အကယ်၍ စာဖတ်သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စီးပွားရေးလုပ်ငန်းတွေ၊ ဒါမှမဟုတ် Cryptocurrency ကို စိတ်ဝင်စားခဲ့သူဆိုရင်တော့ Blockchain ဆိုတဲ့ ဝေါဟာရကို ကြားခဲ့ဖူးပါလိမ့်မယ်။ Crypto ကမ္ဘာမှာတော့ Blockchain ကို ကောင်းကောင်းသိကြပါတယ်။

Blockchain ဆိုတာက ဖြန့်ကျက်ထားတဲ့ နည်းပညာစာရင်းစာအုပ် (လယ်ဂျာစာအုပ်) ဖြစ်ပြီး အရာရာကိုပြောင်းလဲနိုင်တဲ့အလားအလာနဲ့အတူ ကမ္ဘာကြီးဆီဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။ Blockchain နည်းပညာဟာ ငွေကြေးကိုသိမ်းဆည်းနိုင်ခြင်း၊ မှတ်တမ်းတွေကို တိုးချဲ့မှတ်သားနိုင်ခြင်းနဲ့ နည်းပညာကဏ္ဍကို မတူခြားနားအောင် အသွင်ပြောင်းနိုင်ခြင်း စတဲ့ဂုဏ်သတ္တိတွေရှိနေပါတယ်။

Blockchain က ထူးခြားတယ်ဆိုရင် ဘယ်လိုအလုပ်လုပ်တာလဲလို့ မေးကောင်းမေးမိပါလိမ့်မယ်။ အခုဖော်ပြမဲ့လမ်းညွှန်က Blockchain ဆိုတာဘာလဲ၊ ဘယ်လိုအလုပ်လုပ်တယ်၊ မတူညီတဲ့ရည်ရွယ်ချက်တွေအတွက် ဘယ်လိုအသုံးပြုတယ်၊ နေ့စဉ်စိန်ခေါ်မှုတွေကို ဘယ်လိုဖြေရှင်းတယ်ဆိုတာကို အနည်းငယ်နားလည်သွားစေမယ်လို့ မျှော်လင့်ပါတယ်။

Blockchain နည်းပညာဆိုတာ ဘာလဲ

အလွယ်ပြောရရင် Blockchain ဟာ Database ပါပဲ။ Blockchain ကိုနားလည်ဖို့ဆိုရင် Database ကို အရင်ဦးဆုံးနားလည်ရပါမယ်။ Database ဆိုတာ ကွန်ပျူတာထဲမှာ ထိန်းသိမ်းထားတဲ့ အီလက်ထရောနစ်ဒေတာအစုအဝေးပါပဲ။ Database ဟာ ဇယားကွက်ပုံစံဖွဲ့စည်းမှုထဲမှာ အချက်အလက်တွေထည့်သွင်းထားပြီး ရှာဖွေရလွယ်ကူစေဖို့ စစ်ထုတ်မှုပုံစံတွေလည်း ထည့်သွင်းထားပါတယ်။ ဒါဆိုရင် Spreadsheets နဲ့ Database ဘာကွာခြားလဲဆိုပြီး မေးစရာရှိလာပြန်ပါတယ်။

Spreadsheets တွေဟာ လူတစ်ဦး ဒါမှမဟုတ် အဖွဲ့ငယ်တွေရဲ့ ဒေတာသိုလှောင်မှုနဲ့ ရယူမှုအတွက် ရည်ရွယ်ပါတယ်။ အခြားတစ်ဖက်မှာတော့ Database ဟာ သုံးစွဲသူအမြောက်အများက တစ်ပြိုင်နက် သုံးစွဲကြည့်ရှုနိုင်၊ အချက်အလက်တွေစစ်ထုတ်နိုင်၊ ပြုပြင်မွမ်းမံနိုင်တဲ့ အချက်အလက်ပမာဏများစွာကို သိုလှောင်ထားဖို့ ဒီဇိုင်းပြုလုပ်ထားတာ ဖြစ်ပါတယ်။

ထုထည်ကြီးမားလွန်းတဲ့ Database တွေကတော့ စွမ်းရည်မြင့်မားလွန်းတဲ့ကွန်ပျူတာဆာဗာတွေပေါ်မှာ အချက်အလက်တွေကို သိုလှောင်ထားခြင်းနဲ့ အလုပ်လုပ်ကြပါတယ်။ ကွန်ပျူတာ ရာပေါင်းများစွာ၊ ဒါမှမဟုတ် ထောင်ပေါင်းများစွာကို အသုံးပြုနိုင်ဖို့ ဒီဆာဗာတွေကိုတည်ဆောက်ထားပါတယ်။ များစွာသောအသုံးပြုသူတွေကိုလည်း Database ကို တပြိုင်နက်သုံးနိုင်တာလည်း ဖြစ်ပါတယ်။

Spreadsheet ဒါမှမဟုတ် Database ကို ဘယ်သူမဆို Access လုပ်နိုင်ပေမဲ့၊ ယေဘုယျအားဖြင့်တော့ ဒါကို ကုမ္ပဏီတစ်ခုကပိုင်ဆိုင်ပြီး၊ လုပ်ဆောင်မှုနဲ့ အချက်အလက်တွေအပေါ်အပြည့်အဝလုပ်ပိုင်ခွင့်ရှိသူတစ်ဦးက ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

သာမန်လူနားလည်အောင်ပြောရရင် Blockchain ဟာ မပြောင်းလဲနိုင်တဲ့ (မပြောင်းလဲနိုင်၊ လွှဲပြောင်းမှု ဒါမှမဟုတ် မှတ်တမ်းတင်ပြီးသားဖိုင်ကို အပြောင်းအလဲမလုပ်နိုင်ခြင်းကိုဆိုလို) ဒေတာစီးရီးကို အချိန်အားဖြင့်တံဆိပ်ခတ်နှိပ်ထားတာမျိုးဖြစ်ပါတယ်။ ပြီးတော့ တစ်စုံတစ်ခုကို ဗဟိုပြုထားတဲ့စနစ်မဟုတ်ဘဲ ကွန်ပျူတာမျိုးစုံကနေ ကွန်ရက်ကိုစီမံခန့်ခွဲနိုင်တာမျိုး ဖြစ်ပါတယ်။ အဆိုပါကွန်ရက်က Data တွေကို Encrypt လုပ်ဖို့အတွက် Cryptographic encryption ကိုအသုံးပြုပါတယ်။

ဒါဟာ ဗဟိုချုပ်ကိုင်မှုတစ်ခုအောက်မှာ ရှိမနေတဲ့ ဗဟိုချုပ်ကိုင်မှုမဲ့စနစ် ဖြစ်ပါတယ်။ ဒါ့အပြင် Blockchain မှာရှိတဲ့ အရာအားလုံးဟာ ပွင့်လင်းမြင်သာမှုလည်း ရှိနေပါတယ်။ ကွန်ရက်ပေါ်က အချက်အလက်ကို ပြောင်းလဲ၊ မိတ္တူကူး၊ ဖျက်စီးတာမျိုး ပြုလုပ်လို့လည်း မရပါဘူး။ ကွန်ရက်ပေါ်မှာရှိသူတိုင်းက Data လွှဲပြောင်းမှုတိုင်းကို မြင်နိုင်ပါတယ်။

Blockchain နည်းပညာ ဘယ်လိုအလုပ်လုပ်သလဲ

Google Spreadsheet လိုမျိုး Web-based spreadsheet တွေ၊ ဒါမှမဟုတ် Documents တွေနဲ့ အလုပ်လုပ်ဖူးပါသလား။ အသုံးပြုသူထောင်ပေါင်းများစွာဆီ မျှဝေထားတဲ့ Spreadsheet တစ်ခုလို့ စဉ်းစားလိုက်ပါ။ ဒီ Spreadsheet ထဲမှာ ဘယ်သူဘာလုပ်ထားတယ်ဆိုတားကို လူတိုင်းကမြင်နိုင်ပါတယ်။ Blockchain ကတော့ Google Spreadsheet ထက် အများကြီး ရှုပ်ထွေးတာအမှန်ပါပဲ။ ဒါပေမဲ့ နည်းပညာရဲ့ မရှိမဖြစ်လိုအပ်တဲ့သဘောတရားသုံးခုဖြစ်တဲ့ Blocks, miners နဲ့ nodes စတာတွေကို သရုပ်ဖော်နိုင်တာကြောင့် Analogy ဆက်စပ်မှု ရှိနေပါတယ်။

Blocks

Block တစ်ခုဟာ လက်ရှိပစ္စုပ္ပန်ကို ကိုယ်စားပြုပြီး အတိတ်နဲ့ အနာဂတ်ရဲ့ Data တွေ ပါဝင်နေပါတယ်။ Block တစ်ခု ဆုံးခန်းတိုင်သွားရင် ဒါဟာအတိတ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်သွားပြီး Blockchain စနစ်မှာ Block သစ်တစ်ခုအတွက် လမ်းစလည်းဖြစ်လာပါတယ်။ ဆုံးခန်းတိုင်သွားတဲ့ Block ဟာ ပြီးခဲ့တဲ့ရောင်းဝယ်လွှဲပြောင်းခြင်းကိစ္စအတွက် မပျက်ပြယ်တော့တဲ့မှတ်တမ်းတစ်ခုသွားပြီး နောက်ထပ်အသစ်တစ်ခုကိုလည်း လက်ရှိတစ်ခုမှာပဲဆက်ပြီးမှတ်ထားတာမျိုးဖြစ်ပါတယ်။

ရလဒ်ကတော့ စနစ်တစ်ခုလုံးဟာ အဖန်ဖန်ပြန်ကျော့နေတာပါပဲ။ Data ကိုတော့ အပြီးအပိုင်သိမ်းဆည်းထားပါတယ်။ Block တိုင်းဟာ ပြီးခဲ့တဲ့ ရောင်းဝယ်လွှဲပြောင်းမှတ်တမ်းတွေပါဝင်ပါတယ်။ ဒီမှတ်တမ်းတွေမတိုင်မီ တည်ရှိနေတာကိုတော့ Block လို့ပဲ ရည်ညွှန်းပါတယ်။ အသုံးပြုသူကလည်း အရင်ကမှတ်တမ်းတင်ထားတဲ့ ရောင်းဝယ်လွှဲပြောင်းခြင်းကိစ္စကို ပြုပြင်ပြောင်းလဲလို့မရပါဘူး။

ဒီ Chain တစ်ခုတိုင်းကို block အမြောက်အများနဲ့ဖွဲ့စည်းထားပြီး တစ်ခုစီမှာလည်း အဓိက Elements သုံးခုရှိပါတယ်။

၁။ Block ထဲမှာ Data ရှိပါတယ်။

၂။ Nonce ဟာ 32-bit နံပါတ်ဖြစ်ပါတယ်။ Block တစ်ခုကိုဖန်တီးတဲ့အခါ Nonce က ကျပန်းဖြစ်ပြီး ရလဒ်အနေနဲ့ Block header hash generation ဖြစ်စေပါတယ်။

၃။ Hash ကတော့ 256-bit နံပါတ်ဖြစ်ပြီး Nonce ကို ချိတ်ဆက်ထားပါတယ်။ ဒါဟာ သုညနံပါတ်အများကြီးနဲ့ စတင်ရပါမယ်။

Chain ရဲ့ ပထမဆုံး Block ကို တည်ဆောက်တဲ့အခါ Nonce က Cryptographic hash ကို ဖန်တီးပါတယ်။ Mine လုပ်ပြီးတာနဲ့ Block ထဲက Data က အသိအမှတ်ပြုပြီး Nonce နဲ့ Hash တို့ကို အစဉ်အမြဲချိတ်ဆက်ထားလိုက်ပါတော့တယ်။

Miners

Mining ဟာ Miner တွေက Chain ဆီကို Block အသစ်တွေထပ်ထည့်တဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ Blockchain တစ်ခုက Block တစ်ခုစီမှာ သူ့ရဲ့အတုမရှိတဲ့ Hash နဲ့ Nonce ပါရှိပါတယ်။ ဒါပေမဲ့ ဒါဟာ Chain က နောက်ဆုံး Block ရဲ့ Hash ကို ရည်ညွှန်းပါတယ်။ Block ကို Mining လုပ်တာ ခက်ခဲပါတယ်။ အထူးသဖြင့် ကြီးမားတဲ့ Chain တွေမှာပါ။

Miner တွေဟာ Accepted Hash တစ်ခုဖြစ်ပေါ်အောင် ရှုပ်ထွေးတဲ့သင်္ချာပုစ္ဆာကိုဖြေရှင်းဖို့အတွက် အထူး Software ကိုအသုံးပြုကြပါတယ်။ အကြောင်းရင်းက Hash ဟာ 256 bits ဖြစ်ပြီး Nonce က 32 bits ဖြစ်တာကြောင့် အမှန်တစ်ခုကိုမတွေ့ခင်မှာ Nonce-hash ပေါင်းစပ်မှု ၄ ဘီလီယံနီးပါးကို Mine လုပ်ရပါတယ်။

ဒီဖြစ်ရပ်တွေက Miner တွေဟာ “Golden nonce” ကို ရှာဖွေတွေ့ရှိဖို့လို့ ပြောကြတာပါ။ အဲဒီကစပြီး သူတို့ရဲ့ Block ကို Chain ထဲထည့်လိုက်တော့တာပဲ ဖြစ်ပါတယ်။ အစောပိုင်း Chain အတွင်းမှာ Block ကို ပြုပြင်မွမ်းမံမယ်ဆိုရင် re-mining လုပ်ဖို့လိုအပ်ပြီး Block တွေကို ပြောင်းလဲတာသာမက Block တွေရဲ့ နောက်ပိုင်းကွင်းဆက်တွေကိုပါ ဖြစ်စေပါတယ်။ ဒါကပဲ Blockchain နည်းပညာဟာ ကြိုးကိုင်ဖို့ခက်ခဲရတဲ့အကြောင်းရင်းလို့ ဆိုရမှာပါ။

