(အသစ်ထွက်ရှိလာမည့် V20တွင် အဆင့်မြင့် Selfie နည်းပညာ၊ ပါးလွှာထင်ရှားသော ဒီဇိုင်းနှင့် ပေါ့ပါးသော စွမ်းဆောင်ရည်တို့ကို တွေ့မြင်ခံစားနိုင်စေမည်။)

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် vivo သည် ၎င်း၏ flagship V-series ၏ ဖုန်းအမျိုးအစားအသစ်အား ယနေ့တွင် မြန်မာနိုင်ငံ၌ မိတ်ဆက်ခဲ့သည်။ vivo မှ စမတ်ဖုန်းများ၏ ပရီမီယံအရည်အသွေးအား အဆင့်မြှင့်တင်သည့်အနေနှင့် professional အဆင့်မီပြီး စွမ်းအားမြင့် Autofocus (AF) နည်းပညာပါဝင်သော 44MP Eye Autofocus ကင်မရာအား ထည့်သွင်းတပ်ဆင်ပေးထားကြောင်းသိရသည်။

အသစ်ထွက်ရှိလာသည့် V20စမတ်ဖုန်းမှာ ပါးလွှာပေါ့ပါးပြီး 7.38mm သာရှိသည့် Ultra-Sleek AG Glass ဒီဇိုင်းဖြစ်သဖြင့် လူငယ်များအကြိုက် သွက်လက်မြန်ဆန်သည့် လူနေမှုပုံစံကို ကိုယ်စားပြုသည်။ ထို့အပြင် လုပ်ဆောင်မှုအလွန်ကောင်းမွန် သော 64MP နောက်ကင်မရာတွင် Super Night Mode ပါဝင်သောကြောင့် Zoom ပမာဏများစွာ ဆွဲသည့်တိုင် အလွန် ကြည်လင်ပြတ်သားသည့် ရုပ်ပုံအရည်အသွေးအား ရိုက်ချက်တိုင်းတွင် ရရှိနိုင်မည်ဖြစ်သည်။ 33W Flash Charge ဘတ်ထရီ စနစ်ပါဝင်သဖြင့် V20 အသုံးပြုသူများမှာ တနေ့တာလုံး ကြာရှည်စွာ အသုံးပြုနိုင်စေမည်လည်းဖြစ်သည်။

“vivo အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ အကြိုက်ပေါ်မူတည်ပြီး အချိန်နဲ့အမျှ နည်းပညာတွေကို တိုးမြှင့်ပေးနေပါတယ်။ ကျွန်တော်တို့ဟာ သုံးစွဲသူတွေရဲ့ selfie ရိုက်ကူးမှုလိုအပ်ချက်တွေ၊ ဓာတ်ပုံရေစီးကြောင်းတွေ၊ ဆန်းသစ်တီထွင်လိုတဲ့ ဆန္ဒ တွေကို ကောင်းစွာနားလည်တဲ့အတွက် V20 မှာလည်း vivoက အနာဂတ်မှာခေတ်စားလာမယ့် ဒီဇိုင်းသွင်ပြင်နဲ့ စွမ်းဆောင်ရည် တွေကို ထည့်သွင်းထားပေးပြီး တကယ့်ကို ပရီမီယံအဆင့်ရှိတဲ့ ထုတ်ကုန်တစ်ခုအဖြစ် ဖန်တီးပေးထားတာပဲဖြစ်ပါတယ်။ V20 မှာ အဆင့်မြှင့်တင်ထားတဲ့ Autofocus ကင်မရာလုပ်ဆောင်မှုတွေ၊ အလွန်ပါးလွှာပြီး အထာကျတဲ့ ဒီဇိုင်းတွေပါဝင်လာပြီး ဈေးကွက်လိုအပ်ချက်အားလုံးနဲ့ကိုက်ညီအောင်ထုတ်လုပ်ပေးထားပါတယ်။” ဟု Vivo မြန်မာ၏ Chief Operating Officer ဖြစ်သူ Mr. Nelson Ni မှ ပြောကြားခဲ့ပါသည်။

အလိုအလျှောက်ထိန်းချုပ်နိုင်သည့် AUTO-FOCUS လုပ်ဆောင်မှုပါဝင်သည့် အဆင့်မြင့် ကင်မရာနည်းပညာ

V20 ၏ ဈေးကွက်ထိပ်တန်းကင်မရာတွဲဖက်မှုသည် စွမ်းဆောင်မှုအားကောင်းပြီး အလိုအလျောက် သိမြင်နိုင်စွမ်းရှိသည့် Autofocus နည်းပညာကို ထောက်ပံ့ပေးပြီး selfie ချစ်သူများအကြိုက် ကမ္ဘာ့ထိပ်တန်း selfie အရည်အသွေးကို ရရှိစေမည် ဖြစ်သည်။

44MP Eye Autofocus စနစ်ပါသည့်အတွက် တည်ငြိမ်သည့်ရိုက်ချက်များကို အလွယ်တကူရယူနိုင်ပါသည်။ selfie ရိုက်ကူးရာတွင် သုံးစွဲသူကို အဓိက focus အမြဲထားပြီးရိုက်ကူးသည့် စနစ်ပါဝင်သည်။ ကင်မရာတွင် တပ်ဆင်ထားသော Eye Autofocus သည် Advanced Algorithms ဖြင့် လှုပ်ရှားနေသော အရာဝတ္ထုတွေကို ခြေရာခံ၍ ပိုမိုတည်ငြိမ်ကြည်လင်သော selfie ရရှိနိုင်အောင် လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။ ၎င်း၏ စွမ်းရည်မြင့် အရာဝတ္ထုခြေရာခံခြင်း နည်းပညာသည် ဓာတ်ပုံနှင့် ဗီဒီယို အရည်အသွေးကို ပိုမိုကြည်လင်ပြတ်သားစေသည်။

အဆိုပါလုပ်ဆောင်ချက်သည် အသုံးပြုသူများမှ အနီးကပ်ရိုက်ကူး၍ဖြစ်စေ ပိုမိုဝေးကွာသောနေရာမှ ရိုက်ကူး၍ဖြစ်စေ သုံးစွဲသူအကြိုက် အမျိုးအစားစုံလင်လှပသော ရှုခင်းများရရှိနိုင်ရန်အတွက် အကောင်းဆုံးလုပ်ဆောင်ချက် တစ်ခုဖြစ်သည်။ selfie ရိုက်ခြင်းကို ကြိုက်နှစ်သက်သူများနှင့် content ဖန်တီးခြင်းတို့ကိုသဘောကျသူများအတွက် အဆင့်မြင့် နည်းပညာ စနစ်များဖြင့် paradigm ကိုပြန်လည်ဆန်းသစ်ထားပါသည်။

· Super Night Selfie: ဖုန်းလောကတွင် ဦးဆောင်နေသည့် Autofocus feature ကြောင့် အသုံးပြုသူများသည် အမှောင်ထု သို့မဟုတ် အလင်းနည်းသည့် အခြေအနေများတွင်လည်း ကြည်လင်ပြတ်သားသော selfie များ ရိုက်ကူးနိုင်မည်ဖြစ်ပါသည်။ vivo V20 ၏ multiple exposure များနှင့် noise cancellation algorithm ကြောင့် အမှောင်ထုထဲတွင် ရိုက်ကူးသော်လည်း သိသာထင်ရှားသော မျက်နှာအသေးစိတ်များကို ရိုက်ကူးပေ နိုင်မည် ဖြစ်သည်။ ထို့အပြင် Aura Screen Light သည် အသက်ရှုမှားလောက်သည့် selfie များရရှိအောင် ပြီးပြည့်စုံသည့် အရောင် အပူချိန်ပေးစွမ်းနိုင်ပြီး သဘာဝကျကျအသားအရည်ရရှိအောင် အလင်းရောင်ကို အလိုအ‌ေလျာက် ထိန်းညှိပေးပါသည်။

