[Zawgyi]

ၿပီးခဲ့တဲ့ လက ထြက္ေပၚခဲ့တဲ့ သတင္းေတြအရဆိုရင္ Vivo ဟာ အိႏၵိယႏိုင္ငံမွာ မ်ိဴးဆက္သစ္ စမတ္ဖုန္း ၂မ်ိဴးကို သိပ္မၾကာခင္မွာ မိတ္ဆက္သြားမယ္လို႔ သိရပါတယ္။ လတ္တေလာ ၾကားသိေနရတဲ့ ေကာလဟလ သတင္းေတြမွာေတာ့ အဆို စမတ္ဖုန္း ၂မ်ိဴးဟာ Vivo Y3 နဲ႔ Y5 တို႔ျဖစ္ေၾကာင္း ရည္ၫႊန္းေျပာဆိုထားၾကပါတယ္။ ဒါ့အျပင္ Vivo ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးကလည္း Vivo Y5 ဟာ Triple Camera Setup နဲ႔အတူ ဘက္ထရီ ပမာဏ 5000mAh အထိပါဝင္လာမွာ ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားထားတာကို 91mobiles ရဲ႕ ေဖာ္ျပခ်က္မ်ားအရ သိရပါေသးတယ္။

Vivo Y5 နဲ႔ ပတ္သက္ၿပီး ၾကားသိခဲ့ရတဲ့ သတင္းေတြအရဆိုရင္ Y5 ဟာ Samsung Galaxy M30 ကို ယွဥ္ဖိုက္မယ့္ စမတ္ဖုန္းအျဖစ္ အိႏၵိယေစ်းကြက္ထဲကို ဝင္ေရာက္လိမ့္မယ္လို႔ ဆိုပါတယ္။ Vivo Y5 ကို ဧၿပီလ ၁၅ရက္ေန႔ ေနာက္ပိုင္းမွာ စတင္ေရာင္းခ်ႏိုင္ၿပီး ေစ်းႏႈန္းကေတာ့ အိႏၵိယေငြ ၁၅၀၀၀ ႐ူပီး (ျမန္မာေငြ ၃၂၀,၀၀၀ က်ပ္ ဝန္းက်င္) က်သင့္မယ္လို႔ သတင္းထြက္ထားပါတယ္။

ၿပီးခဲ့တဲ့ အပတ္တုန္းက TENAA ကေန တစ္ဆင့္ ထြက္ေပၚခဲ့တဲ့ ေမာ္ဒယ္နံပါတ္ V1901A / V1901T အမည္ရွိ Vivo စမတ္ဖုန္းကလည္း Triple Camera Setup နဲ႔အတူ အနည္းဆုံး ဘက္ထရီ ပမာဏ 4880mAh ပါတဲ့အတြက္ အဆိုပါ စမတ္ဖုန္းကို Vivo Y5 ျဖစ္ႏိုင္တယ္လို႔ ယူဆရပါတယ္။ ဒါ့ေၾကာင့္ Vivo Y5 ဟာ အိႏၵိယႏိုင္ငံသာမက တ႐ုတ္ႏိုင္ငံကိုပါ ေရာက္ရွိလာႏိုင္ပါတယ္။

TENAA မွာ ေဖာ္ျပထားတဲ့ ေမာ္ဒယ္နံပါတ္ Vivo V1901A / V1901T ရဲ႕ Specifications ေတြအရဆိုရင္ အဆိုပါ စမတ္ဖုန္းမွာ 6.35” IPS LCD Display (Resolution 720 x 1544 pixels) , Helio P35 SoC နဲ႔ RAM 4GB/ Storage 64GB ပါဝင္ႏိုင္ပါတယ္။ ကင္မရာ အပိုင္းအတြက္ 13MP+8MP+2MP Triple Camera Setup နဲ႔ 16MP Selfie Camera ေတြကို တပ္ဆင္ထားႏိုင္ၿပီး၊ ဘက္ထရီ သိုေလွာင္မႈ ပမာဏကို 5000mAh အထိ ထည့္သြင္းထားႏိုင္ပါတယ္။

Ref : Gizmochina

[Unicode]

Triple Camera Setup နဲ့အတူ Battery 5000mAh ပါဝင်လာနိုင်တဲ့ Vivo Y5

ပြီးခဲ့တဲ့ လက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရဆိုရင် Vivo ဟာ အိန္ဒိယနိုင်ငံမှာ မျိူးဆက်သစ် စမတ်ဖုန်း ၂မျိူးကို သိပ်မကြာခင်မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ လတ်တလော ကြားသိနေရတဲ့ ကောလဟလ သတင်းတွေမှာတော့ အဆို စမတ်ဖုန်း ၂မျိူးဟာ Vivo Y3 နဲ့ Y5 တို့ဖြစ်ကြောင်း ရည်ညွှန်းပြောဆိုထားကြပါတယ်။ ဒါ့အပြင် Vivo ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကလည်း Vivo Y5 ဟာ Triple Camera Setup နဲ့အတူ ဘက်ထရီ ပမာဏ 5000mAh အထိပါဝင်လာမှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားတာကို 91mobiles ရဲ့ ဖော်ပြချက်များအရ သိရပါသေးတယ်။

Vivo Y5 နဲ့ ပတ်သက်ပြီး ကြားသိခဲ့ရတဲ့ သတင်းတွေအရဆိုရင် Y5 ဟာ Samsung Galaxy M30 ကို ယှဥ်ဖိုက်မယ့် စမတ်ဖုန်းအဖြစ် အိန္ဒိယစျေးကွက်ထဲကို ဝင်ရောက်လိမ့်မယ်လို့ ဆိုပါတယ်။ Vivo Y5 ကို ဧပြီလ ၁၅ရက်နေ့ နောက်ပိုင်းမှာ စတင်ရောင်းချနိုင်ပြီး စျေးနှုန်းကတော့ အိန္ဒိယငွေ ၁၅၀၀၀ ရူပီး (မြန်မာငွေ ၃၂၀,၀၀၀ ကျပ် ဝန်းကျင်) ကျသင့်မယ်လို့ သတင်းထွက်ထားပါတယ်။

ပြီးခဲ့တဲ့ အပတ်တုန်းက TENAA ကနေ တစ်ဆင့် ထွက်ပေါ်ခဲ့တဲ့ မော်ဒယ်နံပါတ် V1901A / V1901T အမည်ရှိ Vivo စမတ်ဖုန်းကလည်း Triple Camera Setup နဲ့အတူ အနည်းဆုံး ဘက်ထရီ ပမာဏ 4880mAh ပါတဲ့အတွက် အဆိုပါ စမတ်ဖုန်းကို Vivo Y5 ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ ဒါ့ကြောင့် Vivo Y5 ဟာ အိန္ဒိယနိုင်ငံသာမက တရုတ်နိုင်ငံကိုပါ ရောက်ရှိလာနိုင်ပါတယ်။

TENAA မှာ ဖော်ပြထားတဲ့ မော်ဒယ်နံပါတ် Vivo V1901A / V1901T ရဲ့ Specifications တွေအရဆိုရင် အဆိုပါ စမတ်ဖုန်းမှာ 6.35” IPS LCD Display (Resolution 720 x 1544 pixels) , Helio P35 SoC နဲ့ RAM 4GB/ Storage 64GB ပါဝင်နိုင်ပါတယ်။ ကင်မရာ အပိုင်းအတွက် 13MP+8MP+2MP Triple Camera Setup နဲ့ 16MP Selfie Camera တွေကို တပ်ဆင်ထားနိုင်ပြီး၊ ဘက်ထရီ သိုလှောင်မှု ပမာဏကို 5000mAh အထိ ထည့်သွင်းထားနိုင်ပါတယ်။

Ref : Gizmochina