Zawgyi

လြန္ခဲ့တဲ့ရက္အနည္းငယ္မွာ Vivo Y3 Standard Edition လို႔ေခၚတဲ့ Vivo စမတ္ဖုန္းသစ္တစ္လုံး ထပ္မံ ထြက္ရွိလာမယ္လို႔ သတင္းေပါက္ၾကားထားပါတယ္။ ယေန႔မွာေတာ့ အဆုိပါဖုန္းရဲ႕ Specs ေတြ အကုန္အစင္ကို တရုတ္ႏုိင္ငံရဲ႕ တယ္လီကြန္း Database ေပၚမွာ ေတြ႕လာရပါၿပီ။ သူ႕နာမည္အတုိင္းပဲ အခုႏွစ္ ေမလမွာ မိတ္ဆက္ခဲ့တဲ့ Vivo Y3 ဖုန္းကို အနည္းငယ္ေလွ်ာ့ခ်လာတဲ့ ထုတ္ကုန္သစ္ပါ။

Vivo Y3 Standard Edition ဟာ ေမာ္ဒယ္နံပါတ္ V1903A နဲ႔ေပၚထြက္လာခဲ့ၿပီး Waterdrop Notch တစ္ခုပါဝင္တဲ့ Display က 6.35” လက္မျဖစ္ကာ 720 x 1544p Resolution ရွိပါတယ္။ ဖုန္းရဲ႕အခ်ဳိးအစားက 159.43 x 76.77 x 8.92mm ျဖစ္ၿပီး 190.5g ေလးပါတယ္။

Vivo Y3 ဟန္းဆက္သစ္ကို Snapdragon 439 ခ်စ္ပ္ဆက္နဲ႔ အားျဖည့္ထားၿပီး မူရင္းဖုန္းမွာေတာ့ MediaTek Helio P35 ကို အသုံးျပဳခဲ့ပါတယ္။ ဘကၳရီက 5,000 mAh ေတာင္ျဖစ္လို႔ ေတာ္ေတာ္ေလး အသုံးခံမွာ ျဖစ္ေပမယ့္ 3C ဝက္ဆုိက္ေပၚက စာရင္းမွာေတာ့ ဖုန္းနဲ႔အတူ 10W အားသြင္းႀကိဳးသာ ပါလာမယ္လို႔ ဆုိပါတယ္။

Y3 Standard Edition ရဲ႕ေရွ႕ဘက္မွာ 8MP Selfie ကင္မရာေလးတစ္ခု ပါဝင္တယ္။ ဖုန္းေနာက္ဘက္မွာ 13MP + 2MP Dual-cam ျဖစ္ပါတယ္။ Fingerprint ကိုလည္း ေက်ာဘက္ပလတ္စတစ္ကိုယ္ထည္မွာပဲ ျမင္ေတြ႕ရၿပီး Android 9 Pie OS နဲ႔အသုံးျပဳရမွာပါ။

မန္မုိရီက 3GB RAM နဲ႔ 64GB Storage ဗားရွင္းတစ္မ်ဳိးတည္းသာေတြ႕ရၿပီး တရုတ္ျပည္တြင္းေစ်းကြက္မွာ ယြမ္ေငြ ၈၉၉ (ျမန္မာေငြတစ္သိန္းကိုးေသာင္းေက်ာ္) ေလာက္နဲ႔ ေရာင္းခ်လာမယ္လို႔ ေမွ်ာ္မွန္းရပါတယ္။ ကာလာ ေရြးခ်ယ္စရာက Ink Blue နဲ႔ Jade Red ဆုိၿပီး ႏွစ္မ်ဳိးထြက္ရွိလာမွာပါ။

Ref – Playful Droid

Unicode

လွန်ခဲ့တဲ့ရက်အနည်းငယ်မှာ Vivo Y3 Standard Edition လို့ခေါ်တဲ့ Vivo စမတ်ဖုန်းသစ်တစ်လုံး ထပ်မံ ထွက်ရှိလာမယ်လို့ သတင်းပေါက်ကြားထားပါတယ်။ ယနေ့မှာတော့ အဆိုပါဖုန်းရဲ့ Specs တွေ အကုန်အစင်ကို တရုတ်နိုင်ငံရဲ့ တယ်လီကွန်း Database ပေါ်မှာ တွေ့လာရပါပြီ။ သူ့နာမည်အတိုင်းပဲ အခုနှစ် မေလမှာ မိတ်ဆက်ခဲ့တဲ့ Vivo Y3 ဖုန်းကို အနည်းငယ်လျှော့ချလာတဲ့ ထုတ်ကုန်သစ်ပါ။

Vivo Y3 Standard Edition ဟာ မော်ဒယ်နံပါတ် V1903A နဲ့ပေါ်ထွက်လာခဲ့ပြီး Waterdrop Notch တစ်ခုပါဝင်တဲ့ Display က 6.35” လက်မဖြစ်ကာ 720 x 1544p Resolution ရှိပါတယ်။ ဖုန်းရဲ့အချိုးအစားက 159.43 x 76.77 x 8.92mm ဖြစ်ပြီး 190.5g လေးပါတယ်။

Vivo Y3 ဟန်းဆက်သစ်ကို Snapdragon 439 ချစ်ပ်ဆက်နဲ့ အားဖြည့်ထားပြီး မူရင်းဖုန်းမှာတော့ MediaTek Helio P35 ကို အသုံးပြုခဲ့ပါတယ်။ ဘက္ထရီက 5,000 mAh တောင်ဖြစ်လို့ တော်တော်လေး အသုံးခံမှာ ဖြစ်ပေမယ့် 3C ဝက်ဆိုက်ပေါ်က စာရင်းမှာတော့ ဖုန်းနဲ့အတူ 10W အားသွင်းကြိုးသာ ပါလာမယ်လို့ ဆိုပါတယ်။

Y3 Standard Edition ရဲ့ရှေ့ဘက်မှာ 8MP Selfie ကင်မရာလေးတစ်ခု ပါဝင်တယ်။ ဖုန်းနောက်ဘက်မှာ 13MP + 2MP Dual-cam ဖြစ်ပါတယ်။ Fingerprint ကိုလည်း ကျောဘက်ပလတ်စတစ်ကိုယ်ထည်မှာပဲ မြင်တွေ့ရပြီး Android 9 Pie OS နဲ့အသုံးပြုရမှာပါ။

မန်မိုရီက 3GB RAM နဲ့ 64GB Storage ဗားရှင်းတစ်မျိုးတည်းသာတွေ့ရပြီး တရုတ်ပြည်တွင်းဈေးကွက်မှာ ယွမ်ငွေ ၈၉၉ (မြန်မာငွေတစ်သိန်းကိုးသောင်းကျော်) လောက်နဲ့ ရောင်းချလာမယ်လို့ မျှော်မှန်းရပါတယ်။ ကာလာ ရွေးချယ်စရာက Ink Blue နဲ့ Jade Red ဆိုပြီး နှစ်မျိုးထွက်ရှိလာမှာပါ။

Ref – Playful Droid