[Zawgyi]

အေမရိကန္ရဲ႕ ထိပ္တန္း စူပါမားကတ္ Walmart က ေငြရွင္းေကာင္တာမ်ားမွာ သူခိုးမ်ားကို စစ္ေဆးဖို႔ Image Recognition ကို အသံုးျပဳေနတယ္လို႔ ေျပာလိုက္ပါတယ္။ ကင္မရာမ်ားက ကုန္ပစၥည္းကို ေငြရွင္းျခင္း မရွိဘဲ စကင္နာမ်ားကို ေက်ာ္သြားရင္ အသိေပးႏုိင္ပါတယ္။ ဒီနည္းပညာကို ၿပီးခဲ့တဲ့ ႏွစ္ႏွစ္အတြင္းမွာ အေမရိကန္ တစ္လႊားမွ စတိုးေပါင္း ၁၀၀၀ ေက်ာ္မွာ အသံုးျပဳေနတယ္လို႔ Business Insider ကို Walmart က  ေျပာပါတယ္။

Walmart က သူတို႔ရဲ႕ ေဖာက္သည္မ်ားနဲ႔ ပါတနာမ်ားရဲ႕ ေဘးကင္းလံုျခံဳမႈအတြက္ အခုလို ရင္းႏွီးျမွပ္ႏွံမႈမ်ား ျပဳလုပ္တာလို႔ ေျပာပါတယ္။ ဒီနည္းပညာကို Missed Scan Detection လို႔ အမည္ေပးထားၿပီး အိုင္ယာလန္ ကုမၸဏီ Everseen ထံကေန ၀ယ္ယူထားတာ ျဖစ္ပါတယ္။ ဒီနည္းပညာကို Walmart က သူ႔စတိုးမ်ားမွာ ထည့္သြင္းေပးထားတာ ႏွစ္ႏွစ္ၾကာျမင့္ၿပီ ျဖစ္ၿပီး ဒီႏွစ္မ်ားအတြင္းမွာ ခိုးယူမႈမ်ား သိသိသာသာ ေလ်ာ့နည္းသြားတယ္လို႔ ကုမၸဏီက ေျပာပါတယ္။

၂၀၁၇ ခုႏွစ္မွာ အေမရိကန္ စတိုးဆိုင္မ်ားဟာ သူခိုးမ်ားေၾကာင့္ ေဒၚလာ ၄၇ ဘီလီယမ္အထိ ဆံုးရႈံးေနၾကပါတယ္။ ကင္မရာမ်ားမွာ ဥာဏ္ရည္တု နည္းပညာမ်ား ထည့္သြင္းထားၿပီး သံသယ ျဖစ္စရာ အမူအယာမ်ားကိုပါ သိနားလည္ပါတယ္။ သူက သာမာန္ ေငြရွင္း ေကာင္တာမ်ားမွာ သာမက ၀ယ္သူ ကိုယ္တိုင္ ရွင္းရတဲ့ ေငြရွင္းေကာင္တာမ်ားမွာလည္း အလုပ္လုပ္ပါတယ္။

ကင္မရာမ်ားက ကုန္ပစၥည္း တစ္ေနရာကေန တစ္ေနရာကို သယ္ေဆာင္သြားတာကို သိနားလည္ၾကပါတယ္။ ကုန္ပစၥည္းမ်ားကို အိတ္ထဲမွာ ခိုးထည့္သြားၿပီး ေငြရွင္းေကာင္တာကို ေက်ာ္သြားတာနဲ႔ ေငြရွင္းေကာင္တာမွ ၀န္ထမ္းကို အသိေပးမွာ ျဖစ္ပါတယ္။

Ref: bbc

[Unicode]

Walmart က AI Camera များကို သုံးပြီး သူခိုးများကို စစ်ဆေးနေ

အမေရိကန်ရဲ့ ထိပ်တန်း စူပါမားကတ် Walmart က ငွေရှင်းကောင်တာများမှာ သူခိုးများကို စစ်ဆေးဖို့ Image Recognition ကို အသုံးပြုနေတယ်လို့ ပြောလိုက်ပါတယ်။ ကင်မရာများက ကုန်ပစ္စည်းကို ငွေရှင်းခြင်း မရှိဘဲ စကင်နာများကို ကျော်သွားရင် အသိပေးနိုင်ပါတယ်။ ဒီနည်းပညာကို ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အမေရိကန် တစ်လွှားမှ စတိုးပေါင်း ၁၀၀၀ ကျော်မှာ အသုံးပြုနေတယ်လို့ Business Insider ကို Walmart က ပြောပါတယ်။


Walmart က သူတို့ရဲ့ ဖောက်သည်များနဲ့ ပါတနာများရဲ့ ဘေးကင်းလုံခြုံမှုအတွက် အခုလို ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်တာလို့ ပြောပါတယ်။ ဒီနည်းပညာကို Missed Scan Detection လို့ အမည်ပေးထားပြီး အိုင်ယာလန် ကုမ္ပဏီ Everseen ထံကနေ ဝယ်ယူထားတာ ဖြစ်ပါတယ်။ ဒီနည်းပညာကို Walmart က သူ့စတိုးများမှာ ထည့်သွင်းပေးထားတာ နှစ်နှစ်ကြာမြင့်ပြီ ဖြစ်ပြီး ဒီနှစ်များအတွင်းမှာ ခိုးယူမှုများ သိသိသာသာ လျော့နည်းသွားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။


၂၀၁၇ ခုနှစ်မှာ အမေရိကန် စတိုးဆိုင်များဟာ သူခိုးများကြောင့် ဒေါ်လာ ၄၇ ဘီလီယမ်အထိ ဆုံးရှုံးနေကြပါတယ်။ ကင်မရာများမှာ ဉာဏ်ရည်တု နည်းပညာများ ထည့်သွင်းထားပြီး သံသယ ဖြစ်စရာ အမူအယာများကိုပါ သိနားလည်ပါတယ်။ သူက သာမာန် ငွေရှင်း ကောင်တာများမှာ သာမက ဝယ်သူ ကိုယ်တိုင် ရှင်းရတဲ့ ငွေရှင်းကောင်တာများမှာလည်း အလုပ်လုပ်ပါတယ်။

ကင်မရာများက ကုန်ပစ္စည်း တစ်နေရာကနေ တစ်နေရာကို သယ်ဆောင်သွားတာကို သိနားလည်ကြပါတယ်။ ကုန်ပစ္စည်းများကို အိတ်ထဲမှာ ခိုးထည့်သွားပြီး ငွေရှင်းကောင်တာကို ကျော်သွားတာနဲ့ ငွေရှင်းကောင်တာမှ ဝန်ထမ်းကို အသိပေးမှာ ဖြစ်ပါတယ်။

Ref: bbc