[Zawgyi]

Vivo ဟာ ဒီတစ္ပတ္ထဲမွာ စမတ္ဖုန္းသစ္ႏွစ္လုံးကို ေၾကညာၿပီး ျဖန႔္ခ်ိခဲ့ၿပီးပါၿပီ။ ဒါေပမယ့္ တ႐ုတ္စမတ္ဖုန္းကုမၸဏီက အားရေက်နပ္ျခင္း မရွိေသးပါဘူး။ Vivo X23 ကို Version သစ္နဲ႔ ထပ္ၿပီးမိတ္ဆက္မိတ္ဆက္ဦးမွာပါ။ Sanapdragon 660 နဲ႔ Selfie ကင္မရာအသစ္ကို အသုံးျပဳၿပီး X23 Symphony Edition အေနနဲ႔ ျဖန႔္ခ်ိမွာ ျဖစ္ပါတယ္။

Vivo X23 Symphony Edition ဟာ ပုံမွန္ X23 နဲ႔ အ႐ြယ္အစားတူ 6.41-inch AMOLED မ်က္ႏွာျပင္ကို သုံးထားမွာပါ။ Full HD+ resolution ျဖစ္ၿပီး မ်က္ႏွာျပင္အခ်ိဳးက 19.5:9 ျဖစ္ပါတယ္။ Fingerprint Scanner ကေတာ့ မ်က္ႏွာျပင္ေအာက္မွာပါ။ ေက်ာဘက္ကေတာ့ သိပ္ၿပီးမ်က္စိမေနာက္ေတာ့တဲ့ ဒီဇိုင္းနဲ႔ ျပဳလုပ္ထားပါတယ္။

Vivo X23 Symphony Edition ရဲ႕ SoC ကိုေတာ့ 12nm Snapdragon 660 တပ္ဆင္ေပးထားၿပီး 6GB RAM ပဲ တပ္ဆင္ေပးထားတာပါ။ ဒီပမာဏေတြက X3 ထက္ ေလ်ာ့နည္းသြားတာလည္း ျဖစ္ပါတယ္။ သိုေလွာင္မႈပမာဏကေတာ့ 128GB အတိုင္း က်န္ခဲ့ပါတယ္။ ဒါေပမယ့္ Card slot မပါဝင္တဲ့အတြက္ ပမာဏကို ခ်ဲ႕ထြင္လို႔မရေတာ့ပါဘူး။ ေက်ာဘက္မွာေတာ့ ကင္မရာ ႏွစ္လုံး တပ္ဆင္ေပးထားပါတယ္။ အဓိက ကင္မရာက 12MP primary sensor f/1.8 ျဖစ္ၿပီး ဒုတိယကင္မရာကေတာ့ 13MP f/2.4 aperture နဲ႔ ျဖစ္ပါတယ္။

အေရွ႕ဘက္ Selfie ကင္မရာကေတာ့ 24.8MP ျဖစ္ပါတယ္။ 12MP ပဲရွိတဲ့ X23 နဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ ပမာဏက ႏွစ္ဆအထိ တက္သြားတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ f/2.0 ခ်င္းကေတာ့ အတူတူပဲ ျဖစ္ပါတယ္။ က်န္တဲ့ Speces ေတြကေတာ့ အမ်ားႀကီး ေျပာင္းလဲမႈ မရွိဘူးလို႔ ဆိုရမွာပါ။ 3,400 mAh ဘက္ထရီ၊ MicroUSB prot, 3.5 mm audio jack, Android 8.1 Oreo ေပၚအေျခခံထားတဲ့ Funtouch OS ပဲ ျဖစ္ပါတယ္။ ႏိုဝင္ဘာ ၂၃ မွာမွ စတင္ေရာင္းခ်မယ္လို႔ သိရပါတယ္။ ေဈးႏႈန္းကေတာ့ ($400) ျဖစ္တဲ့အတြက္ ျမန္မာေငြ က်ပ္ ၆သိန္းဝန္းက်င္လို႔ ဆိုရမွာပါ။ Vivo X23 Symphony Edition ကို Starry Black နဲ႔ Arctic Pink ဆိုၿပီး ေ႐ြးခ်ယ္ႏိုင္မယ္လို႔ သိရပါတယ္။

Ref: GSMarena

 

[Unicode]

Vivo ဟာ ဒီတစ်ပတ်ထဲမှာ စမတ်ဖုန်းသစ်နှစ်လုံးကို ကြေညာပြီး ဖြန့်ချိခဲ့ပြီးပါပြီ။ ဒါပေမယ့် တရုတ်စမတ်ဖုန်းကုမ္ပဏီက အားရကျေနပ်ခြင်း မရှိသေးပါဘူး။ Vivo X23 ကို Version သစ်နဲ့ ထပ်ပြီးမိတ်ဆက်မိတ်ဆက်ဦးမှာပါ။ Sanapdragon 660 နဲ့ Selfie ကင်မရာအသစ်ကို အသုံးပြုပြီး X23 Symphony Edition အနေနဲ့ ဖြန့်ချိမှာ ဖြစ်ပါတယ်။

Vivo X23 Symphony Edition ဟာ ပုံမှန် X23 နဲ့ အရွယ်အစားတူ 6.41-inch AMOLED မျက်နှာပြင်ကို သုံးထားမှာပါ။ Full HD+ resolution ဖြစ်ပြီး မျက်နှာပြင်အချိုးက 19.5:9 ဖြစ်ပါတယ်။ Fingerprint Scanner ကတော့ မျက်နှာပြင်အောက်မှာပါ။ ကျောဘက်ကတော့ သိပ်ပြီးမျက်စိမနောက်တော့တဲ့ ဒီဇိုင်းနဲ့ ပြုလုပ်ထားပါတယ်။

Vivo X23 Symphony Edition ရဲ့ SoC ကိုတော့ 12nm Snapdragon 660 တပ်ဆင်ပေးထားပြီး 6GB RAM ပဲ တပ်ဆင်ပေးထားတာပါ။ ဒီပမာဏတွေက X3 ထက် လျော့နည်းသွားတာလည်း ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏကတော့ 128GB အတိုင်း ကျန်ခဲ့ပါတယ်။ ဒါပေမယ့် Card slot မပါဝင်တဲ့အတွက် ပမာဏကို ချဲ့ထွင်လို့မရတော့ပါဘူး။ ကျောဘက်မှာတော့ ကင်မရာ နှစ်လုံး တပ်ဆင်ပေးထားပါတယ်။ အဓိက ကင်မရာက 12MP primary sensor f/1.8 ဖြစ်ပြီး ဒုတိယကင်မရာကတော့ 13MP f/2.4 aperture နဲ့ ဖြစ်ပါတယ်။

အရှေ့ဘက် Selfie ကင်မရာကတော့ 24.8MP ဖြစ်ပါတယ်။ 12MP ပဲရှိတဲ့ X23 နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပမာဏက နှစ်ဆအထိ တက်သွားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် f/2.0 ချင်းကတော့ အတူတူပဲ ဖြစ်ပါတယ်။ ကျန်တဲ့ Speces တွေကတော့ အများကြီး ပြောင်းလဲမှု မရှိဘူးလို့ ဆိုရမှာပါ။ 3,400 mAh ဘက်ထရီ၊ MicroUSB prot, 3.5 mm audio jack, Android 8.1 Oreo ပေါ်အခြေခံထားတဲ့ Funtouch OS ပဲ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၃ မှာမှ စတင်ရောင်းချမယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ ($400) ဖြစ်တဲ့အတွက် မြန်မာငွေ ကျပ် ၆သိန်းဝန်းကျင်လို့ ဆိုရမှာပါ။ Vivo X23 Symphony Edition ကို Starry Black နဲ့ Arctic Pink ဆိုပြီး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Ref: GSMarena