[Zawgyi]

တရုတ္ရဲ႕ Mid-Autumn Festival မတိုင္ခင္ စက္တင္ဘာလ ၁၂ ရက္ေန႔မွာ မင္းသား Huang Cancan ဟာ Xiaomi Mi TV Office ကို အလည္လာခဲ့ၿပီး ၀န္ထမ္းေတြအတြက္ လက္ေဆာင္ေတြ ယူလာခဲ့ပါတယ္။ သူ အဲဒီ ရံုးကို အလည္လာတဲ့ ဓါတ္ပံုေတြ ၀ီဘိုမွာ ထြက္ေပၚလာပါတယ္။ အဲဒီ ဓါတ္ပံုေတြထဲက ကြန္ျပဴတာ ေမာ္နီတာမွာ “All Around 8K Support” ဆိုတဲ့ စာသားကို ျမင္ရပါတယ္။ အဲဒီအတြက္ Xiaomi ဟာ 8K Mi TV ကို ဖန္တီးေနတယ္လို႔ ထင္ရပါတယ္။

လက္ရွိ Xiaomi Mi TV ေတြမွာ 4K Resolution သာ ပါပါတယ္။ Xiaomi ရဲ႕ 8K TV ဟာ စြမ္းရည္ျမင့္ အမ်ိဳးအစား ျဖစ္ႏုိင္ပါတယ္။ မၾကာခင္က Xiaomi ရဲ႕ ကုမၸဏီခြဲ Redmi က သူ႔ရဲ႕ ပထမဆံုး TV ကို ေၾကညာခဲ့ၿပီး တန္ဖုိးသင့္ အမ်ိဳးအစား ျဖစ္ပါတယ္။ Xiaomi ရဲ႕ စြမ္းရည္ျမင့္ Mi TV ကေတာ့ ေစ်းႀကီးႏုိင္ပါတယ္။

Xiaomi ဟာ စက္တင္ဘာလ ၁၇ ရက္မွာ Mi TV အသစ္ကို အိႏၵိယမွာ ေၾကညာမွာ ျဖစ္ပါတယ္။ အဲဒါဟာ 8K MI TV လား ဆိုတာေတာ့ မသိရေသးပါဘူး။ Netflix က 8K Content ေတြကို ျပသေနတဲ့အတြက္ 8K TV ေတြဟာ ေရာင္းေကာင္းလာႏုိင္ပါတယ္။

တရုတ္ရဲ႕ Smart TV ေစ်းကြက္ဟာ အရမ္းေကာင္းေနပါတယ္။ OnePlus က စက္တင္ဘာလ ၂၆ ရက္မွာ သူ႔ရဲ႕ ပထမဆံုး Smart TV ကို ေၾကညာဖို႔ ျပင္ဆင္ေနပါတယ္။ အဲဒီ TV ဟာ တန္ဖိုးႀကီး အမ်ိဳးအစား ျဖစ္ပါတယ္။ Honor ကလည္း မၾကာခင္က Honor SmartVision TV ကို ေၾကညာခဲ့ပါတယ္။ Xiaomi က 8K Mi TV နဲ႔ ၿပိဳင္ဖက္ေတြကို အႏိုင္ယူမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Ref : gizmochina

[Unicode]

Xiaomi ရဲ့ 8K Mi TV ထွက်လာတော့မလား?

တရုတ်ရဲ့ Mid-Autumn Festival မတိုင်ခင် စက်တင်ဘာလ ၁၂ ရက်နေ့မှာ မင်းသား Huang Cancan ဟာ Xiaomi Mi TV Office ကို အလည်လာခဲ့ပြီး ဝန်ထမ်းတွေအတွက် လက်ဆောင်တွေ ယူလာခဲ့ပါတယ်။ သူ အဲဒီ ရုံးကို အလည်လာတဲ့ ဓါတ်ပုံတွေ ဝီဘိုမှာ ထွက်ပေါ်လာပါတယ်။ အဲဒီ ဓါတ်ပုံတွေထဲက ကွန်ပြူတာ မော်နီတာမှာ “All Around 8K Support” ဆိုတဲ့ စာသားကို မြင်ရပါတယ်။ အဲဒီအတွက် Xiaomi ဟာ 8K Mi TV ကို ဖန်တီးနေတယ်လို့ ထင်ရပါတယ်။

လက်ရှိ Xiaomi Mi TV တွေမှာ 4K Resolution သာ ပါပါတယ်။ Xiaomi ရဲ့ 8K TV ဟာ စွမ်းရည်မြင့် အမျိုးအစား ဖြစ်နိုင်ပါတယ်။ မကြာခင်က Xiaomi ရဲ့ ကုမ္ပဏီခွဲ Redmi က သူ့ရဲ့ ပထမဆုံး TV ကို ကြေညာခဲ့ပြီး တန်ဖိုးသင့် အမျိုးအစား ဖြစ်ပါတယ်။ Xiaomi ရဲ့ စွမ်းရည်မြင့် Mi TV ကတော့ ဈေးကြီးနိုင်ပါတယ်။

Xiaomi ဟာ စက်တင်ဘာလ ၁၇ ရက်မှာ Mi TV အသစ်ကို အိန္ဒိယမှာ ကြေညာမှာ ဖြစ်ပါတယ်။ အဲဒါဟာ 8K MI TV လား ဆိုတာတော့ မသိရသေးပါဘူး။ Netflix က 8K Content တွေကို ပြသနေတဲ့အတွက် 8K TV တွေဟာ ရောင်းကောင်းလာနိုင်ပါတယ်။

တရုတ်ရဲ့ Smart TV ဈေးကွက်ဟာ အရမ်းကောင်းနေပါတယ်။ OnePlus က စက်တင်ဘာလ ၂၆ ရက်မှာ သူ့ရဲ့ ပထမဆုံး Smart TV ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ TV ဟာ တန်ဖိုးကြီး အမျိုးအစား ဖြစ်ပါတယ်။ Honor ကလည်း မကြာခင်က Honor SmartVision TV ကို ကြေညာခဲ့ပါတယ်။ Xiaomi က 8K Mi TV နဲ့ ပြိုင်ဖက်တွေကို အနိုင်ယူမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gizmochina