Unicode

Vivo ကနေ ကုမ္ပဏီရဲ့ ပထမဆုံး Mainstream 5G စမတ်ဖုန်းဖြစ်လာမယ့် Vivo X30 Series စမတ်ဖုန်းတွေကို မိတ်ဆက်မယ်ဆိုပြီး ပြောဆိုနေတာအခုဆိုရင် အချိန်အနေနဲ့ လပိုင်းတောင်ရှိနေပါပြီ။ အခုတော့ Vivo ကနေ အဆိုပါ X30 Series စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို ထုတ်ဖော်ပြောကြားလိုက်ပါပြီ။

Vivo ရဲ့ ပြောကြားချက်အရတော့ Vivo X30 စမတ်ဖုန်းဟာ လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ တရားဝင်မိတ်ဆက်လာမှာဖြစ်ပြီးတော့ SA နဲ့ NSA 5G Mode တွေကို Support ပြုလုပ်မယ့် Vivo X30 နဲ့ X30 Pro ဖုန်း ၂ မျိုးကို မိတ်ဆက်လာဖို့များနေပါတယ်။ အဆိုပါ စမတ်ဖုန်းတွေဟာ Processor ပိုင်းအနေနဲ့ Samsung Exynos 980 Chipset ကို အသုံးပြုလာမှာလည်းဖြစ်ပါတယ်။

အဆိုပါ Exynos 980 Chipset ဟာဆိုရင် Cortex A77 Architecture ကိုအသုံးပြုထားသလို 5G Modem ပါ တပါတည်းပါဝင်တဲ့ Chipset တစ်ခုလည်းဖြစ်ပါတယ်။ Vivo ရဲ့ ပြောကြားချက်အရတော့ အသုံးပြုသူတွေအနေနဲ့ ကောင်းမွန်တဲ့ 5G Experience ကိုရရှိစေဖို့အတွက် Optimization တွေအများအပြားပြုလုပ်ထားသေးတယ်လို့လည်း သိရပါတယ်။

Vivo X30 Series ဖုန်းတွေဟာ Quad Camera Setup ကို အသုံးပြုလာမယ့်အပြင် 60x Super Zoom နည်းပညာကိုလည်း ထည့်သွင်းထားတယ်လို့ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ Selfie Camera ကိုတော့ Punch-hole Display အနေနဲ့ ထည့်သွင်းထားမှာဖြစ်သလို In-Display Fingerprint Scanner လည်းပါဝင်ဦးမှာဖြစ်ပါတယ်။ Screensize အနေနဲ့ကတော့ Vivo S5 လိုမျိုးပဲ 6.44″ ရှိမယ်လို့ ယူဆရပါတယ်။

Vivo X30 Series တွေဟာ Funtouch OS ကိုအစားထိုးထားတဲ့ JoviOS အသစ်နဲ့ မိတ်ဆက်လာမှာဖြစ်သလို 33W Fast Charging ကိုလည်း Support ပြုလုပ်လာမှာဖြစ်ပါတယ်။ Vivo ကတော့ Red နဲ့ Aurora ဆိုပြီး Gradient အရောင် ၂ မျိုးနဲ့ မိတ်ဆက်မှာကို အတည်ပြုထားခဲ့ပြီးတော့ ကျန်တဲ့အချက်အလက်တွေကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာပဲ သိရှိရမှာပါ။

Ref – Gizmo China

Zawgyi

Vivo ကေန ကုမၸဏီရဲ႕ ပထမဆုံး Mainstream 5G စမတ္ဖုန္းျဖစ္လာမယ့္ Vivo X30 Series စမတ္ဖုန္းေတြကို မိတ္ဆက္မယ္ဆိုၿပီး ေျပာဆိုေနတာအခုဆိုရင္ အခ်ိန္အေနနဲ႔ လပိုင္းေတာင္ရွိေနပါၿပီ။ အခုေတာ့ Vivo ကေန အဆိုပါ X30 Series စမတ္ဖုန္းေတြကို တရားဝင္မိတ္ဆက္မယ့္အခ်ိန္ကို ထုတ္ေဖာ္ေျပာၾကားလိုက္ပါၿပီ။

Vivo ရဲ႕ ေျပာၾကားခ်က္အရေတာ့ Vivo X30 စမတ္ဖုန္းဟာ လာမယ့္ ဒီဇင္ဘာလ ၁၆ ရက္ေန႔မွာ တရားဝင္မိတ္ဆက္လာမွာျဖစ္ၿပီးေတာ့ SA နဲ႔ NSA 5G Mode ေတြကို Support ျပဳလုပ္မယ့္ Vivo X30 နဲ႔ X30 Pro ဖုန္း ၂ မ်ိဳးကို မိတ္ဆက္လာဖို႔မ်ားေနပါတယ္။ အဆိုပါ စမတ္ဖုန္းေတြဟာ Processor ပိုင္းအေနနဲ႔ Samsung Exynos 980 Chipset ကို အသုံးျပဳလာမွာလည္းျဖစ္ပါတယ္။

အဆိုပါ Exynos 980 Chipset ဟာဆိုရင္ Cortex A77 ကိုအသုံးျပဳထားသလို 5G Modem ပါ တပါတည္းပါဝင္တဲ့ Chipset တစ္ခုလည္းျဖစ္ပါတယ္။ Vivo ရဲ႕ ေျပာၾကားခ်က္အရေတာ့ အသုံးျပဳသူေတြအေနနဲ႔ ေကာင္းမြန္တဲ့ 5G Experience ကိုရရွိေစဖို႔အတြက္ Optimization ေတြအမ်ားအျပားျပဳလုပ္ထားေသးတယ္လို႔လည္း သိရပါတယ္။

Vivo X30 Series ဖုန္းေတြဟာ Quad Camera Setup ကို အသုံးျပဳလာမယ့္အျပင္ 60x Super Zoom နည္းပညာကိုလည္း ထည့္သြင္းထားတယ္လို႔ အတည္ျပဳခဲ့ၿပီးျဖစ္ပါတယ္။ Selfie Camera ကိုေတာ့ Punch-hole Display အေနနဲ႔ ထည့္သြင္းထားမွာျဖစ္သလို In-Display Fingerprint Scanner လည္းပါဝင္ဦးမွာျဖစ္ပါတယ္။ Screensize အေနနဲ႔ကေတာ့ Vivo S5 လိုမ်ိဳးပဲ 6.44″ ရွိမယ္လို႔ ယူဆရပါတယ္။

Vivo X30 Series ေတြဟာ Funtouch OS ကိုအစားထိုးထားတဲ့ JoviOS အသစ္နဲ႔ မိတ္ဆက္လာမွာျဖစ္သလို 33W Fast Charging ကိုလည္း Support ျပဳလုပ္လာမွာျဖစ္ပါတယ္။ Vivo ကေတာ့ Red နဲ႔ Aurora ဆိုၿပီး Gradient အေရာင္ ၂ မ်ိဳးနဲ႔ မိတ္ဆက္မွာကို အတည္ျပဳထားခဲ့ၿပီးေတာ့ က်န္တဲ့အခ်က္အလက္ေတြကိုေတာ့ လာမယ့္ ဒီဇင္ဘာလ ၁၆ ရက္ေန႔မွာပဲ သိရွိရမွာပါ။

Ref – Gizmo China