· Dual-view Video: ဤလုပ်ဆောင်ချက်သည် အရှေ့နှင့် အနောက်ကင်မရာများကို တစ်ချိန်တည်းရိုက်ကူးခြင်းဖြင့် တီထွင်မှုစွမ်းရည်ကို နှစ်ဆတက်စေပါသည်။ အဆိုပါထူးခြားသော လုပ်ဆောင်ချက်သည် အရှေ့နှင့် အနောက် ကင်မရာနှစ်ခုလုံးမှ မှတ်တမ်းများကို ပေါင်းစည်း၍ အသုံးပြုသူကို တစ်ကြိမ်တည်းဖြင့် ဗီဒီယိုမှတ်တမ်းကို အချိန်နှင့် တပြေးညီ တုံ့ပြန်နိုင်သော အတွေ့အကြုံမျိုး ပေးအပ်နိုင်မည်ဖြစ်ပါသည်။

· Slo-mo Selfie video: ဤ slo-mo လုပ်ဆောင်ချက်သည် အသုံးပြုသူများကို ၎င်းတို့၏ အမှတ်ရစရာ အခိုက် အတန့်လေးများကို ရိုက်ကူးစေနိုင်ရုံသာမက လက်ချောင်းထိပ်လေးများဖြင့် အချိန်အလျင်ကို ထိန်းချုပ်နိုင်စေမည် ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် အနှေး၊ အမြန် ရွေ့လျားမှုကို ပြောင်းလဲအသုံးပြုနိုင်ပြီး 240FPS ၏ ချောမွေ့ ငြိမ်သက်မှုကိုလည်း အပြည့်အဝ ခံစားနိုင်မည်ဖြစ်သည်။

· Steadiface Selfie Video: အသုံးပြုသူများ၏ ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးမှု အတွေ့အကြုံများကို Steadiface Selfie Video လုပ်ဆောင်ချက်မှတစ်ဆင့် စွမ်းဆောင်ရည်ကို အရှိန်မြှင့်တင်ထားသည်။ ၎င်းစနစ်သည် ဗီဒီယိုရိုက်ကူးနေစဉ် မျက်နှာကို focus ထားကာ လက်သို့မဟုတ် ခန္ဓာကိုယ်၏ ရွေ့လျားမှုကြောင့် ကင်မရာတုန်ခါမှုမှတစ်ဆင့် ဖြစ်သော မှုန်ဝါးစေသည့်ပုံရိပ်များကို လျော့နည်းစေမည်ဖြစ်သည်။ ထို့အပြင် face detection algorithm ကြောင့် ပိုမို ကြည်လင်ပြတ်သားသော ပုံများရရှိရန် စွမ်းဆောင်ပေးသည်။

· 4K Selfie Video: 4K Selfie Video mode သည် အံ့ဩဖွယ်ကောင်းသည့် ကိုယ်ပိုင် ဗီဒီယိုများကို မယုံနိုင်လောက်သည့် 4K resolution ဖြင့် အသုံးပြုသူကိုဗဟိုပြုသည့် frame တစ်ခုအဖြစ် အာရုံစိုက်မှု တစ်ခု ဖြစ်လာအောင် လုပ်ဆောင်ပေးမည်ဖြစ်သည်။ ၎င်းလုပ်ဆောင်ချက်သည် ထူးချွန်ပြောင်မြောက်၍ အသက်ရှုမှား လောက်သော effect များအတွက် အလွန်ဆန်းသစ်၍ အစွမ်းထက်သည့် တည်းဖြတ်သော tool kit ကိုလည်း ပေးအပ်ထားပါသည်။

· Multi-Style Portrait and AR stickers: ဤလုပ်ဆောင်ချက် နှစ်ခုသည် Personalized hues နှင့် Face Beauty ကို ထောက်ပံ့ရန် သေချာစွာပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းလုပ်ဆောင်ချက်များသည် အသုံးပြုသူများ၏ ဆန်းသစ်သော တောင်းဆိုမှုများ ဖြစ်သော ပိုမိုကျယ်ပြန့် အမျိုးစုံလင်သော စိတ်ကြိုက်ပြုပြင်နိုင်သော ဓာတ်ပုံစတိုင် effect များဖြင့် စိတ်ကျေနပ်စေမည်ဖြစ်သည်။

· အံ့ဩသင့်ဖွယ်ကောင်းသော Main Rear Camera + 8MP Multi-Function Camera (Super Wide Angle/Bokeh/Super Macro) + 2MP Mono Camera setup သည် ပုံကို အနီးကပ်ချဲ့၍ ကြည့်လျှင်ပင် အလွန်ကြည်လင်ပြတ်သား၍ စိုစိုလွင်လွင်နှင့် အနုစိတ်ကျကျ မြင်နိုင်မည့် အဆင့်မြင့်သော ဓာတ်ပုံရိုက်ကူးမှု အတွေ့ အကြုံကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ၎င်း Multi-functional ကင်မရာ သည် super macro, bokeh နှင့် အဖြူအမည်း film effects များဖြင့် ပေါ်လွင်သော ရှုထောင့်များကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

· V20 ၏ နောက်ကင်မရာသည် သူမတူထူးခြားသော လုပ်ဆာင်ချက်များဖြင့် ဘဝ၏ အချိန်စက္ကန့်တိုင်းကို အရောင် စိုစိုလွင်လွင်ဖြင့် ရိုက်ကူးနိုင်သည့် လုပ်ဆောင်ချက်များ ပါဝင်တပ်ဆင်ထားသည်။

· Super Night Mode: ညအချိန် ဓာတ်ပုံရိုက်ခြင်း အတွေ့အကြုံကို မြှင့်တင်ခြင်း။ V20 အနောက်ဘက်ကင်မရာရှိ ထူးခြားသော Super Night Mode ကြောင့် ညအမှောင်ထဲရှိ ဖုံးကွယ်နေသောအရိပ်များကို မျက်လှည့်ပြသလို ပျောက်သွားစေပြီး ပိုမိုသိသာပေါ်လွင်သော မြင်ကွင်းတွေကို ရရှိစေနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် Tripod Night Mode အသစ်သည် ပုံရိပ်တည်ငြိမ်မှုနှင့် exposure ကို မြင့်တင်ပေးခြင်းကြောင့် ညဘက်တွင် မြင်ကွင်းတိုင်းကို အလွယ်တကူ ပြီးပြည့်စုံစွာ မှတ်တမ်းတင်နိုင်မည်ဖြစ်သည်။

· Motion Autofocus: ဖုန်းလောက၏ ရှေ့ပြေး ဦးဆောင်နေသည့် လုပ်ဆောင်ချက်တစ်ခုသည် ရွေ့လျားနေသည့် အရာဝတ္ထုများကို ခြေရာခံနိုင်ပြီး မည်သည့်ပုဂ္ဂိုလ်နှင့် အရာဝတ္ထုကိုမဆို နှစ်ချက်နှိပ်ရုံဖြင့် အကောင်းဆုံးအခိုက် အတန့်များကို ကြည်လင်ပြတ်သားသော ပုံရိပ်များအဖြစ် ဘောင်အတွင်း Focus ရရှိစေရန် သေချာစွာ လုပ်ဆောင်ပေးမည်ဖြစ်သည်။

မြင့်မားတဲ့ နည်းပညာနဲ့ ရေးဆွဲထားတဲ့ အပါးလွှာဆုံး ULTRA SLEEK DESIGN နဲ့ ဆွဲဆောင်မှုရှိသော အရောင်ပေါင်းစပ်မှု

V20 သည် အပါးလွှာဆုံး ULTRA SLEEK DESIGN နှင့် စတိုင်ကျ‌‌သော အရောင်တွဲစပ်မှုတို့ကြောင့် တန်ဖိုးကြီးအသုံးအဆောင် တစ်ခုအသွင်ဆောင်ပြီး လူငယ်များ၏ နေ့စဉ်ဘဝအတွက် အထစ်အငေါ့မရှိ စမတ်ဖြစ်စေမည့် ဖုန်းတစ်လုံးဖြစ်ပါသည်။ ၁၇၁ ဂရမ်သာ အလေးချိန်ရှိပြီး ၇.၃၈ မီလီမီတာပဲရှိသည့် ပါးလွှာပေါ့ပါးသော ဒီဇိုင်းကြောင့် ထင်ပေါ်နေခြင်းဖြစ်ပါသည်။ ၆.၄၄ လက်မ AMOLED FHD+ ဖန်သားပြင်ကို အသုံးပြုထားသည့်အတွက် အရောင်ထွက်မှန်ပြီး တောက်ပတဲ့ အရောင်များကို နေ့စဉ်ဘဝတွင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။

V20 အား အဆင်မြင့်သော စမတ်ဖုန်းတစ်ခုဖြစ်စေရန် တစ်မူထူးခြားသည့် AG မှန်သားနည်းပညာကို အသုံးပြုထားပြီး တြိဂံပုံသဏ္ဍာန် ကင်မရာများကို တပ်ဆင်ထားကာ လူငယ်တွေအတွက် ပြီးပြည့်စုံသည့် စတိုင်ကျမှုကို ရရှိစေမည်ဖြစ်ပါသည်။ V20 ၏ ဒီဇိုင်းများကို ခြုငြုံသုံးသပ်ကြည့်ပါက selfie ရိုက်ကူးရနှစ်သက်သော လူငယ်များအတွက် ခေတ်မီ ဖက်ရှင်ကျမှုကိုပါ ရစေနိုင်ဖို့ သေချာပါသည်။

· AG Glass Technology ဆိုတာဘာလဲ: V20 ဖုန်းရဲ့ အနောက်ဘက် ကာဗာကို လက်ထဲတွင် ကိုင်တွယ်မှု ကောင်းစေရန်အတွက် ထင်ပေါ်စေသော AG glass နည်းပညာဖြင့် ပြုလုပ်ထားပါသည်။ AG Matte မှန်သားက လက်ရာ အခြစ်ရာများကို သက်သာစေပြီး မိုဘိုင်းဖုန်းနဲ့ပဲ နေ့စဉ်လုပ်ငန်းဆောင်တာများပြုလုပ်နေရသူများ၏ ပထမဉီးစားပေးဖုန်းတစ်ခုဖြစ်လာစေမှာပါ။ မှန်သားပြင်ဆိုသော်လည်း နူးညံ့တဲ့ အထိအတွေ့ကို ရစေဖို့အတွက် မွန်းမံမှုတွေပြုလုပ်ထားပြီး အကြမ်းခံတဲ့ စမတ်ဖုန်းတစ်ခုလည်းဖြစ်ပါသည်။

· Dual Tone Step ဆိုတာကတော့ ကင်မရာရဲ့ flash နဲ့ ကင်မရာတည်နေရာတွေကို အလွှာ (၂) ခုခွဲကာ သေချာ ဂရုတစိုက် ဒီဇိုင်းလုပ်ထားပေးပါသည်။ Rear Camera ကိုတော့ သေးငယ်တဲ့အလွှာလေးမှာ သေသပ်စွာ ထည့်သွင်းပေးထားပါသည်။

· vivo V20 ၏ အရောင်များကို သဘာဝတရား၏ လှပတဲ့အရောင်များအား အခြေခံကာ ဖန်တီးထားခြင်းဖြစ်ပါသည်။ ဖက်ရှင်အမြင်ရှိပြီး ကိုယ့်အားကိုယ်ကိုးသော လက်တွေ့ဆန်သော လူငယ်များနှင့် လိုက်ဖက်မှုရှိစေဖို့ ဖက်ရှင်ကျပြီး လှပတဲ့ အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

· Midnight Jazz ကတော့ vivo ရဲ့ အမှတ်သေင်္ကတ အရောင်တစ်ခုဖြစ်ပါတယ်။ အားအင်ပြည့်ဝတဲ့ ခံစားချက်မျိုးနဲ့ ယုံကြည်မှုအပြည့်နဲ့ အခက်အခဲတွေကြားမှာ ရပ်တည်နိုင်ဖို့ အားပေးတဲ့ အရောင်မျိုးဖြစ်ပါသည်။

· Sunset Melody ကတော့ ကမ်းခြေတွင်တွေ့ရသည့် နွေးထွေးသည့် နေဝင်ဆည်းဆာချိန်၏ အရောင်လေးကို မြင်ယောင်ပြီးဖန်တီးထုတ်လုပ်ထားခြင်းဖြစ်သည်။

