vivo က တရုတ်မှာ Y100i Power ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းရဲ့ အရွယ်အစား အပြည့်အစုံက 164.64 x 75.8 x 9.1mm နဲ့ အလေးချိန်က ၁၉၉.၆ ဂရမ် ဖြစ်ပါတယ်။ 6.64” IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး Punch Hole ပါပါတယ်။ Full HD+ Resolution (1080x2388pixels) နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Android 13 အခြေပြု Origin OS 3 မောင်းနှင်ထားပါတယ်။

Vivo Y100i launches as a mid-range smartphone with 512 GB memory and 50 MP  dual camera - NotebookCheck.net News

Y100i Power မှာ Snapdragon 6 Gen 1 Chip မောင်းနှင်ထားပြီး 44W Fast Charging ထောက်ပံ့တဲ့ 6,000mAh Battery ပါပါတယ်။ 12GB LPDDR4x RAM နဲ့ 512GB UFS 2.2 Storage ၁ မျိုးထဲ ထုတ်လုပ်ထားပါတယ်။ 12GB Virtual RAM အသုံးပြုနိုင်ပြီး အပူလျှော့ချပေးတဲ့ စနစ် ထည့်သွင်းထားပါတယ်။

Power-Packed Vivo Y100i, A Comprehensive Review - World Affairs Insider

အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 50MP Main , 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ dual SIM, 5G, Wi-Fi 802.11ac, Bluetooth 5.1, GPS နဲ့ USB-C port စတဲ့ ဆက်သွယ်မှုတွေ ပါပါတယ်။

vivo Y100i Power ကို တရုတ်မှာ ၂,၀၉၉ ယွမ် (၂၉၅ ဒေါ်လာ) သတ်မှတ်ထားပြီး Black, White နဲ့ Blue  အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina