Bitcoin ၁ခုရဲ့ လက်ရှိပေါက်ဈေးက ဒေါ်လာ ၁သောင်းကျော်သွားပြီပဲဖြစ်ပါတယ်။ ဒါက ဒီနှစ် ၂၀၁၇ အစပိုင်းတုန်းက ဒေါ်လာ ၁၀၀၀ ဝန်းကျင်ပဲရှိခဲ့ရာကနေ ၁ နှစ်အတွင်း ၁၀ ဆအထိ မြင့်တက်လာတာပဲဖြစ်ပါတယ်။ Bitcoin ဆိုတာ အမှန်တကယ်ကိုင်ဆောင်လို့ မရတဲ့ ဒီဂျစ်တယ်ငွေကြေးတစ်ခုဖြစ်ပေမယ့် Bitcoin က ဘယ်ကစဖြစ်လာတာလဲ? ဘယ်လိုမျိုး Bitcoin တွေကို ရှာဖွေနိုင်လဲဆိုတာကို အကျဉ်းချူံးပြောသွားမှာဖြစ်ပါတယ်။

Bitcoin ဆိုတာက လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက Satoshi Nakamoto အမည်ရတဲ့သူတစ်ယောက်က စတင်တီထွင်ခဲ့တဲ့ ဒီဂျစ်တယ်ငွေကြေးတစ်ခုဖြစ်ပြီး Bitcoin ရဲ့ အားသာချက်က ဘဏ်တွေကိုလိုအပ်ခြင်းမရှိပဲ နာမည်နဲ့ အခြားအချက်အလက်တွေမလိုအပ်ပဲ Account တစ်ခုကနေ တစ်ခုကိုပဲ တိုက်ရိုက်လွှဲပြောင်းအသုံးပြုနိုင်တာဖြစ်ပါတယ်။

ဒီဂျစ်တယ်ငွေကြေးတစ်ခုဖြစ်တဲ့အတွက် ကိုယ့်ဆီမှာ Bitcoin ရှိနေတယ်ဆိုရင်လည်း Bank Account ကနေ ပိုက်ဆံထုတ်သလိုမျိုး ATM စက်ကနေ ပိုက်ဆံထုတ်လို့တော့မရပါဘူး။ အဲ့ဒီအတွက် Bitcoin ကနေ ငွေကြေးပြန်လည်ထုတ်ပေးတဲ့ Mt.Gox လိုမျိုး Website တွေမှာ သွားပြီး Bitcoin နဲ့ အပြင်မှာတကယ်အသုံးပြုလို့ရတဲ့ ငွေကြေးကို ပြန်လည်လဲလှယ်ရမှာဖြစ်ပါတယ်။

အဲ့တော့ Bitcoin တွေကို ဘယ်လိုရှာမလဲ? Bitcoin တွေကို ရှာတော့မယ်ဆိုရင် နည်းလမ်းတစ်ခုရှိပြီးတော့ Paid to Click ကြော်ငြာ Website တွေမှာသွားပြီးတော့ ကြော်ငြာတွေကို နှိပ်ပေးတာနဲ့ cryptocurrency mining လို့ခေါ်တဲ့ ကိုယ့် ကွန်ပျူတာ CPU ဒါမှမဟုတ် Graphic Card ရဲ့ လုပ်အားကို အသုံးပြုပြီး Bitcoin တွေကို ရယူတာပဲဖြစ်ပါတယ်။ ပထမနည်းလမ်းနဲ့ ရှာဖွေမယ်ဆိုရင် ရရှိတဲ့ Bitcoin အရေအတွက်က အလွန်နည်းပြီး အချိန်လည်း ပေးရမှာဖြစ်ပြီး ဒုတိယနည်းလမ်းကတော့ ကိုယ့်ကွန်ပျူတာကိုပဲ ဖွင့်ထားပြီး အချိန်ပေးထားရမှာဖြစ်ပါတယ်။

Bitcoin ရှာဖွေဖို့စိတ်ကူးနေပြီဆိုတာနဲ့ အဓိကလုပ်ရမှာတစ်ခုက Bank မှာ Account ဖွင့်သလိုပဲ Bitcoin Wallet တစ်ခုလိုအပ်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Coinbase Website လိုမျိုးကနေ Bitcoin Wallet တစ်ခုကို ပြုလုပ်ထားရမှာပါ။

ဒါကတော့ Bitcoin အကြောင်းအခြေခံဖြစ်ပြီး Bitcoin ကို ဘယ်လိုရှာဖွေရမလဲဆိုတဲ့ Cryptocurrency Mining အကြောင်းကို ဆက်လက်ဖော်ပြသွားပေးပါမယ်။

Bitcoin နဲ့ ပတ်သတ်ပြီး ယခု YouTube Channel မှာလည်း လေ့လာနိုင်ပါတယ်။