(V20 SE တွင် 32 MP super night selfie နည်းပညာ၊ ခေတ်မီပါးလွှာကျစ်လစ်သော ဒီဇိုင်းနှင့် စွမ်းရည်မြင့်လုပ်ဆောင်ချက်များစွာပါဝင်သည်။)

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် vivo သည် ၎င်း၏ V20 series အသစ်တွင် ပါဝင်မည့် vivo V20 SE စမတ်ဖုန်းအား မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ယနေ့ကြေညာခဲ့သည်။ vivo ၏ ရည်မှန်းချက်အတိုင်း သုံးစွဲသူများစိတ်တိုင်းကျစေမည့်လုပ်ဆောင်ချက်များ အားဖြည့်ထားသည့် vivo V20 series သည် ဈေးကွက်အတွင်း အကောင်းဆုံးကင်မရာ၊ ခေတ်မီ ဆန်းသစ်သည့် ဒီဇိုင်းနှင့် အားကောင်းပြီး ဘက်စုံပြည့်စုံသည့် လုပ်ဆောင်ချက်များ ပါဝင်လာမည်ဖြစ်သည်။ vivo ၏ V20 SE အသစ်သည် ငယ်ရွယ်တက်ကြွပြီး ဖက်ရှင် အမြင်ရှိသည့် သုံးစွဲသူများအတွက်ရည်ရွယ်ထုတ်လုပ်ထားပြီး ၎င်းတို့၏ နေ့စဉ်ဘဝကို ပိုမို အသက်ဝင်လာစေရန် ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်သည်။

V20 SE ၏ 32 MP Super Night Selfie camera တွင် Aura မျက်နှာပြင်အလင်းစနစ် ပါဝင်ပြီး သုံးစွဲသူများ ညဘက်/အလင်းရောင်နည်းသောပတ်ဝန်းကျင်တွင် ဓာတ်ပုံရိုက်ရာ တွင်ပင် ကြည်လင်ပြတ်သားပြီး အလင်းရောင်အားကောင်း မွန်စွာဖြင့် အကောင်းဆုံးအချိန် အခိုက်အတန့်များကို မှတ်တမ်းတင်နိုင်မည်ဖြစ်သည်။ ပါးလွှာပြီးမျက်လှည့်ဆန်ဆန်ဒီဇိုင်း ကြောင့်လည်း ကိုင်ဆောင်ရာတွင် သက်တောင့်သက်သာရှိစေပြီး သုံးစွဲသူများ၏ အကြိုက်၊ နေ့စဉ်ဘဝလိုအပ်ချက်များနှင့် ထပ်တူကျစေမည် ဖြစ်ပါသည်။ ပါးလွှာပြီး ပေါ့ပါးသော ၇.၈၃ မီလီမီတာ 3D ကိုယ်ထည် နှင့် ဖက်ရှင်ကျသည့် နောက်ဆုံးပေါ် ဒီဇိုင်းသွင်ပြင်တို့ကို ပေါင်းစပ်ထားပြီး သုံးစွဲသူ တစ်ဦးချင်းစီ ၏ ကိုယ်ပိုင်ဟန်နှင့် ရွေးချယ်မှုကို ကိုယ်စားပြု စေမည်ဖြစ်သည်။ 33W Flash Charge capability (အမြန်အားသွင်းစနစ်) ပါဝင်သည့်အတွက် တစ်နေကုန် အနှောက်အယှက်မရှိ အသုံးခံစေမည့် ဖုန်းအမျိုးအစား လည်းဖြစ်သည်။

