[Zawgyi]

Vivo က တန္ဖိုးနည္း စမတ္ဖုန္း အသစ္တစ္လံုးကို ေၾကညာလိုက္ပါတယ္။ Vivo Y90 လို႔ အမည္ေပးထားၿပီး သူ႔မွာ ၆.၂၂ လက္မ HD+ FullView Display ထည့္သြင္းထားပါတယ္။ Notch မွာ 5MP f/1.8 Aperture Selfie Camera ပါပါတယ္။  အေနာက္ဘက္မွာ 8MP f/2.0 Aperture Camera ထည့္သြင္းထားပါတယ္။ အေနာက္ဘက္ရဲ႕ ေထာင့္စြန္းေတြဟာ ေကြးညႊတ္တဲ့ ဒီဇိုင္း ျဖစ္ပါတယ္။

Vivo Y90 ဟာ တန္ဖိုးနည္း စမတ္ဖုန္း ျဖစ္တဲ့ အတြက္ လက္ေဗြရာ အာရံုခံ ကိရိယာေတာ့ မထည့္ထားပါဘူး။ အေရွ႕ကင္မရာကေန Face Unlock ကို အသံုးျပဳၿပီး စမတ္ဖုန္းကို Unlock လုပ္ႏုိင္ပါတယ္။ သူ႔ရဲ႕ Face Unlock စနစ္က အရမ္း အဆင့္မျမင့္တဲ့ အတြက္ ပိုမို လံုျခံဳခ်င္ရင္ေတာ့ Passcode  နဲ႔ Pattern ေတြကိုသာ အသံုးျပဳပါလို႔ အၾကံေပးလိုက္ပါတယ္။

Vivo Y90 မွာ Helio A22 SoC ေမာင္းႏွင္ထားပါတယ္။ 2GB RAM ထည့္သြင္းထားပါတယ္။ Android 8.1 Oreo အေျချပဳ Funtouch OS 4.5 ပါပါတယ္။ 32GB Internal Storage ထည့္သြင္းထားၿပီး 256GB အထိ ၀င္ဆန္႔တဲ့ microSD Card စိုက္ႏုိင္ပါတယ္။

Vivo Y90 မွာ အရြယ္ႀကီး 4030mAh Battery ပါၿပီး မ်က္ႏွာျပင္ကလည္း Resolution သိပ္မျမင့္မားတာေၾကာင့္ ဘက္ထရီ သက္တမ္း ေကာင္းမြန္မွာ ျဖစ္ပါတယ္။ microUSB Port သာ ပါတာက အားနည္းခ်က္လို႔ ျမင္မိပါတယ္။ အျပာနဲ႔ ေရႊေရာင္ေတြ ထုတ္လုပ္ထားၿပီး ပါကစၥတန္မွာ ရူပီး ၁၈ ၉၉၉ သတ္မွတ္ထားပါတယ္။ ၁၂၀ ေဒၚလာေလာက္ရွိၿပီး ျမန္မာေငြ ၁၈၀ ၀၀၀ ေလာက္ က်သင့္မွာ ျဖစ္ပါတယ္။ အိႏၵိယမွာ မၾကာခင္ ေရာင္းခ်ႏုိင္ေပမယ့္ ေန႔ရက္ အတိအက်ကို ကုမၸဏီက မေျပာေသးပါဘူး။

Ref : gsmarena

[Unicode]

မြန်မာငွေနဲ့ဆိုရင် ၁၈၀,၀၀၀ ဝန်းကျင် ကျသင့်မယ့် Vivo Y90 ကို ကြေညာ

Vivo က တန်ဖိုးနည်း စမတ်ဖုန်း အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ Vivo Y90 လို့ အမည်ပေးထားပြီး သူ့မှာ ၆.၂၂ လက်မ HD+ FullView Display ထည့်သွင်းထားပါတယ်။ Notch မှာ 5MP f/1.8 Aperture Selfie Camera ပါပါတယ်။ အနောက်ဘက်မှာ 8MP f/2.0 Aperture Camera ထည့်သွင်းထားပါတယ်။ အနောက်ဘက်ရဲ့ ထောင့်စွန်းတွေဟာ ကွေးညွှတ်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

Vivo Y90 ဟာ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်တဲ့ အတွက် လက်ဗွေရာ အာရုံခံ ကိရိယာတော့ မထည့်ထားပါဘူး။ အရှေ့ကင်မရာကနေ Face Unlock ကို အသုံးပြုပြီး စမတ်ဖုန်းကို Unlock လုပ်နိုင်ပါတယ်။ သူ့ရဲ့ Face Unlock စနစ်က အရမ်း အဆင့်မမြင့်တဲ့ အတွက် ပိုမို လုံခြုံချင်ရင်တော့ Passcode နဲ့ Pattern တွေကိုသာ အသုံးပြုပါလို့ အကြံပေးလိုက်ပါတယ်။

Vivo Y90 မှာ Helio A22 SoC မောင်းနှင်ထားပါတယ်။ 2GB RAM ထည့်သွင်းထားပါတယ်။ Android 8.1 Oreo အခြေပြု Funtouch OS 4.5 ပါပါတယ်။ 32GB Internal Storage ထည့်သွင်းထားပြီး 256GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။

Vivo Y90 မှာ အရွယ်ကြီး 4030mAh Battery ပါပြီး မျက်နှာပြင်ကလည်း Resolution သိပ်မမြင့်မားတာကြောင့် ဘက်ထရီ သက်တမ်း ကောင်းမွန်မှာ ဖြစ်ပါတယ်။ microUSB Port သာ ပါတာက အားနည်းချက်လို့ မြင်မိပါတယ်။ အပြာနဲ့ ရွှေရောင်တွေ ထုတ်လုပ်ထားပြီး ပါကစ္စတန်မှာ ရူပီး ၁၈ ၉၉၉ သတ်မှတ်ထားပါတယ်။ ၁၂၀ ဒေါ်လာလောက်ရှိပြီး မြန်မာငွေ ၁၈၀ ၀၀၀ လောက် ကျသင့်မှာ ဖြစ်ပါတယ်။ အိန္ဒိယမှာ မကြာခင် ရောင်းချနိုင်ပေမယ့် နေ့ရက် အတိအကျကို ကုမ္ပဏီက မပြောသေးပါဘူး။

Ref : gsmarena