Vivo က တန်ဖိုးနည်း Y1s ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ Vivo ရဲ့ အိန္ဒိယ ဝက်ဘ်ဆိုက်မှာ စာရင်း တင်ထားပြီး Y1s ရဲ့ အဓိက အစိတ်အပိုင်းတွေက အရွယ်ကြီး မျက်နှာပြင်၊ ကြီးမားတဲ့ ဘက်ထရီနဲ့ သင့်တင့်တဲ့ Processor တို့ ဖြစ်ပါတယ်။

Vivo Y1s Black, Blue colour unboxing, camera, antutu, game test - YouTube

Vivo Y1s မှာ ၆.၂၂ လက်မ Hao FullView LCD မျက်နှာပြင် ထည့်သွင်းထားပြီး အရွယ်သေး Notch တပ်ဆင်ထားပါတယ်။ HD+ Resolution ထောက်ပံ့ထားပြီး 720x1520p ဖြစ်ပါတယ်။ Vivo က Y1s ရဲ့ Screen-to-body Ratio ဟာ ၈၈.၅ ရာခိုင်နှုန်း ရှိတယ်လို့ ပြောပါတယ်။

One-eyed" smartphone Vivo Y1s will be sold for 8500 rubles

Vivo Y1s မှာ Helio P35 Chipset မောင်းနှင်ထားပြီး 2GB RAM ပါပါတယ်။ 32GB Storage ထောက်ပံ့ထားပြီး microSD Card စိုက်နိုင်တဲ့အတွက် ဓါတ်ပုံ၊ ဗီဒီယိုတွေ များများသိမ်းနိုင်ပါတယ်။ Android 10 အခြေပြု FunTouch OS 10.5 မောင်းနှင်ထားပါတယ်။

အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 13MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ ဘက်ထရီက 4,030mAh ဖြစ်ပြီး dual 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 5.0, GPS, microUSB နဲ့ 3.5mm Headphone Jack တို့ ပါပါတယ်။ ၇,၉၉၀ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၄ သောင်းလောက် ရှိပါတယ်။ Aurora Blue နဲ့ Olive Black ၂ ရောင် ထုတ်လုပ်ထားပါတယ်။

Ref : gizmochina