Zawgyi
Vivo Y81 ကို အိန္ဒိယနိုင်ငံမှာ ရောင်းချနေတဲ့ ဈေးနှုန်းကတော့ RAM 3GB/ Storage 32GB မော်ဒယ်ကို အိန္ဒိယ ရူပီး ၁၂၉၉၉ (မြန်မာငွေ ၂၈၀,၀၀၀ ဝန်းကျင်)၊ RAM 4GB/ Storage 32GB မော်ဒယ်ကို အိန္ဒိယငွေ ရူပီး ၁၃၄၉၀ (မြန်မာငွေ ၂၉၀,၀၀၀ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။ Vivo Y81 ရဲ့ RAM 3GB/ Storage 32GB မော်ဒယ်ကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရောင်းချနေတဲ့ ဈေးနှုန်းကတော့ ၂၅၉.၀၀၀ ကျပ် ဖြစ်ပါတယ်။
Ref: gadgets.ndtv
Unicode
Vivo Y81, RAM 4GB မော်ဒယ်ကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်
Vivo အနေနဲ့ RAM 4GB ပါဝင်တဲ့ Y81 မော်ဒယ်အသစ်ကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Vivo Y81 ရဲ့ မူလပထမ မော်ဒယ်ဖြစ်တဲ့ RAM 3GB ဗားရှင်းကိုတော့ ပြီးခဲ့တဲ့လတုန်းက မိတ်ဆက်ခဲ့တာ ဖြစ်ပြီး၊ ယခုအခါမှာ RAM 4GB ဗားရှင်းကို ထပ်မံ မိတ်ဆက်လိုက်ခြင်း ဖြစ်ပါတယ်။
Vivo Y81 Specifications
Vivo Y81 ရဲ့ Display အပိုင်းအတွက် ၆.၂၂လက်မ မျက်နှာပြင် အကျယ်ရှိ HD+ Display ကို အသုံးပြုထားပြီး Resolution ကတော့ 720 x 1520 pixels ရှိပါတယ်။ Processor အပိုင်းအတွက် MediaTek MT6762 Helio P22 SoC ကို အသုံးပြုထားပြီး RAM 3GB နဲ့ RAM 4GB ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Memory Storage ကိုတော့ 32GB ထည့်သွင်းပေးထားပြီး MicroSD 256GB အထိ ထပ်စိုက်နိုင်မယ်လို့ သိရပါတယ်။
ကင်မရာ အပိုင်းအတွက် 13MP Camera ကို နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 5MP Camera ကို တပ်ဆင်ထားပါတယ်။ Security အပိုင်းအတွက် Face Unlock စနစ်သာ အသုံးပြုနိုင်မှာ ဖြစ်ပြီး Fingerprint Sensor တော့ ပါဝင်မှာ မဟုတ်ပါဘူး။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 3260mAh ပါဝင်ပြီး အလေးချိန်ကတော့ ၁၄၆.၅ဂရမ် ရှိပါတယ်။
Vivo Y81 ကို အိန္ဒိယနိုင်ငံမှာ ရောင်းချနေတဲ့ စျေးနှုန်းကတော့ RAM 3GB/ Storage 32GB မော်ဒယ်ကို အိန္ဒိယ ရူပီး ၁၂၉၉၉ (မြန်မာငွေ ၂၈၀,၀၀၀ ဝန်းကျင်)၊ RAM 4GB/ Storage 32GB မော်ဒယ်ကို အိန္ဒိယငွေ ရူပီး ၁၃၄၉၀ (မြန်မာငွေ ၂၉၀,၀၀၀ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။ Vivo Y81 ရဲ့ RAM 3GB/ Storage 32GB မော်ဒယ်ကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရောင်းချနေတဲ့ စျေးနှုန်းကတော့ ၂၅၉.၀၀၀ ကျပ် ဖြစ်ပါတယ်။
Ref: gadgets.ndtv