ Snapdragon 675 ချစ်ပ်ဆက်ကိုအသုံးပြုထားတယ်။ မန်မိုရီကတော့ 6GB RAM ထိ ရွေးချယ်နိုင်ပြီး Storage က 64GB ပါ။ စက်နှင်စနစ်က Android Pie ကိုအခြေခံထားတဲ့ Funtouch OS 9 ဖြစ်ပါတယ်။ သူ့မှာ Multi-Turbo, Game Space နဲ့ Vivo ရဲ့ကိုယ်ပိုင် AI Assistant စနစ်ဖြစ်တဲ့ Jovi တို့လို Feature တွေ ပါဝင်ပါတယ်။

Vivo U3 ရဲ့အားသာချက်တစ်ခုက 5,000 mAh တောင်ရှိတဲ့ ဘက္ထရီကြီးဖြစ်ပြီး 18W အားအမြန်သွင်းစနစ်လည်း ထည့်သွင်းထားတယ်။ ဒါပေမယ့် MicroUSB Port နဲ့သာဖြစ်ပါတယ်။ လောလောဆယ်မှာ Black, Blue နဲ့ Porcelain Green ကာလာသုံးမျိုးနဲ့ထွက်လာပြီး အခြေခံ 4/64GB ဗားရှင်းကို တရုတ်ယွမ် ၉၉၉ (မြန်မာငွေ နှစ်သိန်းတစ်သောင်းဝန်းကျင်) နဲ့ 6/64GB ဗားရှင်းကတော့ ယွမ် ၁၁၉၉ (မြန်မာငွေ နှစ်သိန်းခြောက်သောင်းခန့်) ကျသင့်ပါတယ်။

Ref – GSM Arena