လွန်ခဲ့တဲ့ ရက်သတ္တပတ်တုန်းက Vivo V20 Pro ကို ထိုင်းနိုင်ငံမှာကြေညာခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက Vivo V20 ကိုလည်း အတူတွဲပြီးဖော်ပြခဲ့ပေမယ့် အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ပြန်ခြင်း မပြုခဲ့ပါဘူး။ အခုတော့ V20 ရဲ့ အသေးစိတ်အချက်အလက်နဲ့ ဈေးနှုန်းလည်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

Vivo V20 ဟာ 6.44-inch 2400 x 1080 FHD+ AMOLED မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ Pro မော်ဒယ်နဲ့ မတူတာကတော့ မျက်နှာပြင်မှာ သေးငယ်တဲ့ Waterdrop notch ရှိနေတာပါပဲ။ ဒါကြောင့် Selfie ကင်မရာတစ်လုံးပဲ တပ်ဆင်ထားနိုင်ပါတယ်။ ကျောဘက်ပိုင်းကတော့ မော်ဒယ်နှစ်မျိုးစလုံးဟာ တူညီတဲ့ ပုံစံရှိကြတာကို တွေ့ရပါတယ်။

Vivo V20 ဟာ ပါးလွှာတဲ့ကိုယ်ထည်ဒီဇိုင်းနဲ့ဖြစ်ပြီး Snapdragon 720G processor နဲ့ ဖြစ်ပါတယ်။ ဒီအတွက် 5G ကွန်ရက်နဲ့တော့ ချိတ်ဆက်အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ RAM ကတော့ 8GB ဖြစ်ပြီး သိုလှောင်မှုပမာဏက 128GB ဖြစ်ပါတယ်။ ဘက်ထရီကတော့ 4,000mAh ပမာဏဖြစ်ပြီး 33W အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။

အရှေ့ဘက် Waterdrop notch ထဲက Selfie ကင်မရာဟာ 44MP f/2.0 AF ဖြစ်ပြီး Eye Autofocus, slow-mo selfie mode, Super Night Selfie mode နဲ့ 4K video recording စနစ်တွေလည်း ပါဝင်ပါတယ်။ ကျောဘက်မှာတော့ 64MP f/1.89 အဓိကင်မရာကို 8MP ultrawide နဲ့ 2MP mono ကင်မရာတွေ ထောက်ကူတပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

Dual-SIM အထောက်အပံ့ဖြစ်ပြီး Bluetooth 5.1, In-display fingerprint scanner နဲ့ USB-C port တို့ ပါဝင်ပါတယ်။ Vivo V20 ကို အင်ဒိုနီးရှားမှာ လက်ရှိရောင်းချနေတဲ့ဈေးနှုန်းကတော့ $337 (၄ သိန်း ၄ သောင်းဝန်းကျင်) ပဲ ဖြစ်ပါတယ်။

Ref: Gizmochina