[Zawgyi]

Vivo ဟာ Z5 စမတ္ဖုန္းကို ဒီလကုန္မွာ မိတ္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။ တရားဝင္ မိတ္ဆက္ပြဲေန႔ကို ေရာက္ဖို႔အတြက္ တပတ္နီးပါး လိုေနေသးေပမယ့္ Vivo ကေတာ့ Z5 နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို ထုတ္ေဖာ္ျပသလာပါတယ္။

အခ်က္အလက္ေတြကို ပိုစတာ ဓာတ္ပုံေတြနဲ႔တကြ အရိပ္အႁမြက္အေနနဲ႔ ထုတ္ေဖာ္ျပသလာတာ ျဖစ္ပါတယ္။ ပိုစတာဓာတ္ပုံေတြကေန သိရွိလိုက္ရတာကေတာ့ Vivo Z5 မွာ Super AMOLED Display , In-display Fingerprint Sensor, 48MP Camera Sensor တပ္ဆင္ထားမယ့္ Triple Camera Setup နဲ႔ 32MP Selfie Camera တို႔ ပါဝင္မယ္ ဆိုတာပါပဲ။ ဒါ့အျပင္ ေနာက္ထပ္ ပိုစတာေတြမွာလည္း Snapdragon 712 SoC နဲ႔အတူ Gaming စြမ္းေဆာင္ရည္ကို ျမႇင့္တင္ေပးမယ့္ Vivo Multi-Turbo နည္းပညာ၊ 22.5W အျမန္အားသြင္းစနစ္ ေထာက္ပံ့ေပးထားမယ့္ 4500mAh ဘက္ထရီႀကီးေတြ ပါဝင္ေၾကာင္း ေဖာ္ျပထားပါေသးတယ္။

TENAA ကေန ထြက္ေပၚခဲ့တဲ့ အခ်က္အလက္ေတြအရဆိုရင္ Vivo Z5 ကို RAM 6GB / Storage 64GB နဲ႔ RAM 8GB / Storage 128GB ဆိုၿပီး ၂မ်ိဴး ထုတ္လုပ္ထားမွာပါ။ 48MP Main Camera ကို 8MP (Ultra-wide) + 2MP (Depth) Sensor ေတြနဲ႔ တြဲဖက္တပ္ဆင္ထားတယ္လို႔ သိရပါတယ္။ Vivo က Z5 ရဲ႕ အေရးအႀကီးဆုံးအစိတ္အပိုင္း အားလုံးနီးပါးကို အရိပ္အႁမြက္အေနနဲ႔ ေဖာ္ျပခဲ့ေပမယ့္၊ ေနာက္ထပ္ အေရးအႀကီးဆုံးအစိတ္အပိုင္းတစ္ခုျဖစ္တဲ့ ေစ်းႏႈန္းကိုေတာ့ ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္း မရွိပါဘူး။

Ref : Gizmochina

[Unicode]

Snapdragon 712, 4500mAh Battery နဲ့ 48MP Camera တွေပါမယ့် Vivo Z5

Vivo ဟာ Z5 စမတ်ဖုန်းကို ဒီလကုန်မှာ မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ တရားဝင် မိတ်ဆက်ပွဲနေ့ကို ရောက်ဖို့အတွက် တပတ်နီးပါး လိုနေသေးပေမယ့် Vivo ကတော့ Z5 နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြသလာပါတယ်။

အချက်အလက်တွေကို ပိုစတာ ဓာတ်ပုံတွေနဲ့တကွ အရိပ်အမြွက်အနေနဲ့ ထုတ်ဖော်ပြသလာတာ ဖြစ်ပါတယ်။ ပိုစတာဓာတ်ပုံတွေကနေ သိရှိလိုက်ရတာကတော့ Vivo Z5 မှာ Super AMOLED Display , In-display Fingerprint Sensor, 48MP Camera Sensor တပ်ဆင်ထားမယ့် Triple Camera Setup နဲ့ 32MP Selfie Camera တို့ ပါဝင်မယ် ဆိုတာပါပဲ။ ဒါ့အပြင် နောက်ထပ် ပိုစတာတွေမှာလည်း Snapdragon 712 SoC နဲ့အတူ Gaming စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ့် Vivo Multi-Turbo နည်းပညာ၊ 22.5W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားမယ့် 4500mAh ဘက်ထရီကြီးတွေ ပါဝင်ကြောင်း ဖော်ပြထားပါသေးတယ်။

TENAA ကနေ ထွက်ပေါ်ခဲ့တဲ့ အချက်အလက်တွေအရဆိုရင် Vivo Z5 ကို RAM 6GB / Storage 64GB နဲ့ RAM 8GB / Storage 128GB ဆိုပြီး ၂မျိူး ထုတ်လုပ်ထားမှာပါ။ 48MP Main Camera ကို 8MP (Ultra-wide) + 2MP (Depth) Sensor တွေနဲ့ တွဲဖက်တပ်ဆင်ထားတယ်လို့ သိရပါတယ်။ Vivo က Z5 ရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်း အားလုံးနီးပါးကို အရိပ်အမြွက်အနေနဲ့ ဖော်ပြခဲ့ပေမယ့်၊ နောက်ထပ် အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ စျေးနှုန်းကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။

Ref : Gizmochina