[Zawgyi]





[Unicode]

တရားဝင်မိတ်မဆက်ခင်မှာ Vivo V17 Pro အချက်အလက်တချို့ ကြိုတင်ထွက်ရှိလာ

Vivo V17 Pro နဲ့ ပတ်သက်ပြီး အွန်လိုင်းမှာ အသေးစိတ် သတင်းအချက်အလက်တွေ ကြိုတင်ထွက်ရှိလာခဲ့ပါတယ်။ ကောလဟာ လတွေအရ ဘက်ထရီအနေနဲ့ကတော့ 4100 mAh ရှိတယ်လို့ဆိုပါတယ်။

အသစ်ထွက်လာမယ့် V17 Pro ရဲ့ CPU ကို မသိရသေးပေမယ့် internal storage အနေနဲ့ 8GB RAM နဲ့ 128GB ROM အသုံးပြုထားတယ်လို့တော့ သိရပါတယ်။ Display ပိုင်းမှာလည်း သီးသန့် တီထွင် အသုံးပြုထားတဲ့ New Super AMOLED Display ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ဖုန်းရဲ့ Display panel တွေဟာကောင်းမွန်တာကြောင့် မတော်တဆ ထိခိုက်ပွန်းပဲ့မှုတွေလောက်တော့ ဒဏ်ခံနိုင်မှာ ဖြစ်ပါတယ်။ Display ပိုင်းမှာ အားသာအောင် အသုံးပြုထားသလို ဘက်ထရီ အားကုန်မြန်တဲ့ ပြဿနာတွေအတွက်လည်း 4100 mAh နဲ့ အမြန်အားသွင်းစနစ် (Dual Engine Fast Charging) ပါဝင်မယ်လို့ သိရပါတယ်။

V17 Pro ရဲ့ Game Mode အတွက် Multi-Turbo ကိုအသုံးပြုထားပြီး ဒီ Multi-Turbo က AI Turbo, Center Turbo, Game Turbo, Net Turbo နဲ့ Cooling Turbo ကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ အခု V17 Pro မှာ အသုံးပြုထားတဲ့ Multi-Turbo ကို Vivo NEX မှာလည်း ထည့်သွင်းထားပြီး Vivo NEX ကို Vivo က Title Sponsor အဖြစ် ကူညီပံ့ပိုးပေးထားတဲ့ PUBG MOBILE Club Open 2019 မှာ ခင်းကျင်းပြသခဲ့ပါတယ်။ အခု V17 Pro မှာလည်း Multi-Turbo ထည့်သွင်းထားတဲ့ Ultra Game Mode ပါဝင်လာပြီဆိုတော့ Game ကစားတဲ့သူတွေအတွက်တော့ V17 Pro က ရွေးချယ်စရာ အကောင်းဆုံး ဖုန်းတစ်လုံး ဖြစ်လာမှာ အသေအချာပါပဲ။

Vivo V17 Pro ရဲ့ ဈေးနှုန်းကိုတော့ တရားဝင်ကြေညာထားတာမရှိသေးပါဘူး။ သို့သော်လည်း ဒီဟန်းဆက်ကို အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ Bigg Boss Relaity Show မှာတော့ အစမ်းပြသခဲ့တာ ရှိပါတယ်။ မကြာမီ အိန္ဒိယနိုင်ငံမှာလည်း စတင်ဖြန့်ဖြူးဖို့ရှိနေပါပြီ။ မြန်မာနိုင်ငံမှာလည်း ဘယ်တော့ လာမလဲ။ ဈေးနှုန်းကရောဘယ်လောက်ဖြစ်မလဲဆိုတာကတော့ ရင်ခုန်စရာပါပဲ။