Zawgyi

Vivo V11 ဆိုတာ မၾကာေသးမီကမွ ျမန္မာႏိုင္ငံ ေစ်းကြက္ထဲကို ဝင္ေရာက္ခဲ့တဲ့ စမတ္ဖုန္း တစ္လုံးျဖစ္ပါတယ္။ V11 ဟာ In-Display Fingerprint နည္းပညာ အသုံးျပဳ Mid-Range စမတ္ဖုန္း တစ္လုံးျဖစ္တာေၾကာင့္ လက္ရွိ စမတ္ဖုန္း ေစ်းကြက္ထဲမွာ ဆိုရင္လည္း လူႀကိဳက္မ်ားၿပီး ေရပန္းစားလ်က္ ရွိပါတယ္။ V11 မွာ ပါဝင္လာတဲ့ နည္းပညာ အသစ္အဆန္းေတြထဲမွာ In-Display Fingerprint Scanner သာမက Halo FullView Display, Dual Engine Fast Charging, Jovi – AI Assistant နဲ႔ AI Camera လုပ္ေဆာင္ခ်က္မ်ားလည္း ပါဝင္ပါေသးတယ္။ ဒီေဆာင္းပါးေလးမွာ အဓိကထားၿပီး ေျပာျပသြားမယ့္ အေၾကာင္းအရာကေတာ့ Vivo V11 မွာ ပါဝင္လာတဲ့ AI Camera လုပ္ေဆာင္ခ်က္မ်ား ျဖစ္ပါတယ္။

Vivo V11 ရဲ႕ ေနာက္ေက်ာဘက္ ကင္မရာ အပိုင္းအတြက္ Dual Pixel Phase Detection Auto Focus ပါတဲ့ Aperture f/1.8 အက်ယ္ရွိ 12MP Camera Sensor နဲ႔ Aperture f/2.4 အက်ယ္ရွိ 5MP Camera Sensor ေတြကို ေဒါင္လိုက္ တပ္ဆင္ထားပါတယ္။ အဆိုပါ ကင္မရာေတြကို AI က Support ေပးထားတဲ့အတြက္ AI Backlight HDR, AI Low Light Mode, AI Scene Recognition နဲ႔ AI Portrait Framing စတဲ့ AI Features ေတြကို အသုံးျပဳႏိုင္မွာပါ။

AI Backlight HDR ဆိုတာက အလင္းေရာင္ကို မ်က္ႏွာခ်င္းဆိုင္ၿပီး ဓာတ္ပုံ႐ိုက္တဲ့အခါမွာ ျဖစ္တတ္တဲ့ ျပႆနာေတြကို ေျဖရွင္းေပးထားတဲ့ Feature ပါ။ Backlight HDR မပါတဲ့ ဖုန္းနဲ႔ ေနအလင္းေရာင္ ရွိတဲ့ဘက္ ဒါမွမဟုတ္ မီးအလင္းေရာင္ ရွိတဲ့ဘက္ကို မ်က္ႏွာမူၿပီး ဓာတ္ပုံ႐ိုက္မယ္ဆိုရင္ ေနာက္က Background သာျမင္ေတြ႕ရၿပီး ေရွ႕က Object က မဲေနတတ္ပါတယ္။ V11 မွာက AI Backlight HDR Feature ပါတဲ့အတြက္ ေနာက္က Background ကိုလည္း ပိုလင္းလာေအာင္၊ ေရွ႕က Object ကိုလည္း ပိုၿပီး သိသာထင္ရွားလာေအာင္ ျပဳလုပ္ေပးႏိုင္မွာ ျဖစ္ပါတယ္။

