Zawgyi

Vivo ကုမၸဏီဟာ သူတုိ႔ကုိယ္ပုိင္ခ်စ္ပ္ဆက္တည္ေဆာက္ဖို႔ ႀကိဳးစားေနတယ္ဆုိတဲ့ သတင္းေတြကို ပယ္ခ်လိုက္ၿပီး အခုႏွစ္ကုန္ပုိင္းေလာက္မွာ Samsung ရဲ႕ ေနာက္ဆုံးေပၚ Exynos 980 ကိုအေျခခံတည္ေဆာက္ထားမယ့္ စမတ္ဖုန္းအား ထုတ္လုပ္လာမယ္လို႔ အတည္ျပဳလုိက္ပါတယ္။ Exynos 980 ကုိမိတ္ဆက္စဥ္ကလည္း လက္တြဲထုတ္လုပ္မယ့္ စမတ္ဖုန္းကုမၸဏီအျဖစ္ သူတုိ႔ရဲ႕နာမည္ကို ထည့္သြင္းေၾကညာခံခဲ့ရတဲ့ Vivo ဟာ ဒီခ်စ္ပ္ဆက္ကို အသုံးျပဳလာမယ့္ ပထမဆုံး စမတ္ဖုန္းထုတ္လုပ္သူလည္း ျဖစ္ပါတယ္။

Exynos 980 ကေတာ့ Mid-range ခ်စ္ပ္ဆက္ေတြထဲမွာ 5G Modem ထည့္သြင္းလာတဲ့ ပထမဆုံးခ်စ္ပ္ ျဖစ္ပါတယ္။ 8nm တည္ေဆာက္ပုံေပၚမွာ Cortex-A77 Core ႏွစ္ခု၊ A55 Core ေျခာက္ခုနဲ႔ Mali-G76 MP5 GPU တုိ႔ျဖင့္ တည္ေဆာက္လာမွာျဖစ္ပါတယ္။ တစ္ပါတည္း Modem ပါဝင္တဲ့စနစ္ကို အသုံးျပဳျခင္းက Motherboard တည္ေဆာက္ပုံကို ရွင္းလင္းေစၿပီး ပါဝါစားလည္း ပိုသက္သာေစတယ္။

နာမည္ေက်ာ္ခ်စ္ပ္ဆက္ထုတ္လုပ္သူျဖစ္တဲ့ Qualcomm ကလည္း သူတုိ႔ရဲ႕ Snapdragon 6 နဲ႔ 7 စီးရီးေတြမွာ 5G Modem ပါတဲ့ Mid-range Chip ေတြကို ထုတ္လုပ္မယ္လို႔ အတည္ျပဳၿပီးသားပါ။ အခုလအေစာပိုင္းမွာေတာ့ Oppo ရဲ႕ အႀကီးအကဲ Brian Shen က သူတုိ႔ဟာ 5G Modem ပါတဲ့ Qualcomm ရဲ႕ Mid-range ခ်စ္ပ္ေတြကို ပထမဆုံးအသုံးျပဳမယ့္ ကုမၸဏီျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ Snapdragon SDM7250 ဟာ 7nm Process နဲ႔တည္ေဆာက္မွာျဖစ္ၿပီး အခုႏွစ္ကုန္မွာ မိတ္ဆက္ႏုိင္မယ္လို႔ ေမွ်ာ္မွန္းထားပါတယ္။

ဒီပုံစံအတုိင္းဆုိရင္ေတာ့ 5G နက္ဝပ္ခ်ဲ႕ထြင္လာတာနဲ႔အမွ် ေစ်းသက္သာတဲ့ စမတ္ဖုန္းေတြဆီကို 5G Connection ယူေဆာင္လာေပးႏုိင္ဖို႔ စမတ္ဖုန္းကုမၸဏီေတြ အၿပိဳင္အဆုိင္ႀကိဳးစားၾကေတာ့မယ့္ပုံပါပဲ။ Qualcomm ကို ေရြးခ်ယ္ၾကသူေတြလည္း ရွိေပမယ့္ Motorola ကလည္း Samsung ရဲ႕ကုိုယ္ပုိင္ခ်စ္ပ္ဆက္ေတြကိုပဲ အားကိုးမယ့္အျပင္ Samsung ရဲ႕ Galaxy A စီးရီးမွာလည္း Exynos 980 ကိုျမင္ရဦးမွာပါ။

