vivo က ပြီးခဲ့တဲ့ လက တရုတ်မှာ X90 Series ကို ကြေညာခဲ့ပြီး နိုင်ငံတကာမှာ မိတ်ဆက်မယ့် အချိန်ကို မပြောသေးပါဘူး။ အခုတော့ တွစ်တာမှာ ထွက်ပေါ်လာတဲ့ ပိုစတာ ၁ ခုအရ vivo X90 Series ကို နိုင်ငံတကာမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ကြေညာနိုင်ပါတယ်။

vivo X90 series' global launch date revealed by leaked poster

vivo X90 Series မှာ စမတ်ဖုန်း ၃ လုံး ပါဝင်ပြီး X90, X90 Pro နဲ့ X90 Pro+ တို့ ဖြစ်ကြပါတယ်။ ပေါက်ကြားလာတဲ့ ပိုစတာမှာ အဲဒီ စမတ်ဖုန်း ၃ လုံးရဲ့ အမည်တွေကို သီးခြား မဖော်ပြထားပေမယ့် X90 Series လို့ ရေးသားထားပါတယ်။ ၃ လုံးစလုံးကို နိုင်ငံတကာမှာ မကြေညာရင်တောင် အနည်းဆုံး ၂ လုံးကို ကြေညာနိုင်ပါတယ်။

vivo X90 Pro+ ဟာ အားလုံးထဲမှာ စွမ်းရည် အမြင့်ဆုံး ဖြစ်ပြီး Snapdragon 8 Gen 2 SoC နဲ့ 50MP ၁ လက်မ ပင်မ ကင်မရာ တပ်ဆင်ထားပါတယ်။ ပင်မ ကင်မရာကို 48MP Ultrawide, 50MP Telephoto နဲ့ 64MP Periscope ကင်မရာတွေက အားဖြည့်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။

X90 Pro+ မှာ ၆.၇၈ လက်မ 120Hz 1440p LTPO4 AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားပါတယ်။ Android 13 အခြေပြု OriginOS Ocean မောင်းနှင်ထားပြီး 12GB RAM နဲ့ 512GB Storage အထိ ရွေးချယ်နိုင်ပါတယ်။ 80W Wired နဲ့ 50W Wireless Charging ပါတဲ့ 4,700mAh ဘက်ထရီ ပါပါတယ်။

Ref : gsmarena