Zawgyi
Security
Camera
Display
Performance
Battery
Unicode
Vivo V11 အား ပြန်လည်သုံးသပ်ကြည့်ခြင်း
Vivo Myanmar အနေနဲ့ Vivo V11 နဲ့ V11i စမတ်ဖုန်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ရက်နေ့က ရန်ကုန်မြို့မှာ တရားဝင် မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ Vivo V11 ဟာ In-display Fingerprint နည်းပညာလို့ ခေါ်တဲ့ မှန်မျက်နှာပြင်အောက် လက်ဗွေစနစ်ပါဝင်တဲ့ စမတ်ဖုန်း တစ်လုံးဖြစ်သလို Halo FullView Display , Dual Engine Fast Charging နဲ့ Snapdragon 660 AIE စတဲ့ နည်းပညာ အသစ်အဆန်းများ ပါဝင်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဒါ့ကြောင့် Vivo V11 နဲ့ ပတ်သတ်ပြီး ကျွန်တော့ရဲ့ အမြင်လေးတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။
Security
Vivo V11 မှာ အသုံးပြုထားတဲ့ In-display Fingerprint Sensor ဟာ Synaptics ရဲ့ Clear ID (FS9500) နည်းပညာ ဖြစ်ပါတယ်။ Clear ID (FS9500) က LCD Display တွေမှာ အလုပ် မလုပ်ဘဲ OLED Display တွေမှာသာ အလုပ်လုပ်ပါတယ်။ Qualcomm ရဲ့ In-display Fingerprint နည်းပညာက LCD Display တွေမှာ အလုပ်လုပ်နိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ Vivo အနေနဲ့ အဆိုပါနည်းပညာ ပါဝင်တဲ့ ပထမဆုံးဖုန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကျင်းပခဲ့တဲ့ CES 2018 မှာ ထုတ်ပြခဲ့ပါတယ်။ အဲ့ဒီနောက် Vivo X20 Plus UD, Vivo NEX တို့လို Flagship စမတ်ဖုန်းတွေမှာ In-display Fingerprint နည်းပညာကို ထည့်သွင်း အသုံးပြုခဲ့ပြီး၊ အခု Mid-range စမတ်ဖုန်း ဖြစ်တဲ့ Vivo V11 မှာပါ စတင် အသုံးပြုလာတာ ဖြစ်ပါတယ်။ V11 မှာ ထည့်သွင်းတပ်ဆင်ထားတဲ့ In-display Fingerprint Sensor က နောက်ကျောဘက်မှာ တပ်ဆင်ထားတဲ့ ရိုးရိုး Fingerprint တွေထက် မသိမသာလေး နှေးပါတယ်။ ဒါပေမယ့်လည်း In-display Fingerprint Sensor က ရိုးရိုး Fingerprint Sensor တွေထက် သုံးရတာ ပိုအဆင်ပြေပါတယ်။
Vivo V11 မှာ In-display Fingerprint Sensor အပြင် Face Unlock စနစ်ကိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Face Unlock က တော်တော်လေး မြန်ပြီး၊ Infrared Sensor ပါတဲ့အတွက် ညဘက်လိုမျိူး အလင်းရောင်နည်းတဲ့ အချိန်တွေမှာတောင် ကောင်းကောင်း သုံးနိုင်တာကို တွေ့ရပါတယ်။ ဒါ့ပေမယ့်လည်း Face Unlock က Fingerprint Sensor လောက်တော့ Secure ဖြစ်မှာ မဟုတ်ပါဘူး။
Camera
Vivo V11 ရဲ့ နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် 12MP+5MP Camera တွေကို နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 25MP Camera ကို တပ်ဆင်ထားပါတယ်။ နောက်ကျောဘက် ကင်မရာက 4K Video တွေရိုက်ကူးနိုင်ပေမယ့် Electronic Image Stabilization (EIS) တော့ ပါဝင်မှာ မဟုတ်ပါဘူး။ ရှေ့ဘက် ကင်မရာမှာတော့ 1080p Video တွေဘဲ ရိုက်ကူးနိုင်မှာပါ။ Camera Quality ကတော့ အရင်မျိူးဆက် V9 ထက် အများကြီး တိုးတက်ပြောင်းလဲလာတာကို တွေ့ရပါတယ်။ Color Accuracy တွေက ပိုမိုကောင်းမွန်လာတယ်။ အရမ်းကြီး Over Saturation ဖြစ်နေတာမျိူး မတွေ့ရဘူး။ Night Mode တွေမှာတော့ တချိူ့နေရာတွေမှာ Noise လေးအနည်းငယ် ရှိနေတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း Mid-range စမတ်ဖုန်း တစ်လုံးအနေနဲ့ ကြည့်မယ်ဆိုရင် တော်တော်လေး ကောင်းမွန်တယ်လို့ ပြောရမှာပါ။
Display
V11 ရဲ့ Display အပိုင်းအတွက် ၆.၄၁ လက်မ အရွယ်အစားရှိ Super AMOLED Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2340 pixels ရှိပါတယ်။ AMOLED Display ဖြစ်တဲ့အတွက် V11 ရဲ့ အရင်မျိူးဆက် Vivo V9 မှာ အသုံးပြုခဲ့တဲ့ LCD Display နဲ့ယှဥ်မယ်ဆိုရင် Power Consumption တွေပိုနည်းလာတယ်၊ Color reproduction တွေ ပိုကောင်းလာတယ်။ ဒါ့အပြင် V11 ရဲ့ Display Notch က Camera Sensor တစ်လုံးစာဘဲ နေရာယူထားတဲ့အတွက် Screen-to-body ratio ကလည်း 91.27% အထိ ရှိလာတာ တွေ့ရပါတယ်။ ဒါ့ကြောင့် Video တွေကြည့်၊ Game တွေကစားတဲ့အခါမျိူးတွေမှာ Notch က Object အနည်းငယ်ကိုပဲ ဖုံးနေမှာ ဖြစ်တဲ့အတွက် Halo FullView လို့ခေါ်တဲ့ Display လေးကို သဘောကျမိပါတယ်
Performance
Processor အပိုင်းအတွက် Artificial Intelligence Engine ပေါင်းထည့်ထားတဲ့ Qualcomm ရဲ့ Snapdragon 660 AIE ကို အသုံးပြုထားပါတယ်။ RAM အနေနဲ့ 6GB ပါဝင်ပြီး Memory Storage ကိုတော့ 128GB ထည့်သွင်းပေးထားပါတယ်။ V11 မှာ အသုံးပြုထားတဲ့ Snapdragon 660 SoC ကို Geekbench 4 မှာ Benchmark စစ်ကြည့်တဲ့အခါ Singel Cores မှာ ၁၄၅၀ နဲ့ Multi Cores မှာ ၅၅၁၆ ရပါတယ်။ Asphalt 9 ကို ကောင်းကောင်းမွန်မွန် ဆော့လို့ရပြီး PUBG မှာတော့ Graphic Setting ကို Medium နဲ့ဘဲ ချိန်ပေးထားတာ တွေ့ရပါတယ်။ High Setting ပြောင်းဆော့လို့ ရပေမယ့် တခါတလေမှာ Frame rate ကျတာမျိူးလေးတွေ ဖြစ်တတ်ပါတယ်။ ၅သိန်းခွဲ ပေးရမယ့် ဖုန်းတစ်လုံးအနေနဲ့ Performance အပိုင်းကို သိပ်ပြီး အားမရပေမယ့် In-display Fingerprint လိုမျိူး နည်းပညာအသစ်အဆန်းကို အသုံးပြုချင်သူတွေအတွက်တော့ ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးပါ။
Battery
ဘက်ထရီသိုလှောင်မှု ပမာဏအနေနဲ့ 3400mAh ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် Dual Engine Fast Charging လို့ခေါ်တဲ့ အမြန်အားသွင်းစနစ်လည်း ပါဝင်ဦးမှာပါ။ V11 ရဲ့ အမြန်အားသွင်းစနစ်ကို ကျွန်တော်စမ်းကြည့်တဲ့အခါမှာ 0 to 100 အားအပြည်သွင်းဖို့အတွက် အချိန် ၁နာရီ ၄၅မိနစ် ဝန်းကျင် လိုအပ်တာကို တွေ့ရပါတယ်။
အထက်ပါ အကြောင်းအရာတွေကတော့ Vivo V11 နဲ့ ပတ်သတ်ပြီး ကျွန်တော့ရဲ့ အမြင်လေးတွေကို ပြန်လည်မျှဝေပေးထားတာ ဖြစ်ပါတယ်။ Vivo V11 ရဲ့ တန်ဖိုးကတော့ ၅၅၉,၀၀၀ ကျပ်ဖြစ်ပြီး အမြို့မြို့အနယ်ရှိ Vivo Showroom နဲ့ Vivo အရောင်းကောင်တာတွေမှာ ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။