Vivo X30 ကို အရင်နှစ် ဒီဇင်ဘာလက ကြေညာခဲ့ပြီး Black, Peach နဲ့ Light Blue အရောင် ၃ မျိုး ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ Rainbow Shadow အရောင် အသစ်ကို ရောင်းချပေးလိုက်ပါတယ်။ နာမည်အတိုင်းပဲ အရောင်အသစ်ဟာ သက်တန့်အရောင်နဲ့ တူပြီး Light Blue Version နဲ့လည်း ဆင်ပါတယ်။ ရှုထောင့် ပြောင်းကြည့်ရင် ပန်းရောင် ၊ လိမ္မော်၊ အပြာနဲ့ အစိမ်းရောင်တွေ ပြောင်းသွားတာက အရမ်း မိုက်ပါတယ်။

Vivo X30 ရဲ့ Rainbow Shadow Version အတွက် အရင် Version တွေလိုပဲ Memory Configuration ၂ မျိုး ထုတ်လုပ်ပေးထားပါတယ်။ 8/128GB ကို ၃,၂၉၈ ယွမ်နဲ့ 8/256GB ကို ၃,၅၉၈ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၆ သိန်း ၆ သောင်းနဲ့ ၇ သိန်း ၂ သောင်းလောက် အသီးသီးရှိပါတယ်။ Vivo ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေ တရုတ်မှာ ရောင်းပေးနေပြီ ဖြစ်ပါတယ်။

Vivo X30 မှာ Exynos 980 SoC မောင်းနှင်ထားပြီး ၆.၄၄ လက်မ FullHD+ Super AMOLED မျက်နှာပြင် ပါပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးပါလာပြီး 64MP Main ၁ လုံး ထည့်ထားပါတယ်။ 33W Fast Charging ပါတဲ့ 4,350mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

Ref : gsmarena