အလုံးစုံပြည့်စုံအောင် အားဖြည့်ထားသည့် Performance

V20 ကို အကောင်းဆုံးအမြန်ဆုံးအသုံးပြုချင်သူများအတွက် ဒီဇိုင်းနှင့် accessory ပိုင်းနှင့် စက်ပိုင်းဆိုင်ရာတွင်ပါ သေချာစွာ ဖန်တီးထုတ်လုပ်ထားပါသည်။ အမြဲတမ်းပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်နဲ့ အသုံးပြုသူတွေအကြား အဆက်မပြတ်စေရန် အတွက် လိုအပ်မည့် features များကို သေချာစွာစဉ်းစားကာ ထည့်သွင်းထားပါသည်။

· Processor and storage-V20 သည် Qualcomm® Snapdragon™ 720G processor ဖြင့် အသုံးပြုထားပြီး 8GB RAM နှင့် 128 GB ROM ပါဝင်သဖြင့် application များနှင့် ဂိမ်းများအတွက် ချောမွေ့သောစွမ်းဆောင်ရည်ကို ပေးစွမ်းနိုင် ပါသည်။ ထို့အပြင် Funtouch OS 11 (Android 11) ကို အခြေခံသဖြင့် အဆင်ပြေ လှပမှုကိုနှစ်သက်သည့် သုံးစွဲသူ များအတွက်ဖြစ်ပါသည်။

· Battery- V20 သည် 4000mAh ဘက်ထရီ၊ 33W Flash Charge ဖြင့် ပံ့ပိုးထောက်ပံ့ပေးထားသောကြောင့် လျှပ်စီးအမြန်နှုန်း ၆၅% ဖြင့် ဘက်ထရီကိုပြန်လည် အားသွင်းနိုင်ပါသည်။ အားသွင်းခြင်းလျှင်မြန်ပြီး ကြာရှည်ခံသည် ဘက်ထရီဖြင့် ထောက်ပံ့ပေးသဖြင့် သုံးစွဲသူများသည် ပိုမိုလွယ်ကူသော မိုဘိုင်းသုံးစွဲမှုအတွေ့အကြုံ နှင့် မည်သည့် အခြေအနေမျိုးမဆို ကိုယ်တိုင် မှတ်တမ်းတင်နိုင်ပါသည်။

· Multi Turbo- Multi-Turbo လုပ်ဆောင်ချက်သည် V20 ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန် Turbo နည်းပညာကို အသုံးပြုထားပြီး ဖုန်းရဲ့လုပ်ဆောင်ရည်ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ထားပါသည်။ ၎င်းတွင် Game Turbo ပါဝင်သဖြင့် ဂိမ်းကစားရာတွင် အလွန်တည်ငြိမ်ပြီး အထစ်အငေါ့ မဖြစ်သည့် အတွေ့အကြုံကို ရရှိနိုင်မည်ဖြစ်ပါသည်။

· Memory Recaller: အဆိုပါလုပ်ဆောင်ချက်မှာ အသုံးပြုသူများ၏ အမှတ်တရများကို အသက်ဝင်စေပါသည်။ယင်း အထင်ကြီးစရာကောင်းသည့် အစိတ်အပိုင်းမှာ ပုံရိပ်ဟောင်းတွေကို ရှင်းရှင်းလင်းလင်းပြန်ရနိုင်ပြီး သူ့ရဲ့ထူးခြား ဆန်းသစ်သည့် coloring tool သည် အရောင်ကိုပိုမို ပြန်လည်ဆန်းသစ်စေပါသည်။

စတင်ဖြန့်ဖြူးမည့် အသေးစိတ်အချက်အလက်များ

V20 ဖုန်းကို မြန်မာနိုင်ငံစျေးကွက်အတွက် နိုဝင်ဘာ (၅) ရက်နေ့တွင် စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး၊ base model အနေနဲ့ ငွေကျပ် (၄၉၉,၈၀၀) ဖြင့်စတင်ရောင်းချပေးမည်ဖြစ်ပါသည်။

Source – Vivo Myanmar