Vivo ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Vivo V20 Series ဖုန်းတွေဖြစ်တဲ့ Vivo V20 နဲ့ V20 Pro ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း နောက်ထပ် V20 Series ဖုန်းဖြစ်တဲ့ V20 SE ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။

အဆိုပါ Vivo V20 SE စမတ်ဖုန်းဟာ 6.44″ Full HD+ AMOLED Display ထည့်သွင်းထားပြီး Selfie Camera ကိုတော့ Punch-hole အစား Waterdrop Notch Design ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း AMOLED Display ဖြစ်တဲ့အတွက် In-display Fingerprint Sensor ပါဝင်မယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ Triple Camera Setup ထည့်သွင်းထားပြီး 48MP Primary Sensor + 8MP Ultrawide Sensor + 2MP Depth Sensor တွေပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 32MP Sensor ပါဝင်မယ်လို့ သိရပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 665 Chipset ကိုပဲ အသုံးပြုထားပြီး RAM 8GB နဲ့ 128GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ MicroSD Card ကနေ တစ်ဆင့်လည်း Storage ကို ထပ်မံတိုးချဲ့နိုင်ဦးမှာပါ။

Battery ပိုင်းအနေနဲ့ကတော့ 4100mAh Battery ပါဝင်မှာဖြစ်ပြီး နာရီဝက်အတွင်း 0-62% အားသွင်းပေးနိုင်တဲ့ 33W Fast Charging ကို Support ပြုလုပ်မှာဖြစ်ပါတယ်။ Software ပိုင်းမှာကတော့ Android 10 ကို အခြေခံထားတဲ့ Funtouch OS 11 ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Vivo V20 SE ဟာ အရောင်အနေနဲ့ အနက်ရောင်နဲ့ အဖြူရောင် ၂ မျိုးပဲ ရွေးချယ်နိုင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ကတော့ RM 1,199 (မြန်မာငွေ ၃ သိန်း ၈ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena