Zawgyi
“Flagship လို Feeling မျိုးရရှိစေမယ့် Mid-Range ဖုန်းတစ်လုံး”
Unicode
4GB RAM နဲ့ Y95 ကို 329000 ကျပ်နဲ့ ဈေးကွက်မှာ ဝယ်ယူရရှိနိုင်မှာဖြစ်
Vivo ရဲ့ Y Series တွေထဲက နောက်ဆုံး Version အဖြစ် Y95 ကို ဈေးနှုန်း 329000 ဖြင့် ဈေးကွက်မှာ ဝယ်ယူရရှိနိုင်တော့မှာ ဖြစ်ပါတယ်။ Y95 ဟာ ဈေးနှုန်းမတိမ်းမယိမ်းဖြစ်တဲ့ အခြား Mid-Range ဖုန်းတွေနဲ့ ယှဉ်လိုက်ရင် 4GB RAM ဆိုတဲ့ အားသာချက်နဲ့ ပွဲထွက်လာတာဖြစ်ပြီး Qualcomm Snapdragon 439 Chipset ကိုမှ 12nm နဲ့ဖြစ်လို့ Efficiency ပိုင်းမှာ အားသာချက်ပိုမို ရှိလာတာတော့ အမှန်ပါ။
ဒါ့အပြင် နောက်ထပ် Highlight လုပ်စရာအကြောင်း တစ်ခုကတော့ သူ့ရဲ့ 20 MP Front Camera ပါပဲ။ ဒီအချက်ကတော့ Selfie ကြိုက်သူတွေအတွက် နှစ်လိုစရာ အချက်တစ်ခုဖြစ်မှာဖြစ်ပြီး အနောက်ဘက်မှာလည်း Dual Camera ၂ လုံးကိုမှ 13 MP + 2 MP ကို တွဲစပ်ပေးထားမှာ ဖြစ်ပါတယ်။
“သင့်နေ့စဉ်ဖက်ရှင်ကို ပိုပြီးအထောက်အပံ့ဖြစ်စေမယ့် အရောင်ပြေးစတိုင်”
Y95 မှာတော့ ရွေးချယ်စရာအဖြစ် Starry Black နဲ့ Aurora Red ဆိုပြီး ၂ ရောင် ရရှိနိုင်မှာဖြစ်ပြီး Starry Black ကတော့ V11 က Starry Night အရောင်နဲ့ ခပ်ဆင်ဆင်ဖြစ်ပြီး Aurora Red ကတော့ ညနေခင်းဆည်းဆာရဲ့ ပန်းချီကားတစ်ချပ်ကို ဖုန်းနောက်ကျောဘက်မှာ ကပ်ထားပေးသလို အရောင်လေး ဖြစ်မှာပါ။
“Flasgship လို Feeling မျိုးရရှိစေမယ့် Mid-Range ဖုန်းတစ်လုံး”
ဟုတ်ပါတယ်။ ဖုန်းရဲ့ Display ကလည်း Halo FullView Display နဲ့ မြင်တွေ့ရမှာဖြစ်ပြီး Screen Size က 6.22 လက်မဆိုပေမယ့် လက်ထဲမှာကိုင်ထားရင် အရမ်းကြီး ကြီးသလို ခံစားရမှာ မဟုတ်ပါဘူး။ Screen to Body Ratio ကတော့ 82.9 % အထိ ရှိမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်ရရင်တော့ သင့်အနေနဲ့ လတ်တလော ဖုန်းဝယ်ဖို့ အစီအစဉ်ရှိတယ်၊ ဈေးအများကြီးလည်း မသုံးချင်ဘူးဆိုရင်တော့ ရွေးချယ်စရာ စမတ်ဖုန်းကောင်းလေးတစ်ခုအဖြစ် မိတ်ဆက်ပေးလိုက်တာပါ။ ဒါကတော့ Vivo ရဲ့ Y95 ပါ။