vivo ကနေ အခုနောက်ပိုင်းမှာ စျေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ vivo Y Series ဖုန်းတွေကို ဆက်တိုက်မိတ်ဆက်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း vivo ကနေ Y78+ (t1) Edition ဖုန်းကို တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့သလို အခုလည်း နောက်ထပ် vivo Y Series စမတ်ဖုန်းအသစ်တစ်လုံးကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။

အခု vivo ကနေ တရုတ်နိုင်ငံအတွင်းမှာ အသစ်မိတ်ဆက်လိုက်တဲ့ စမတ်ဖုန်းကတော့ vivo Y77t လို့ နာမည်ပေးထားပြီး vivo Y78 5G ဖုန်းနဲ့ အတော်များများဆင်တူတာကိုတွေ့ရပါတယ်။ ဒါပေမယ့် vivo Y77t ဟာ ပိုမိုစျေးသက်သာတဲ့အပြင် Base Storage ပါဝင်မှုကလည်း ပိုမိုများပြားမှာဖြစ်ပါတယ်။

Specification ပိုင်းအနေနဲ့ vivo Y77t ဖုန်းဟာ 6.64″ Full HD+ LCD Display ပါဝင်မှာဖြစ်ပြီး Refresh Rate ကို 120Hz အထိ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ အဆိုပါ Display ဟာ HDR10 ကို ထောက်ပံ့ပေးထားတဲ့အပြင် Selfie Camera အတွက် Punch-hole ပုံစံ ဖြတ်တောက်ထားတာကိုတွေ့ရပါတယ်။ ဘေးဘောင်တွေလည်း ပါးလွှာပြီး Screen-to-Body Ratio အနေနဲ့ 91.06% အထိ ရှိမှာဖြစ်ပါတယ်။

Performance ပိုင်းမှာ MediaTek Dimensity 7020 Chipset ကိုအသုံးပြုထားပြီး အမြင့်ဆုံး RAM 12GB အထိပါဝင်မယ့်အပြင် 256GB Storage ကို ထည့်သွင်းပေးထားပါတယ်။ Camera ပိုင်းမှာ 50MP Main Sensor နဲ့ 2MP Depth Sensor ပါဝင်တဲ့ Dual Camera Setup အပြင် 8MP Selfie Camera ပါဝင်မှာဖြစ်ပါတယ်။

Battery အနေနဲ့ကတော့ 5000mAh Battery ကိုမှ 44W Fast Charging ကိုထောက်ပံ့ပေးထားပါတယ်။ Fingerprint Sensor ကို Power Button မှာ ထည့်သွင်းထားတဲ့အပြင် Software ပိုင်းမှာ Android 13 ကို အခြေခံထားတဲ့ OriginOS 3 ကို အသုံးပြုရမှာဖြစ်ပါတယ်။

vivo Y77t ဖုန်းဟာ Phoenix Gold ၊ Black နဲ့ Jade Green ဆိုပြီး အရောင် ၃ မျိုးရွေးချယ်နိုင်မှာဖြစ်တဲ့အပြင် အပြင် စျေးနှုန်းအနေနဲ့လည်း RAM 8GB Version ကို တရုတ်ယွမ်ငွေ ၁,၃၉၉ ၊ RAM 12GB Version ကို ၁,၅၉၉ ယွမ်ဖြင့် ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိငွေစျေးနဲ့ ယှဥ်ကြည့်မယ်ဆိုရင် မြန်မာငွေ ၆ သိန်းကျော်က စတင်ရောင်းချသွားမယ်လို့ ခန့်မှန်းရပါတယ်။

Ref – Gizmo China