vivo မြန်မာ၏ CEO က “vivo အ‌နေနဲ့ သုံးစွဲသူတွေရဲ့အကြိုက်နဲ့ လိုအပ်ချက်တွေကို အမြဲလေ့လာမှတ်သားပြီး အမှန်တကယ် အသုံးဝင်မယ့် တီထွင်ဆန်းသစ်မှုတွေကို ရှာဖွေဖော်ထုတ် ပေးလျက်ရှိပါတယ်။ သုံးစွဲသူတွေရဲ့လိုအပ်ချက်တွေကို ခရေစေ့ တွင်းကျ စစ်တမ်းများကောက်ယူမှုအပြီးမှာ အခုထွက်ရှိလာတဲ့ V20 SE ကို အရည်အသွေး အကောင်းဆုံး ကင်မရာနည်းပညာ ပါဝင်တဲ့ ပါးလွှာကျစ်လစ်ပြီး ဈေးသင့်တင့်တဲ့ ဖုန်းအမျိုး အစားအဖြစ် ထုတ်လုပ်ပေးလိုက်တာဖြစ်ပါတယ်။ selfie ဓာတ်ပုံ ရိုက်ကူးမှုနဲ့ ခေတ်စားနေတဲ့ ဓာတ်ပုံစတိုင်လ်တွေကို အကောင်းဆုံးပံ့ပိုးပေးနိုင်တဲ့ V20 SE ဟာ လူငယ်တွေအကြိုက် အကောင်းဆုံးစမတ်ဖုန်းဖြစ်လာစေဖို့ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတစ်ခုပါပဲ။” ဟုပြောကြားခဲ့သည်။

Super night mode, Super wide angle နှင့် အကောင်းဆုံးကင်မရာ

32MP အရှေ့ကင်မရာ – vivo V20 SE ရဲ့ 32 MP ရှိတဲ့ အစွမ်းထက် Super Night Selfie ကင်မရာက အလင်းနည်းတဲ့ အချိန်တွေမှာ ရိုက်ရင်တောင်မှ ကြည်လင်မှုကို ပေးနိုင်ပြီး ဘဝရဲ့ အမှတ်တရအချိန်များအတွက် မယုံကြည်နိုင် လောက်အောင် ကောင်းမွန်တဲ့ နည်းပညာတွေနဲ့ ထိန်းသိမ်းပေးနိုင်မည်ဖြစ်ပါသည်။

Super Night Selfie: ဖရော်ဖယ်ရှင်နယ် night scene camera mode က မှောင်နေတဲ့ ပတ်ဝန်းကျင်၊ ညဘက် မြင်ကွင်းတွေမှာ ပိုမိုကောင်းမွန်သည့်ရုပ်ပုံတွေကို ပေးနိုင်မည်ဖြစ်ပါသည်။ ဉာဏ်ရည်မြင့်မားတဲ့ နည်းပညာတွေကို အသုံးပြုပြီး မှောင်နေတဲ့ နေရာတွေကို တောက်ပစေမည်ဖြစ်ပြီး မလိုအပ်တဲ့ အလင်းများကို လျော့ချပေးမည်ဖြစ်ပါ သည်။ ညဘက်ရိုက်ကူးသည့် Portraits ဓါတ်ပုံများကိုပိုမိုကောင်းမွန်စွာတောက်ပနေပြီး ကြည်လင်စွာဖြင့် ညီမျှကောင်းမွန် နေမည်ဖြစ်ပါသည်။ Face Beauty effects များဖြင့်လည်း တွဲဖက်အသုံးပြုနိုင်မည်ဖြစ်ပြီး အလင်းရောင်အားနည်းသည့် နေရာတွေမှာ သင့်ရဲ့ အကောင်းဆုံး အလှတရားကို ရရှိနိုင်မည်ဖြစ်ပါသည်။

Aura Screen Light: Aura Screen Light ဆိုသည်မှာ vivo မှ ဒီဇိုင်းသေချာလုပ်ထားသော စတူဒီယိုအလင်းရောင်ကို ညအချိန်ရိုက်မည့် selfie များ အတွက် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အပြင်ဘက် (သို့) အခန်းတွင်းအလင်းရောင်များကို အလိုအလျောက်ချိန်ညှိပေးနိုင်မည်ဖြစ်ပြီး မည်မျှမှောင်နေပါစေ အမြဲတမ်း ကောင်းမွန်စွာရိုက်ကူးနိုင်မည်ဖြစ်ပါသည်။

