အမေရိကန် အစိုးရက စက်တင်ဘာလ ၂၀ ရက်နေ့ကစပြီး WeChat နဲ့ TikTok တို့ကို Download ပြုလုပ်လို့ မရအောင် ပိတ်ပင်လိုက်ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်မှာ WeChat နဲ့ TikTok တို့ရဲ့ အမာခံ Fans များစွာ ရှိနေတယ်ဆိုတာကို စစ်တမ်း အသစ် ၁ ခုက သက်သေပြလိုက်ပါတယ်။

Deadline မရောက်ခင် ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ WeChat နဲ့ TikTok တို့ကို Download ပြုလုပ်မှု အရမ်း မြင့်တက်သွားပါတယ်။ သုတေသန အဖွဲ့အစည်း Sensor Tower က သောကြာနေ့မှာ WeChat ကို Download ပြုလုပ်တဲ့ အရေအတွက်ဟာ ၁၀,၀၀၀ ရှိခဲ့ပြီး ကြာသာပတေးနေ့ကထက် ၁၅၀ ရာခိုင်နှုန်းနဲ့ အရင် ၁ ပတ်ကထက် ၂၃၃ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ပြောပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ကစပြီး WeChat ကို ၁ ရက်အတွင်း Download ပြုလုပ်တဲ့ အရေအတွက် အများဆုံး ဖြစ်လာပါတယ်။

TikTok အကြောင်းပြောရရင်တော့ Download လုပ်တာ WeChat ထက် အများကြီး ပိုနေပါတယ်။  သောကြာနေ့မှာ Download အရေအတွက်ဟာ ၂၄၇,၀၀၀ တောင် ရှိခဲ့ပြီး ကြာသာပတေးနေ့ကထက် ၁၂ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

ထရမ့် အစိုးရက TikTok ဟာ အမေရိကန် ပြည်သူတွေရဲ့ ဒေတာတွေကို တရုတ် အစိုးရအတွက် ခိုးယူပေးနေတယ်လို့ စွပ်စွဲထားပါတယ်။ TikTok ရဲ့ မိခင် ကုမ္ပဏီ ဖြစ်တဲ့ ဘေဂျင်း အခြေစိုက် ByteDance က ဒါကို ဖြေရှင်းဖို့အတွက် TikTok Global အမည်ရ ကုမ္ပဏီ အသစ် ၁ ခုကို တည်ထောင်ဖို့ အမေရိကန် ကုမ္ပဏီတွေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက ဆွေးနွေးခဲ့ကြပါတယ်။ ထရမ့်က TikTok ရဲ့ အမေရိကန်လုပ်ငန်းကို စက်တင်ဘာလ ၁၅ ရက်မတိုင်ခင် အမေရိကန် ကုမ္ပဏီ ၁ ခုကို ရောင်းရင်ရောင်း၊ မရောင်းရင် Ban မယ်လို့ ညွှန်ကြားထားခဲ့တာပါ။ အခုထက်ထိတော့ TikTok ကို အမေရိကန် ကုမ္ပဏီတွေ ဝယ်ယူလိုက်တယ်ဆိုတဲ့ သတင်းမထွက်လာသေးပါဘူး။ TikTok နဲ့ အမေရိကန်ရဲ့ ဇာတ်လမ်း ဘယ်လို ဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါပြီ။

Ref : theverge