AI Low Light Mode (Night Mode) ဆိုတာက ညဘက္လိုမ်ိဴး အလင္းေရာင္နည္းတဲ့ အခ်ိန္ေတြမွာ အရည္အေသြးေကာင္းတဲ့ ဓာတ္ပုံေတြကို ႐ိုက္ကူးႏိုင္ဖို႔အတြက္ ထည့္သြင္းေပးထားတဲ့ Feature ပါ။ V11 မွာပါတဲ့ AI Low Light Mode နည္းပညာဟာ Camera Button ကို တစ္ခ်က္ႏွိပ္လိုက္တဲ့အခ်ိန္မွာ ဓာတ္ပုံ ၆ပုံကို တၿပိဳင္တည္း ႐ိုက္ကူးလိုက္ၿပီး၊ အဆိုပါ ဓာတ္ပုံ ၆ပုံကို AI အကူအညီနဲ႔ အရည္အေသြးေကာင္းတဲ့ ဓာတ္ပုံ ၁ပုံရဖို႔အတြက္ ျပန္လည္ေပါင္းစည္းေပးတာ ျဖစ္ပါတယ္။ ဒီေတာ့ သာမန္ Mode နဲ႔႐ိုက္ထားတဲ့ ဓာတ္ပုံေတြနဲ႔ ယွဥ္မယ္ဆိုရင္ AI Low Light Mode ပါတဲ့ ဓာတ္ပုံေတြက ပိုၿပီး သဘာဝက် လွပေနမွာပါ။

AI Scence Recognition ဆိုတာက Object ေတြကို ဓာတ္ပုံ႐ိုက္တဲ့အခါမွာ Object နဲ႔လိုက္ဖက္မယ့္ ဒီဇိုင္း၊ ကာလာေတြကို အလိုအေလ်ာက္ ခ်ိန္ညႇိေပးမယ့္ Feature ပါ။ V11 ရဲ႕ ကင္မရာေတြမွာ လူတစ္ေယာက္လိုမ်ိဴး အသိဥာဏ္ရွိတဲ့ ဥာဏ္ရည္တု နည္းပညာ ထည့္သြင္းထားတဲ့အတြက္ ကင္မရာက ပန္းေလးေတြကို ဓာတ္ပုံ ႐ိုက္ေတာ့မယ္ဆိုရင္ ပန္းနဲ႔ လိုက္ဖက္မယ့္ ဒီဇိုင္း ကာလာေတြကို အလိုအေလ်ာက္ ခ်ိန္ေပးသြားတာမ်ိဴး၊ စားစရာေတြကို ဓာတ္ပုံ႐ိုက္ေတာ့မယ္ဆိုရင္ အစားအစာနဲ႔ လိုက္ဖက္မယ့္ ဒီဇိုင္း ကာလာေတြကို အလိုအေလ်ာက္ ခ်ိန္ေပးသြားတာမ်ိဴးေတြကို AI က ေထာက္ပံ့ေပးမွာ ျဖစ္ပါတယ္။ ဒီေတာ့ ဆြဲေဆာင္မႈရွိတဲ့ ဓာတ္ပုံေတြ ရဖို႔အတြက္ Third-Party Photo Editor Application ေတြကို အသုံးျပဳဖို႔ မလိုအပ္ေတာ့ပါဘူး။

AI Portrait Framing ဆိုတာကေတာ့ ဓာတ္ပုံ႐ိုက္တဲ့အခါမွာ ပိုမိုေကာင္းမြန္တဲ့ Frame ေတြရဖို႔အတြက္ AI က ေထာက္ပံ့ေပးထားတဲ့ Feature ပါ။ ကိုယ္က ဓာတ္ပုံ႐ိုက္ မကြၽမ္းက်င္တဲ့အခ်ိန္၊ Portrait ပုံေကာင္း တစ္ပုံရဖို႔ ဘယ္လို႐ိုက္ရမွန္း မသိတဲ့အခါမ်ိဴးေတြမွာ AI က ကိုယ့္ကို သင္ျပေပးမယ့္ Feature လို႔ ေျပာမယ္ဆိုရင္လည္း မမွားပါဘူး။ ဥပမာ – ကိုယ္က Portrait ပုံ႐ိုက္ဖို႔အတြက္ ျမင္ကြင္းတစ္ခုကို ခ်ိန္လိုက္ၿပီ ဆိုပါစို႔။ အဆိုပါ ျမင္ကြင္းထဲက Object က ရွိသင့္တဲ့ ေနရာမွာ မရွိဘဲ၊ မေရာက္သင့္ ေနရာကို ေရာက္ေနတယ္ဆိုရင္ Screen ေပၚမွာ ျမႇားတန္းေလး တစ္ခုေပၚလာပါလိမ့္မယ္။ အဲ့ဒီ ျမႇားတန္းေလးအတိုင္း ဖုန္းကင္မရာကို လိုက္ေ႐ြ႕လိုက္မယ္ဆိုရင္ အဝါေရာင္ စက္ဝိုင္းေလးနဲ႔ ထပ္တူက်သြားတဲ့အခါ ကင္မရာက အလိုအေလ်ာက္ ဓာတ္ပုံ႐ိုက္သြားပါလိမ့္မယ္။ ဒီေတာ့ AI Portrait Framing ရဲ႕ လမ္းၫႊန္ျပသမႈေတြေၾကာင့္ ပိုမိုေကာင္းမြန္တဲ့ Frame ေတြနဲ႔ ဓာတ္ပုံေတြကို ပိုင္ဆိုင္ႏိုင္မွာပါ။ AI Portrait Framing Feature ကို အသုံးျပဳဖို႔အတြက္ Camera Setting ထဲက AI Portrait Framing ကို ဖြင့္ေပးဖို႔ လိုပါတယ္။

Vivo V11 ရဲ႕ Selfie Camera အတြက္ Aperture f/2.0 အက်ယ္ရွိ 25MP Camera Sensor ကို တပ္ဆင္ထားပါတယ္။ Selfie Camera ကိုလည္း AI က Support ေပးထားတဲ့အတြက္ AI Face Beauty နဲ႔ AI Selfie Lighting features ေတြကို အသုံးျပဳႏိုင္မွာပါ။ AI Face Beauty က မ်က္လုံး၊ ႏွာေခါင္း၊ ပါးစပ္နဲ႔ ေမးေစ့ေတြကို စိတ္ႀကိဳက္ျပဳျပင္ႏိုင္မယ့္ feature ျဖစ္ၿပီး AI Selfie Lighting ကေတာ့ ကိုယ့္မ်က္ႏွာကို ထင္ရွားေပၚလြင္ေစဖို႔အတြက္ Lighting အမ်ိဴးမ်ိဴး ေပးတာတို႔၊ Background အေရာင္ေျပာင္းတာတို႔ လုပ္လို႔ရတဲ့ feature ျဖစ္ပါတယ္။

အထက္ပါ အေၾကာင္းအရာေတြကေတာ့ Vivo V11 မွာ တပ္ဆင္ထားတဲ့ AI Camera ေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြ ျဖစ္ပါတယ္။ အဆိုပါ Features ေတြဟာ AI Features ေတြျဖစ္တဲ့အတြက္ ဓာတ္ပုံ႐ိုက္တဲ့အခါမွာ Object နဲ႔လိုက္ဖက္မယ့္ Mode ကို ကိုယ္က သီးသန္႔ခ်ိန္ညႇိေပးစရာ လိုအပ္မွာ မဟုတ္ဘဲ AI က အလိုအေလ်ာက္ ခ်ိန္ညႇိေပးသြားမွာ ျဖစ္ပါတယ္။

 

Unicode

Vivo V11 မှာ ပါတဲ့ AI Camera လုပ်ဆောင်ချက်များ

Vivo V11 ဆိုတာ မကြာသေးမီကမှ မြန်မာနိုင်ငံ စျေးကွက်ထဲကို ဝင်ရောက်ခဲ့တဲ့ စမတ်ဖုန်း တစ်လုံးဖြစ်ပါတယ်။ V11 ဟာ In-Display Fingerprint နည်းပညာ အသုံးပြု Mid-Range စမတ်ဖုန်း တစ်လုံးဖြစ်တာကြောင့် လက်ရှိ စမတ်ဖုန်း စျေးကွက်ထဲမှာ ဆိုရင်လည်း လူကြိုက်များပြီး ရေပန်းစားလျက် ရှိပါတယ်။ V11 မှာ ပါဝင်လာတဲ့ နည်းပညာ အသစ်အဆန်းတွေထဲမှာ In-Display Fingerprint Scanner သာမက Halo FullView Display, Dual Engine Fast Charging, Jovi – AI Assistant နဲ့ AI Camera လုပ်ဆောင်ချက်များလည်း ပါဝင်ပါသေးတယ်။ ဒီဆောင်းပါးလေးမှာ အဓိကထားပြီး ပြောပြသွားမယ့် အကြောင်းအရာကတော့ Vivo V11 မှာ ပါဝင်လာတဲ့ AI Camera လုပ်ဆောင်ချက်များ ဖြစ်ပါတယ်။

