vivo က ဥရောပ အတွက် V40 SE 5G အမည်ရ ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ စွမ်းရည်သင့် ဖုန်းထက် နည်းနည်း နိမ့်ပြီး Qualcomm Snapdragon 4 Gen 2 Chipset မောင်းနှင်ထားပါတယ်။

vivo V40 SE 5G launches in Europe with Snapdragon 4 Gen 2

8GB LPDDR4X RAM နဲ့ 256GB UFS 2.2 Storage ထည့်သွင်းထားပြီး 1TB microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 50MP Main , 8MP Ultrawide , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။

Vivo V40 SE 5G: The Perfect Mid-Range Smartphone for Europe - Gizchina.com

6.67” 1080×2400 120Hz AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 1800 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး စပီကာ ၂ လုံးနဲ့ 44W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

V40 SE 5G မှာ Android 14 အခြေပြု Funtouch OS 14 မောင်းနှင်ထားပြီး Crystal Black နဲ့ Leather Purple အရောင် ထုတ်လုပ်ထားပါတယ်။ အဲဒီဖုန်းကို vivo ရဲ့ ဥရောပ ဝက်ဘ်ဆိုက်မှာ စာရင်းတင်ထားပြီး ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : gsmarena