ယနေ့မှာတော့ Vivo Y50 စမတ်ဖုန်းသစ်ကို Vivo Cambodia ရဲ့ Facebook ကနေ တရားဝင် မိတ်ဆက်လာခဲ့ပါတယ်။ ဧပြီလ ၁၁ ရက်နေ့မှာ ဈေးကွက်ထဲရောက်လာမယ့် Vivo Y50 ရဲ့ ကြိုတင်အမှာဈေးနှုန်းက ဒေါ်လာ ၂၅၀ (မြန်မာငွေ သုံးသိန်းခွဲခန့်) ဖြစ်ပါတယ်။

Y50 ဖုန်းမှာ 6.53” လက်မအရွယ် Display ကြီးပါဝင်ပြီး 1080p Resolution ဖြစ်ပါတယ်။ Ultra-O Screen ဒီဇိုင်း ဖြစ်တာကြောင့် ဘယ်ဘက်အပေါ်ထောင့်မှာ ဆဲလ်ဖီကင်မရာအတွက် Punch-hole တစ်ခုတည်းသာ ပါဝင်ပါတယ်။ ဖုန်းရဲ့နောက်ဘက်မှာတော့ Quad-camera အတွဲ ထည့်သွင်းထားပြီး 13MP အဓိက Sensor, 8MP Ultrawide, 2MP Macro နဲ့ 2MP Depth Sensor တို့ဖြစ်ပါတယ်။

အတွင်းမှာ Snapdragon 665 ချစ်ပ်ဆက်အသုံးပြုထားကာ 8GB RAM မန်မိုရီနဲ့ 128GB Storage တို့ဖြင့် တွဲဖက်ထားပါတယ်။ ဘက္ထရီက 5,000 mAh ဖြစ်ပြီး USB-C Type အားသွင်းစနစ်က 18W Fast Charging ပါဝင်ပါတယ်။ Fingerprint ကိုလည်း နောက်ကျောမှာပဲ ထည့်ထားတယ်။

Vivo Y50 ဖုန်းဟာ မိခင်ကုမ္ပဏီရဲ့ ဝက်ဆိုက်ပေါ်မှာ မမြင်ရသေးပေမယ့် ကမ္ဘောဒီးယားအွန်လိုင်းအရောင်းဝက်ဆိုက်မှာတော့ အပြာနဲ့ အနက်ရောင်နှစ်မျိုးဖြင့် တွေ့နိုင်နေပါပြီ။ Y50 ဟာ ဘတ်ဂျက်ပိုင်းကို ပိုဦးစားပေးထားပေမယ့် ကြီးမားတဲ့ Screen, 8GB RAM နဲ့ 5,000 mAh ဘက္ထရီတို့ပါဝင်တဲ့ ဟန်းဆက်တစ်ခုပါ။ သူ့ထက်ပိုပြီး Premium ကျတဲ့ Vivo V19 ကိုလည်း ယနေ့မှာပဲ Vivo က မိတ်ဆက်ခဲ့ပါတယ်။

Ref – GSM Arena