Multi-Style Portrait: Portrait ဓါတ်ပုံများအတွက် စတိုင်မျိုးစုံရွေးချယ်နိုင်သည့် လုပ်ဆောင်ချက်ပါဝင်တာကြောင့် လိုချင်သည့် ပုံစံကို ချက်ချင်းပြောင်းလဲအသုံးပြုနိုင်ပြီး မျက်နှာသွင်ပြင် ပုံရိပ်အတွက် အထောက်အပံ့ပေးမည့် effect များလည်းပါဝင်ကာ မိတ်ကပ်အရောင်များကို လိုက်ဖက်အောင် ချိန်ဆအသုံးပြုနိုင်မည်ဖြစ်ပါသည်။

AI Face Beauty: အဆင့်မြှင့်တင်ထားသည့် AI Face Beauty က လုပ်ဆောင်ချက် (၅) ခုဖြစ်သည့် အသားအရောင်၊ အလင်းအမှောင်၊ မျက်နှာသွင်ပြင်နှင့် မိတ်ကပ်တို့ကို ချိန်ဆပေးနိုင်စွမ်းရှိပါသည်။ အမျိုးသားများအတွက်လည်း ပိုပြီး ယောကျ်ားဆန်သည့် သွင်ပြင်ကို ရရှိစေနိုင်ရန် ဂရုတစိုက်ထုတ်လုပ်ထားပါသည်။

Professional Portrait: Professional Portrait လုပ်ဆောင်ချက်က မျက်နှာအလှတရားပေါ်လွင်ဖို့နဲ့ ကိုယ်နေဟန်ထားမှန်ဖို့အတွက် များစွာသော အနုပညာ ဆန်တဲ့ပုံစံများဖြင့် သင့်ကိုထင်ပေါ်ကျော်ကြားသူတစ်ယောက်ကဲ့သို့ တောက်ပ စေမည်ဖြစ်သည်။

48MP အနောက်ကင်မရာ – vivo V20 SE ၏ အနောက်ကင်မရာသည် 48MP AI ကင်မရာ (၃) လုံးပါဝင်ပြီး ဓါတ်ပုံရိုက်ကူးခြင်း ကို စိတ်ပါဝင်စားသူများအတွက် ရိုက်ကူးလိုက်တိုင်း ထင်ရှားပေါ်လွင်စွာဖြင့် ပြတ်သားသော ပုံရိပ်များကို တွေ့ရမည့် စွမ်းအင် ပြည့်ဝသည့် လုပ်ဆောင်ချက်တစ်ခုပင်ဖြစ်သည်။ နယ်ဘက်မှ ရှုခင်းပဲဖြစ်ဖြစ်၊ မြို့ပေါ်မှ အဆောက်အဦ များပဲဖြစ်ဖြစ်၊ နေ့ရော ညပါ၊ Landscapes နှင့် Portraits ကြိုက်နှစ်သက်သည်ဖြင့် ရိုက်ကူးနိုင်ပြီး တိကျသော ရောင်စဉ်များကို ဖမ်းယူနိုင်ပါသည်။ Super Wide-Angle and Super Macro mode တို့ဖြင့် ဓါတ်ပုံ (သို့) ဗီဒီယို ရိုက်ကူးကာ ပိုမိုစိတ်လှုပ်ရှား ဖွယ်ကောင်းလာမည်မှာ အမှန်ဖြစ်ပါသည်။

Super Night Mode: ပရော်ဖက်ရှင်နယ်ဆန်သော ညဘက်ရိုက်ကူးနိုင်သည့် လုပ်ဆောင်ချက်သည် အလင်းနည်း နေသည့် ပတ်ဝန်းကျင် (သို့မဟုတ်) ညဘက် မြင်ကွင်းတွေကို ကောင်းမွန်စွာ ပုံရိပ်ဖမ်းယူနိုင်မည် ဖြစ်ပါသည်။

Super Wide-Angle: 8MP ရှိသည့် မြင်ကွင်းကျယ်ရိုက်ကူးနိုင်မည့် Super Wide-Angle ကင်မရာသည် ၁၂၀ ဒီဂရီ ကျယ်သော ပန်ဒိုရာမစ် ရိုက်ကူးနိုင်ကာ အသုံးပြုသူများ ကျေနပ်မည့် ပိုမိုကျယ်ပြန့်သော မြင်ကွင်းကျယ် ပုံရိပ်များ ရရှိမည် ဖြစ်ပါသည်။

Super Macro: အရာဝတ္ထုများကို ၂.၅ စင်တီမီတာအထိ အနီးကပ် ရိုက်ကူးနိုင်မည်ဖြစ်ပြီး သေးငယ်သော ကမ္ဘာကို ကြည့်ရှုရိုက်ကူးနိုင်စေမည်။ မိုးစက် ပွင့်များ၊ ပန်းဝတ်မှုံများနှင့် များစွာသော ထူးဆန်းဖွယ်လေးများ သင့်လက် တစ်ကမ်း သို့ ရောက်ရှိလာမည်ဖြစ်ပါသည်။

Ultra-Stable Video: video များရိုက်ကူးနေစဉ်အတွင်း လက်မငြိမ်မှုကြောင့်ဖြစ်ပေါ်သော မကြည်လင်ခြင်းများကို EIS detection ဖြင့် လျော့ချပေးနိုင်သည့် လုပ်ဆောင်မှုတစ်ခုပဲဖြစ်ပါသည်။

Video Face Beauty: video ရိုက်ကူးရာတွင်လည်း beauty effects များထည့်သွင်းနိုင်မည်ဖြစ်ပြီး လူမှု့ကွန်ရက်တွင် တင်သည့်အခါတွင်လည်း အသုံးပြု သူများအတွက် တင်ပေါ်စေမည့် ဗီဒီယိုနှင့် ဓါတ်ပုံများကို ရရှိနိုင်မည့် လုပ်‌ဆောင် ချက်ပင်ဖြစ်ပါသည်။

ချောမွတ်တောက်ပြောင်သောဒီဇိုင်း

V20 SE သည် လူငယ်များ၏ ပြောင်းလဲနေသောလူနေမှုပုံစံနှင့် လိုက်ဖက်ညီစွာ ခေတ်မီသော ဒီဇိုင်း၊ တောက်ပကျော့ရှင်းသော အရောင်များဖြင့် ပြန်လည်ဆန်းသစ်ထားခြင်းဖြစ်သည်။ 3D ကိုယ်ထည်နှင့် 7.83 mm ရှိ အလွန်ပါးလွှာသည့် sleek ဒီဇိုင်း ကြောင့် တစ်မူထူးခြားစွာကွဲထွက်နေသည်။ V20 SE သည် အလွန်ပေါ့ပါးပြီး လက်ထဲတွင် သက်တောင့်သက်သာရှိအောင် ဒီဇိုင်းပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်း၏ 3D body curve များကို မြင့်မားသော polymer ပစ္စည်းဖြင့်ပေါင်းစပ်ထားသည့်အတွက် နူးညံ့သိမ်မွေ့သော အထိအတွေ့နှင့် ပရီမီယံစိတ်ခံစားမှုပေးနိုင်မည်ဖြစ်သည်။

လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်စတိုင်ရွေးချယ်မှုနှင့်အညီ၊ vivo V20 SEတွင် Gravity Black နှင့် Oxygen Blue ဟူ၍ ရွေးချယ်စရာ အရောင် (၂) မျိုးရှိပါသည်။ ကျွန်ုပ်တို့၏ ကမ္ဘာ့အဆင့်မီဒီဇိုင်နာများသည် စကြာဝဠာ၏နက်နဲမှုနှင့် သဘာဝ၏ကျက်သရေရှိမှု တို့မှ တစ်ဆင့် စိတ်ကူးများကိုအကောင်အထည်ဖော်ကာ ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။ အဆင့်မြင့် ဖက်ရှင်၏ အခြေခံသဘော တရားများလည်း ထည့်သွင်းပေါင်းစပ်ထားသည့်အတွက် ပြေပြစ် ကျော့ရှင်းကာ ဖက်ရှင်အမြင်နှင့် ထပ်တူကျစေမည်ဖြစ်သည်။

Gravity Black: မည်းနက်သော gradient ကြောင့် ဇိမ်ခံပစ္စည်းအသွင်ရှိပြီး နည်းပညာပိုင်း ဆိုင်ရာ ထက်မြက်သည့် ခံစားချက်မျိုးပေးစွမ်းစေသည်။ ယခု ဒီဇိုင်းသည် အာကာသ၏ နက်နဲသော အရောင်များအပေါ် အခြေခံကာ သင်၏လက်၌ spacetime သန္တာန်စဉ်ဆက် အသစ်တစ်ခုကို ဖန်တီးရန် ဆွဲငင်အားဖြင့်ဆွဲချလိုက်သည့်ပုံစံမျိုး ဖန်တီးထားခြင်းဖြစ်သည်။

Oxygen Blue: လန်းဆန်းစေသောအပြာနုရောင် gradient သည် ညင်ညင်သာသာ ရွေ့လျားနေသော မိုးကောင်းကင်ကြီးနှင့် သန့်ရှင်းစင်ကြယ်သော အောက်စီဂျင်တို့မှ စိတ်ကူး ပုံဖော်ထားခြင်းဖြစ်သည်။ ၎င်းသည် တောက်ပမှုနှင့် တည်မြဲသော အေးချမ်းငြိမ်သက်မှုကို ဖော်ပြစေသည်။

vivo V20 SE တွင် တောက်ပစစ်မှန်သည့် အရောင်များကို သက်ဝင်စေသည့် 6.44 inch (16.37 cm) 1080P AMOLED Halo Full View ™ Display ရှိသည်။ မျက်နှာပြင်နှင့် ခန္ဓာကိုယ်အချိုးအစား 90.12% ရှိသည်။ ၎င်းသည် ၁၆ သန်းကျော်သည့် ပေါင်းစပ် အရောင်များ – တောက်ပစစ်မှန်သောအရောင်များကိုပြသနိုင်သည်။ ပိုမိုကောင်းမွန် သည့်အချက်သည် display ရဲ့တောက်ပမှု ကို ပတ်ဝန်းကျင်အခြေအနေတွေနဲ့အညီ အလိုအလျောက်ချိန်ညှိပေးသည်။ ၎င်းသည် သင်၏မျက်လုံးများအတွက် ညင်သာ စေပြီး သင်ကြည့်သမျှအရာအားလုံးကို ပိုမိုကောင်းမွန်စေသည်။ V20 SEတွင် မျက်နှာပြင်ကို အသာထိကာ ဖုန်းကို lock ဖွင့်လို့ ရနိုင်သည့် vivo ၏ အဆင့်မြင့်နည်းပညာဖြစ်သည့် In-Display Fingerprint Scanning လည်းပါရှိသည်။ ခမ်းနားလှပသော သက်ဝင်လုပ်ရှားမှုများကို လေ့လာစူးစမ်းနိုင်ရန်အတွက် များပြားလှသောရွေးချယ်စရာများလည်း ပေးထားသည်။

ထူးခြားသည့်စွမ်းဆောင်ရည်

V20 SE သည် ပရီမီယံအဆင့်ရှိသည့် ထုတ်ကုန်အမျိုးအစားဖြစ်ပြီး ပြောင်းလဲနေသည့် ယနေ့ခေတ်တွင် အသုံးပြုသူများအတွက် လှပတင့်တယ်မှုရှိသည့် ဒီဇိုင်းသွင်ပြင်ဖြင့် တည်ဆောက်ထားပြီး၊ စွမ်းဆောင်ရည်မှာလည်း မြင့်မားလှသည်။ ၎င်းတွင် အသုံးပြု သူများအား အစဉ်အဆက်ပြောင်းလဲနေသည့် ပတ်ဝန်းကျင်ကို စိတ်ပါဝင်စားစေရန်နှင့် စွဲဆောင်နိုင် စေရန် ဂရုတစိုက်ဖြင့် ပေါင်းစပ်ထားသည့် features ပါရှိသည်။

Processor and Storage: V20 SE သည် Qualcomm® Snapdragon™ 665 processor ဖြင့် အသုံးပြုထားပြီး 8GB RAM နှင့် 128 GB ROM ပါဝင်သဖြင့် Application များနှင့် ဂိမ်းများအတွက် ချောမွေ့သောစွမ်းဆောင်ရည်ကို ပေးစွမ်း နိုင်ပါသည်။

Battery: V20 SE သည် 4,100 mAh ဘက်ထရီ၊ 33 W Flash Charge ဖြင့် ထောက်ပံ့ပေးထားပါသည်။ ကြာရှည်ခံ သော ဘက်ထရီနှင့် Flash charge ပံ့ပိုးထောက်ပံ့မှုဖြင့် အသုံးပြုသူများသည် ပိုမိုလွယ်ကူသည့် မိုဘိုင်းသုံးစွဲမှု အတွေ့ အကြုံနှင့် မည်သည့်အခြေအနေမျိုးမဆို ကိုယ်တိုင်မှတ်တမ်းတင်နိုင်ပါသည်။ vivo ၏ အဆင်မြင့် 33W Flash Charge နည်းပညာသည် ယခုအခါ ၅၀% ပိုမိုမြန်ဆန်လာပြီး၊ ကာကွယ်မှု အဆင့် (၈) ဆင့်ဖြင့် ရောက်ရှိလာပါသည်။ မိနစ် ၃၀ အတွင်း ၆၂% ဖြင့် ဘက်ထရီကို ပြန်လည်အားသွင်းနိုင်ပြီး အားအပြည့်သွင်းရန် တစ်နာရီအောက်သာ ကြာမြင့်မည် ဖြစ်ပါသည်။

Multi Turbo: Multi-Turbo လုပ်ဆောင်ချက်သည် V20 SE ၏ စွမ်းဆောင်ရည်သည် Turbo နည်းပညာကို အသုံးပြု ထားပြီး ဖုန်း၏ လုပ်ဆောင်ရည်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ထားသည်။ vivo Multi-Turbo သည် software နှင့် hardware အဆင့်တွင် အကောင်းဆုံးဖြစ်စေရန် တိုးတက်သည့်အမြန်နှုန်း ထိရောက်မှုနှင့် မဟာဗျုဟာ များဖြင့် လုပ်ဆောင်လျက် ရှိပါသည်။ ၎င်းတွင် AI Turbo၊ Net Turbo၊ Game Turbo၊ cooling Turbo (အပူဖြန့်ဖြူးမှု အတွက်) နှင့် Center Turbo (အဓိကစနစ်အရင်းအမြစ်များကို အဓိကပစ်မှတ်ထား) နှင့် ART ++ Turbo (compilation optimization အတွက်ပါဝင်ပါသည်)။ စွမ်းဆောင်ရည် မြင့်တက်ခြင်းဖြင့် သင်သည် လွင့်မြော သွားမည်ဖြစ်ပါသည်။

Memory Recaller: အဆိုပါထူးခြားသော လုပ်ဆောင်ချက်သည် အသုံးပြုသူများ၏ အမှတ်တရများကို အသက်ဝင်လာစေပါသည်။ ပုံရိပ်ဟောင်းများ ကို ရှင်းရှင်းလင်းလင်း ပြန်လည်ရရှိနိုင်ပြီး သူရဲ့ထူးခြားဆန်းသစ်သည့် coloring tool သည် အရောင်ကိုပိုမို ပြန်လည်ဆန်းသစ်စေပါသည်။

စတင်ဖြန့်ဖြူးမည့် အသေးစိတ်အချက်အလက်များ

V20 SE ဖုန်းကို မြန်မာနိုင်ငံစျေးကွက်အတွက် ဒီဇင်ဘာ (၅) ရက်နေ့တွင် စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး၊ ဈေးနှုန်း (၃၇၉,၈၀၀) ကျပ်ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပါသည်။