vivo ကနေ V Series ဖုန်းအသစ်ဖြစ်တဲ့ V29 5G ကို Czechia (ချက်ခ် ရီပပ်ဘလစ်) နိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပါပြီ။​ လောလောဆယ်မှာ Pre-order အနေနဲ့ မှာယူနိုင်ပြီဖြစ်သလို လာမယ့် သြဂုတ်လ ၁၅ ရက်နေ့မှာ စတင်ရောင်းချသွားမယ့်အတွက် တခြားနိုင်ငံတွေမှာလည်း မကြာခင်မိတ်ဆက်သွားတော့မယ်လို့ ယူဆရပါတယ်။

vivo V29 5G ဖုန်းဟာ 6.78″ AMOLED Display ကို အသုံးပြုထားပြီး 55-Degree Curved Display အမျိုးအစားဖြစ်ပါတယ်။ Resolution အနေနဲ့ 1260×2800 Pixels ရှိမှာဖြစ်ပြီး 120Hz Refresh Rate အပြင် Under-display Fingerprint Sensor ကိုပါ ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။​ ဖုန်းရဲ့ အထူက 7.46mm ပဲရှိမှာဖြစ်တဲ့အပြင် အလေးချိန်က 186g ပဲရှိမယ်လို့ သိရပါတယ်။

Performance ပိုင်းမှာ vivo V29 5G ဖုန်းဟာ Qualcomm Snapdragon 778G Chipset ကို အသုံးပြုထားပြီး RAM 8GB ပါဝင်မှာဖြစ်ပါတယ်။ Storage ပိုင်းအနေနဲ့ 256GB Storage ပါဝင်မယ်လို့ သိရပါတယ်။

Camera အနေနဲ့ OIS ပါဝင်တဲ့ 50MP Main Sensor အပြင် 8MP Ultrawide Sensor ၊ 2MP Depth Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားပြီး Selfie Camera အတွက် Autofocus ပါဝင်တဲ့ 50MP Sensor ကို ထည့်သွင်းထားပါတယ်။ Battery ပိုင်းမှာတော့ 4600mAh Battery ကိုမှ 80W Fast Charging ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။

တခြား Feature တွေအနေနဲ့ vivo V29 5G ဟာ Android 13 ကို အခြေခံထားတဲ့ FunTouch OS 13 ၊​ USB-C ၊​ Bluetooth 5.3 ၊​ Dual SIM အပြင် IP68 Dust & Water Resistant Rating လည်းပါဝင်မှာပါ။​ အရောင်အနေနဲ့ Peak Blue နဲ့ Noble Black ဆိုပြီး ၂ မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ ဒေါ်လာ ၅၀၀​ ဝန်းကျင် (မြန်မာငွေ ၁၅ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – Gizmo China