[Zawgyi]

Vivo က စြမ္းရည္နိမ့္ တန္ဖိုးနည္း စမတ္ဖုန္း အသစ္တစ္လံုးကို ဗီယက္နမ္မွာ ေၾကညာလိုက္ပါတယ္။ Vivo Y11 (2019) လို႔ နာမည္ေပးထားၿပီး Vivo Y12 နဲ႔ ဒီဇိုင္းေတာ္ေတာ္ တူပါတယ္။ ဒါေပမယ့္ အေနာက္ဘက္မွာ ကင္မရာ တစ္လံုး ေလွ်ာ့ခ်ထားၿပီး Helio P22 Chipset အစား Snapdragon 439 ထည့္ထားပါတယ္။

Vivo Y11 (2019) မွာ ၆.၃၅ လက္မ HD+ Display ထည့္သြင္းထားၿပီး အရြယ္ေသး Notch မွာ 8MP Selfie Camera တပ္ထားပါတယ္။ အေနာက္ဘက္မွာ 13MP Main Shooter ကို 2MP Depth Sensor နဲ႔ ေပါင္းစပ္ထားပါတယ္။ လက္ေဗြရာ အာရံုခံ ကိရိယာကိုလည္း အေနာက္ဘက္မွာ ျမွပ္ႏွံထားပါတယ္။ Snapdragon 439 Chipset , 3GB RAM နဲ႔ 32GB Storage ေတြ ထည့္ထားၿပီး microSD Card စိုက္ႏိုင္ပါတယ္။

10W Charging ပါတဲ့ 5,000mAh Battery ကေတာ့ လန္းပါတယ္။ ဒါေပမယ့္ ဒိတ္ေအာက္ေနတဲ့ microUSB Port ပဲထည့္ထားတာက သိပ္မမိုက္ပါဘူး။ Android Pie အေျချပဳ FunTouch OS 9.1 ေမာင္းႏွင္ထားပါတယ္။ Dual SIM Slots , Bluetooth 4.0 နဲ႔ 3.5mm Headphone Jack ေတြ ပါပါတယ္။

Vivo Y11 (2019) ကို ေအာက္တိုဘာလ ၂၂ ရက္ေန႔မွာ ဗီယက္နမ္ ေဒါင္ ၂,၉၉၀,၀၀၀ နဲ႔ ေရာင္းေပးမွာျဖစ္ပါတယ္။ ျမန္မာေငြ ၂ သိန္းေလာက္ပဲရွိၿပီး Coral Red နဲ႔ Jade Green အေရာင္ေတြ ထုတ္လုပ္ထားပါတယ္။

Ref : gsmarena

[Unicode]

၂ သိန်းလောက်ပဲရှိတဲ့ Vivo Y11 (2019) ကို ကြေညာ

Vivo က စွမ်းရည်နိမ့် တန်ဖိုးနည်း စမတ်ဖုန်း အသစ်တစ်လုံးကို ဗီယက်နမ်မှာ ကြေညာလိုက်ပါတယ်။ Vivo Y11 (2019) လို့ နာမည်ပေးထားပြီး Vivo Y12 နဲ့ ဒီဇိုင်းတော်တော် တူပါတယ်။ ဒါပေမယ့် အနောက်ဘက်မှာ ကင်မရာ တစ်လုံး လျှော့ချထားပြီး Helio P22 Chipset အစား Snapdragon 439 ထည့်ထားပါတယ်။

Vivo Y11 (2019) မှာ ၆.၃၅ လက်မ HD+ Display ထည့်သွင်းထားပြီး အရွယ်သေး Notch မှာ 8MP Selfie Camera တပ်ထားပါတယ်။ အနောက်ဘက်မှာ 13MP Main Shooter ကို 2MP Depth Sensor နဲ့ ပေါင်းစပ်ထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကိုလည်း အနောက်ဘက်မှာ မြှပ်နှံထားပါတယ်။ Snapdragon 439 Chipset , 3GB RAM နဲ့ 32GB Storage တွေ ထည့်ထားပြီး microSD Card စိုက်နိုင်ပါတယ်။

10W Charging ပါတဲ့ 5,000mAh Battery ကတော့ လန်းပါတယ်။ ဒါပေမယ့် ဒိတ်အောက်နေတဲ့ microUSB Port ပဲထည့်ထားတာက သိပ်မမိုက်ပါဘူး။ Android Pie အခြေပြု FunTouch OS 9.1 မောင်းနှင်ထားပါတယ်။ Dual SIM Slots , Bluetooth 4.0 နဲ့ 3.5mm Headphone Jack တွေ ပါပါတယ်။

Vivo Y11 (2019) ကို အောက်တိုဘာလ ၂၂ ရက်နေ့မှာ ဗီယက်နမ် ဒေါင် ၂,၉၉၀,၀၀၀ နဲ့ ရောင်းပေးမှာဖြစ်ပါတယ်။ မြန်မာငွေ ၂ သိန်းလောက်ပဲရှိပြီး Coral Red နဲ့ Jade Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena