vivo က တရုတ်မှာ Y100i 5G ကို ကြေညာလိုက်ပြီး RAM နဲ့ ROM ပမာဏများစွာ ပါပါတယ်။ စွမ်းရည်သင့် ဖုန်းမှာ 12GB RAM နဲ့ 512GB Storage တောင် ထည့်ပေးထားတာက ထူးခြားပြီး အရွယ်အစားကြီးမားတဲ့ ဖိုင်တွေကို သိမ်းဆည်းနိုင်မှာပါ။

Vivo Y100i 5G launched

vivo Y100i 5G မှာ အဆင့်မြင့် Lenses တွေ တပ်ဆင်ထားတဲ့ အနောက်ကင်မရာ ၂ လုံး ပါပါတယ်။ vivo က ကင်မရာ အပါအဝင် ဖုန်းရဲ့ တခြား Specs တွေကို မပြောသေးဘဲ ဒီဇိုင်း၊ ဈေးနှုန်းနဲ့ အရောင်တွေကိုပဲ ပိုစတာကနေ အသိပေးထားပါတယ်။

ပေါက်ကြားသတင်းအရ vivo Y100i 5G ဟာ vivo Y78 T1 ကို အမည်ပြောင်းထားတာလို့ သိရပါတယ်။ vivo Y100i 5G မှာ MediaTek Dimensity 6020 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 6.64” LCD FHD+ 2388x1080p မျက်နှာပြင် ပါလာမှာပါ။ 240Hz Touch Sampling Rate ထောက်ပံ့ထားမှာပါ။

Vivo Y100i 5G launched

အနောက်ဘက်မှာ 50MP+2MP AI ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားမှာပါ။ 44W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာမှာပါ။ နားကြပ်ပေါက် တပ်ဆင်ထားပြီး အထူက ၇.၉၈ မီလီမီတာနဲ့ အလေးချိန်က ၁၉၀ ဂရမ် ဖြစ်မှာပါ။

vivo Y100i 5G အတွက် Blue နဲ့ Pink ၂ ရောင် ထုတ်လုပ်ထားပြီး ၂၂၀ ဒေါ်လာပဲ ကျသင့်ပါတယ်။ ဒီလ ၂၈ ရက်နေ့ စတင် ရောင်းချမှာပါ။

Ref : gizmochina