vivo ကနေ vivo Y27 Series ဖုန်းတွေကို မိတ်ဆက်မယ်ဖို့ စီစဥ်နေတယ်ဆိုပြီး သတင်းထွက်ရှိနေတာ ပြီးခဲ့တဲ့ လအစောပိုင်းထဲကဖြစ်ပါတယ်။ အခုအချိန်မှာတော့ vivo ကနေ Y27 4G Version ကို စျေးကွက်အများအပြားအတွက် တရားဝင်မိတ်ဆက်လိုက်ပါပြီ။​

vivo Y27 ဖုန်းဟာ 6.64″ IPS LCD Display ကို အသုံးပြုထားပြီး Full HD+ Resolution ရှိမှာဖြစ်ပါတယ်။ Selfie Camera အတွက် 8MP Sensor ကို Waterdrop Notch Design အနေနဲ့ ထည့်သွင်းပေးထားပါတယ်။

Performance ပိုင်းမှာ MediaTek ရဲ့ Dimensity G85 Chipset ကို အသုံးပြုထားပြီး RAM 6GB အပြင် 128GB Storage ပါဝင်မှာဖြစ်ပါတယ်။ အခုလို RAM 6GB ကို Extended RAM 3.0 Feature ကနေတစ်ဆင့် နောက်ထပ် RAM 6GB အထိ ထပ်မံတိုးချဲ့နိုင်မယ်လို့ သိရပါတယ်။​

Back Camera အတွက် 50MP Main Sensor အပြင် 2MP Portrait Sensor ကို ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ Battery အနေနဲ့ 5000mAh Battery ကိုမှ 44W FlashCharge Fast Charging ကို ထောက်ပံ့ပေးထားပါတယ်။​

Software အနေနဲ့လည်း Android 13 ကို အခြေခံထားတဲ့ Funtouch OS 13 ကို အသုံးပြုထားမှာဖြစ်ပါတယ်။​ အရောင်ပိုင်းမှာ Sea Blue ၊ ​Burgundy Black နဲ့ Garden Green ဆိုပြီး ၃ မျိုး မိတ်ဆက်ထားပါတယ်။​ စျေးနှုန်းအနေနဲ့ မလေးရှားနိုင်ငံမှာ MYR699 နဲ့ အိန္ဒိယနိုင်ငံမှာ INR 14,999 ဖြင့်ရောင်းချနေတဲ့အတွက် မြန်မာငွေ ၄ သိန်းဝန်းကျင်ပဲ ကျသင့်မယ်လို့ ခန့်မှန်းရပါတယ်။

Ref – GSM Arena