Vivo ကနေ အခုအချိန်မှာ ကုမ္ပဏီရဲ့ ပထမဆုံး Smartwatch ဖြစ်တဲ့ Vivo Watch ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Vivo Watch ဟာ Premium Design နဲ့ Smartwatch တစ်ခုဖြစ်သလို Feature အမိုက်စားတွေလည်း အများအပြားပါဝင်မှာဖြစ်ပါတယ်။

Vivo Watch ဟာ Size အနေနဲ့ 42mm , 46mm ဆိုပြီး ၂ မျိုး ထွက်ရှိလာမှာဖြစ်ပြီး 42mm မှာ 1.19″ နဲ့ 46mm မှာ 1.39″ AMOLED Display တွေပါဝင်မှာဖြစ်ပါတယ်။ ကိုယ်ထည်ကိုလည်း Stainless Steel Body ကို အသုံးပြုထားတဲ့အတွက် ပုံမှန်အသုံးပြုမှုတွေမှာ သိသိသာသာကို အကြမ်းခံနိုင်မှာပါ။

ဘေးဘောင်တွေကိုလည်း Precision Ceramic နဲ့ ပြုလုပ်ထားတယ်လို့ သိရပြီး ပုံမှန် Stainless Steel ထက် မာကျောမှု ၄ ဆ ပိုကောင်းမယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Smartwatch တစ်လုံးအနေနဲ့ကတော့ တော်တော်လေးကို Premium ဆန်နေမှာဖြစ်ပါတယ်။

Feature ပိုင်းတွေအနေနဲ့ကတော့ Blood Oxygen ၊ Accelerometer ၊ Air Pressure ၊ Geomagnetism ၊ Ambient Light ၊ Positioning နဲ့တခြားသော တိုင်းတာမှုမျိုးစုံအတွက်လည်း Sensor ၆ မျိုးထည့်သွင်းထားမှာဖြစ်ပါတယ်။ GPS System အနေနဲ့လည်း Major Global System ၄ မျိုးစလုံးကို Support ပြုလုပ်နိုင်ပြီး လက်ရှိ Dual-system Positioning တွေထက် ပိုပြီးတိကျတယ်လို့ သိရပါတယ်။

Fitness ပိုင်းမှာလည်း Vivo Watch ဟာ Outdoor Running ၊ Swimming ၊ Cycling အပါအဝင် အားကစား ၁၁ မျိုးကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်။ ကျန်တဲ့ Music Playback ၊ NFC နဲ့ JOVI Voice Assistant တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ Battery Life အနေနဲ့ကတော့ 42mm Version မှာ ၉ ရက်နဲ့ 46mm က ၁၈ ရက်အထိ အများဆုံးအသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Vivo Watch ဟာ စျေးနှုန်းအနေနဲ့ကတော့ ၁,၂၉၉ ယွမ် (မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ Global Version အနေနဲ့ကတော့ လောလောဆယ်မှာ မိတ်ဆက်သွားဦးမှာမဟုတ်ပါဘူး။

Ref – Gizmo China