Vivo V11 ရဲ့ နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် Dual Pixel Phase Detection Auto Focus ပါတဲ့ Aperture f/1.8 အကျယ်ရှိ 12MP Camera Sensor နဲ့ Aperture f/2.4 အကျယ်ရှိ 5MP Camera Sensor တွေကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ အဆိုပါ ကင်မရာတွေကို AI က Support ပေးထားတဲ့အတွက် AI Backlight HDR, AI Low Light Mode, AI Scene Recognition နဲ့ AI Portrait Framing စတဲ့ AI Features တွေကို အသုံးပြုနိုင်မှာပါ။

AI Backlight HDR ဆိုတာက အလင်းရောင်ကို မျက်နှာချင်းဆိုင်ပြီး ဓာတ်ပုံရိုက်တဲ့အခါမှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးထားတဲ့ Feature ပါ။ Backlight HDR မပါတဲ့ ဖုန်းနဲ့ နေအလင်းရောင် ရှိတဲ့ဘက် ဒါမှမဟုတ် မီးအလင်းရောင် ရှိတဲ့ဘက်ကို မျက်နှာမူပြီး ဓာတ်ပုံရိုက်မယ်ဆိုရင် နောက်က Background သာမြင်တွေ့ရပြီး ရှေ့က Object က မဲနေတတ်ပါတယ်။ V11 မှာက AI Backlight HDR feature ပါတဲ့အတွက် နောက်က Background ကိုလည်း ပိုလင်းလာအောင်၊ ရှေ့က Object ကိုလည်း ပိုပြီး သိသာထင်ရှားလာအောင် ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

AI Low Light Mode (Night Mode) ဆိုတာက ညဘက်လိုမျိူး အလင်းရောင်နည်းတဲ့ အချိန်တွေမှာ အရည်အသွေးကောင်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ဖို့အတွက် ထည့်သွင်းပေးထားတဲ့ Feature ပါ။ V11 မှာပါတဲ့ AI Low Light Mode နည်းပညာဟာ Camera Button ကို တစ်ချက်နှိပ်လိုက်တဲ့အချိန်မှာ ဓာတ်ပုံ ၆ပုံကို တပြိုင်တည်း ရိုက်ကူးလိုက်ပြီး၊ အဆိုပါ ဓာတ်ပုံ ၆ပုံကို AI အကူအညီနဲ့ အရည်အသွေးကောင်းတဲ့ ဓာတ်ပုံ ၁ပုံရဖို့အတွက် ပြန်လည်ပေါင်းစည်းပေးတာ ဖြစ်ပါတယ်။ ဒီတော့ သာမန် Mode နဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ ယှဥ်မယ်ဆိုရင် AI Low Light Mode ပါတဲ့ ဓာတ်ပုံတွေက ပိုပြီး သဘာဝကျ လှပနေမှာပါ။

AI Scence Recognition ဆိုတာက Object တွေကို ဓာတ်ပုံရိုက်တဲ့အခါမှာ Object နဲ့လိုက်ဖက်မယ့် ဒီဇိုင်း၊ ကာလာတွေကို အလိုအလျောက် ချိန်ညှိပေးမယ့် Feature ပါ။ V11 ရဲ့ ကင်မရာတွေမှာ လူတစ်ယောက်လိုမျိူး အသိဥာဏ်ရှိတဲ့ ဥာဏ်ရည်တု နည်းပညာ ထည့်သွင်းထားတဲ့အတွက် ကင်မရာက ပန်းလေးတွေကို ဓာတ်ပုံ ရိုက်တော့မယ်ဆိုရင် ပန်းနဲ့ လိုက်ဖက်မယ့် ဒီဇိုင်း ကာလာတွေကို အလိုအလျောက် ချိန်ပေးသွားတာမျိူး၊ စားစရာတွေကို ဓာတ်ပုံရိုက်တော့မယ်ဆိုရင် အစားအစာနဲ့ လိုက်ဖက်မယ့် ဒီဇိုင်း ကာလာတွေကို အလိုအလျောက် ချိန်ပေးသွားတာမျိူးတွေကို AI က ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဒီတော့ ဆွဲဆောင်မှုရှိတဲ့ ဓာတ်ပုံတွေ ရဖို့အတွက် Third-party Photo Editor Application တွေကို အသုံးပြုဖို့ မလိုအပ်တော့ပါဘူး။

