Vivo က ဒီလ အစောပိုင်းမှာ နောက်ဆုံးထုတ် အလန်းစား စမတ်ဖုန်းကို ကြေညာခဲ့ပြီး အဲဒါကတော့ Vivo X50 Pro ဖြစ်ပါတယ်။ အဲဒီ ဖုန်းမှာ Gimbal Optical Image Stabilization System ထည့်ထားပြီး သမားရိုးကျ OIS System တွေထက် ပိုမိုက်ပါတယ်။

X50 Pro ကို X50 , X50 Pro+ တို့နဲ့အတူ ကြေညာခဲ့ပြီး Pro+ မှာတော့ Gimbal Stabilization မပါလာခဲ့ပါဘူး။ အဲဒီ စမတ်ဖုန်းတွေကို တရုတ်မှာ ကြေညာခဲ့ပြီး အခုတော့ နောက်လမှာ တရုတ် ပြင်ပမှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

ဘယ်နိုင်ငံတွေမှာ ရောင်းမလဲဆိုတာ Vivo က မကြေညာသေးပါဘူး။ တရုတ် ပြင်ပက Vivo လက်လှမ်းမှီတဲ့ နေရာ အားလုံးမှာ ရောင်းချနိုင်ပါတယ်။ အာရှမှာ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား နိုင်ငံတွေမှာ ရောင်းချမယ်လို့ ထင်ပါတယ်။ အိန္ဒိယမှာတော့ သေချာပေါက် ရောင်းချမှာ ဖြစ်ပြီး ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : gsmarena