Ref – GSM Arena

Unicode

Vivo ကုမ္ပဏီဟာ သူတို့ကိုယ်ပိုင်ချစ်ပ်ဆက်တည်ဆောက်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေကို ပယ်ချလိုက်ပြီး အခုနှစ်ကုန်ပိုင်းလောက်မှာ Samsung ရဲ့ နောက်ဆုံးပေါ် Exynos 980 ကိုအခြေခံတည်ဆောက်ထားမယ့် စမတ်ဖုန်းအား ထုတ်လုပ်လာမယ်လို့ အတည်ပြုလိုက်ပါတယ်။ Exynos 980 ကိုမိတ်ဆက်စဉ်ကလည်း လက်တွဲထုတ်လုပ်မယ့် စမတ်ဖုန်းကုမ္ပဏီအဖြစ် သူတို့ရဲ့နာမည်ကို ထည့်သွင်းကြေညာခံခဲ့ရတဲ့ Vivo ဟာ ဒီချစ်ပ်ဆက်ကို အသုံးပြုလာမယ့် ပထမဆုံး စမတ်ဖုန်းထုတ်လုပ်သူလည်း ဖြစ်ပါတယ်။

Exynos 980 ကတော့ Mid-range ချစ်ပ်ဆက်တွေထဲမှာ 5G Modem ထည့်သွင်းလာတဲ့ ပထမဆုံးချစ်ပ် ဖြစ်ပါတယ်။ 8nm တည်ဆောက်ပုံပေါ်မှာ Cortex-A77 Core နှစ်ခု၊ A55 Core ခြောက်ခုနဲ့ Mali-G76 MP5 GPU တို့ဖြင့် တည်ဆောက်လာမှာဖြစ်ပါတယ်။ တစ်ပါတည်း Modem ပါဝင်တဲ့စနစ်ကို အသုံးပြုခြင်းက Motherboard တည်ဆောက်ပုံကို ရှင်းလင်းစေပြီး ပါဝါစားလည်း ပိုသက်သာစေတယ်။

နာမည်ကျော်ချစ်ပ်ဆက်ထုတ်လုပ်သူဖြစ်တဲ့ Qualcomm ကလည်း သူတို့ရဲ့ Snapdragon 6 နဲ့ 7 စီးရီးတွေမှာ 5G Modem ပါတဲ့ Mid-range Chip တွေကို ထုတ်လုပ်မယ်လို့ အတည်ပြုပြီးသားပါ။ အခုလအစောပိုင်းမှာတော့ Oppo ရဲ့ အကြီးအကဲ Brian Shen က သူတို့ဟာ 5G Modem ပါတဲ့ Qualcomm ရဲ့ Mid-range ချစ်ပ်တွေကို ပထမဆုံးအသုံးပြုမယ့် ကုမ္ပဏီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ Snapdragon SDM7250 ဟာ 7nm Process နဲ့တည်ဆောက်မှာဖြစ်ပြီး အခုနှစ်ကုန်မှာ မိတ်ဆက်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

ဒီပုံစံအတိုင်းဆိုရင်တော့ 5G နက်ဝပ်ချဲ့ထွင်လာတာနဲ့အမျှ ဈေးသက်သာတဲ့ စမတ်ဖုန်းတွေဆီကို 5G Connection ယူဆောင်လာပေးနိုင်ဖို့ စမတ်ဖုန်းကုမ္ပဏီတွေ အပြိုင်အဆိုင်ကြိုးစားကြတော့မယ့်ပုံပါပဲ။ Qualcomm ကို ရွေးချယ်ကြသူတွေလည်း ရှိပေမယ့် Motorola ကလည်း Samsung ရဲ့ကိုယ်ပိုင်ချစ်ပ်ဆက်တွေကိုပဲ အားကိုးမယ့်အပြင် Samsung ရဲ့ Galaxy A စီးရီးမှာလည်း Exynos 980 ကိုမြင်ရဦးမှာပါ။

Ref – GSM Arena