Vivo ကုမ္ပဏီဟာ မကြာခင်မှာ Mid-range တန်း စမတ်ဖုန်းသစ်နှစ်လုံးမိတ်ဆက်လာတော့မှာဖြစ်ပြီး Vivo X50 Lite နဲ့ X50e လို့ခေါ်တွင်လာမှာဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။

အသစ်ထွက်လာမယ့် အထက်ပါဖုန်းနှစ်လုံးအနက် Vivo X50e ကသာ 5G နက်ဝပ်ချိတ်ဆက်နိုင်စွမ်းပါဝင်မယ် လို့လည်း ဆိုထားပါတယ်။ ဒါပေမယ့် Vivo X50e ဟာ တရုတ်ပြည်တွင်းဈေးကွက်မှာ Vivo Z6 5G အဖြစ် မိတ်ဆက်ထားတဲ့ ဟန်းဆက်ကိုပဲ အမည်သစ်နဲ့ မိတ်ဆက်လာတာဖြစ်နိုင်တာကိုလည်း မမေ့ထားသင့်ပါဘူး။

Vivo X50 Lite ကတော့ 4G ကိုပဲ ဆက်လက်ထောက်ပံ့လာဦးမယ်လို့ ဆိုပါတယ်။ X50 Lite ဟာ Wi-Fi Alliance ရဲ့ အတည်ပြုချက်ကိုလည်း ရရှိပြီးသားဖြစ်တာကြောင့် မကြာခင်မှာ ထွက်ရှိလာမယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမယ့် လောလောဆယ် ဒီထက်ပိုပြီး ဘာမှမသိရသေးပါဘူး။

Vivo X50 Lite ဟာ လက်ရှိအသစ်မိတ်ဆက်လာတဲ့ Realme 6 Pro နဲ့တူညီတဲ့ ဈေးကွက်ကိုပဲ ပစ်မှတ်ထားလာမယ်လို့တော့ ယူဆရပါတယ်။ Vivo X50 Lite နဲ့ X50e တို့အပြင် နောက်ထပ် High-end လယ်ဗယ် ဟန်းဆက်အသစ်တစ်ခုကိုလည်း Vivo X50 Pro အဖြစ် မိတ်ဆက်လာဖို့ရှိကြောင်းလည်း သတင်းထွက်ထားပါတယ်။

Ref – Playful Droid