AI Portrait Framing ဆိုတာကတော့ ဓာတ်ပုံရိုက်တဲ့အခါမှာ ပိုမိုကောင်းမွန်တဲ့ Frame တွေရဖို့အတွက် AI က ထောက်ပံ့ပေးထားတဲ့ Feature ပါ။ ကိုယ်က ဓာတ်ပုံရိုက် မကျွမ်းကျင်တဲ့အချိန်၊ Portrait ပုံကောင်း တစ်ပုံရဖို့ ဘယ်လိုရိုက်ရမှန်း မသိတဲ့အခါမျိူးတွေမှာ AI က ကိုယ့်ကို သင်ပြပေးမယ့် Feature လို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ ဥပမာ – ကိုယ်က Portrait ပုံရိုက်ဖို့အတွက် မြင်ကွင်းတစ်ခုကို ချိန်လိုက်ပြီ ဆိုပါစို့။ အဆိုပါ မြင်ကွင်းထဲက Object က ရှိသင့်တဲ့ နေရာမှာ မရှိဘဲ၊ မရောက်သင့် နေရာကို ရောက်နေတယ်ဆိုရင် Screen ပေါ်မှာ မြှားတန်းလေး တစ်ခုပေါ်လာပါလိမ့်မယ်။ အဲ့ဒီ မြှားတန်းလေးအတိုင်း ဖုန်းကင်မရာကို လိုက်ရွေ့လိုက်မယ်ဆိုရင် အဝါရောင် စက်ဝိုင်းလေးနဲ့ ထပ်တူကျသွားတဲ့အခါ ကင်မရာက အလိုအလျောက် ဓာတ်ပုံရိုက်သွားပါလိမ့်မယ်။ ဒီတော့ AI Portrait Framing ရဲ့ လမ်းညွှန်ပြသမှုတွေကြောင့် ပိုမိုကောင်းမွန်တဲ့ Frame တွေနဲ့ ဓာတ်ပုံတွေကို ပိုင်ဆိုင်နိုင်မှာပါ။ AI Portrait Framing feature ကို အသုံးပြုဖို့အတွက် Camera Setting ထဲက AI Portrait Framing ကို ဖွင့်ပေးဖို့ လိုပါတယ်။

Vivo V11 ရဲ့ Selfie Camera အတွက် Aperture f/2.0 အကျယ်ရှိ 25MP Camera Sensor ကို တပ်ဆင်ထားပါတယ်။ Selfie Camera ကိုလည်း AI က Support ပေးထားတဲ့အတွက် AI Face Beauty နဲ့ AI Selfie Lighting features တွေကို အသုံးပြုနိုင်မှာပါ။ AI Face Beauty က မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နဲ့ မေးစေ့တွေကို စိတ်ကြိုက်ပြုပြင်နိုင်မယ့် feature ဖြစ်ပြီး AI Selfie Lighting ကတော့ ကိုယ့်မျက်နှာကို ထင်ရှားပေါ်လွင်စေဖို့အတွက် Lighting အမျိူးမျိူး ပေးတာတို့၊ Background အရောင်ပြောင်းတာတို့ လုပ်လို့ရတဲ့ feature ဖြစ်ပါတယ်။

အထက်ပါ အကြောင်းအရာတွေကတော့ Vivo V11 မှာ တပ်ဆင်ထားတဲ့ AI Camera တွေရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။ အဆိုပါ Features တွေဟာ AI Features တွေဖြစ်တဲ့အတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ Object နဲ့လိုက်ဖက်မယ့် Mode ကို ကိုယ်က သီးသန့်ချိန်ညှိပေးစရာ လိုအပ်မှာ မဟုတ်ဘဲ AI က အလိုအလျောက် ချိန်ညှိပေးသွားမှာ ဖြစ်ပါတယ်။