Golden nonce တွေကို ရှာဖွေရတာဟာ အချိန်အများကြီးယူပြီးအရင်းအမြစ်တွေကိုစီမံဆောင်ရွက်ရတာကြောင့် “Safety in math” အဖြစ် စဉ်းစားနိုင်ပါတယ်။ Block က အောင်အောင်မြင်မြင်နဲ့ တူးဖော်နိုင်ပြီဆိုရင်တော့ ဒါကို ကွန်ရက်ပေါ်က Nodes တွေအားလုံးက အသိအမှတ်ပြုပြီး Miner ကတော့ အဖိုးအခရရှိပါလိမ့်မယ်။

Nodes

ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းဆိုတာဟာ Blockchain နည်းပညာမှာ အရေးပါလွန်းတဲ့ အယူအဆပဲဖြစ်ပါတယ်။ ကွန်ပျူတာတစ်လုံးကဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကဖြစ်စေ Chain ကို ပိုင်ဆိုင်တာမျိုး မရှိပါဘူး။ အဲဒီအစား Chain ရဲ့ Nodes တွေကတစ်ဆင့် စာရင်းတွေကို ဖြန့်ထားလိုက်တာပါ။ ဒါတွေကပဲ Blockchain ရဲ့ မိတ္တူတွေကို သိမ်းဆည်းထားတဲ့ နည်းပညာဆိုင်ရာ Device တွေပဲဖြစ်ပြီး ကွန်ရက်ကိုလည်း လည်ပတ်စေပါတယ်။

ကွန်ရက်ကတော့ Update, trust နဲ့ Chain ကို အတည်ပြုဖို့ ဘယ် Mined block အသစ်ကိုမဆို အယ်လ်ဂိုရီသမ်ကျကျ လက်ခံရမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ Blockchains တွေဟာ ပွင့်လင်းမြင်သာတာကြောင့် လွှဲပြောင်းမှုတိုင်းကို လွယ်လွယ်ကူကူ အတည်ပြုနိုင်ပါတယ်။ အသုံးပြုသူတိုင်းဟာ သီးခြားစီဖြစ်တဲ့ အက္ခရာဂဏန်းမှတ်ပုံတင်နံပါတ်ကို ရရှိပါတယ်။

အချုပ်အားဖြင့်ပြောရရင် Blockchains တွေဟာ ယုံကြည်မှုရဲ့ နည်းပညာဆိုင်ရာပြောင်းလဲနိုင်စွမ်းကို အခြေခံအားဖြင့် လိုအပ်ပါတယ်။ ဒါနဲ့အတူ စီးပွားရေး၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ၊ ဘဏ္ဍာရေးနဲ့ အခြားထုတ်လုပ်မှုနယ်ပယ်တွေရဲ့ လိုလားချက်တွေကိုလည်း လက်ခံရရှိလာပါတော့တယ်။

The consensus of Blockchain Systems

Blockchain ကွန်ရက်တွေဟာ မျှော်လင့်ထားတဲ့အရင်းအမြစ်တွေနဲ့ အလိုရှိတဲ့ရလဒ်တွေကိုဖန်တီးဖို့ ရှိပြီးသား Blockchains ကြားက သဘောတူညီမှုယန္တရားပေါ်မူတည်နေတယ်။ အချုပ်အားဖြင့် Blockchain သဘောတူညီမှုယန္တရားဟာ ကွန်ရက်ပေါ်က Node အားလုံးကို တစ်ပြိုင်နက်လုပ်ဆောင်ပြီး လွှဲပြောင်းပေးယူမှုတွေမှန်ကန်ကြောင်း သေချာစေဖို့ ကူညီပေးပါတယ်။

Blockchain ကွန်ရက်တွေအနေနဲ့ Nodes တွေအားလုံးဟာ တူညီတဲ့ကွန်ရက်တစ်ခုထဲမှာရှိနေပြီး လွှဲပြောင်းမှုတွေအားလုံးကိုလည်း ပုံမှန်စစ်ဆေးကြောင်းသေချာစေဖို့အတွက် အဆိုပါ သဘောတူညီမှုယန္တရားတွေလိုအပ်ပါတယ်။ ဒီနေရာမှာ Mining process တွေကြား Blockchain သဘောတူညီမှုယန္တရားအမျိုးမျိုးတွေရှိနေတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ အဓိကအားဖြင့်ခွဲခြမ်းနိုင်တာကတော့ ၈ မျိုးဖြစ်ပါတယ်။

1.Proof of Work

Proof of Work (PoW) ကို Mining လို့လူသိများပါတယ်။ Miner တွေကတော့ Node တွေပါ။ Mine အတွက် Computing power အများကြီးလိုအပ်ပါတယ်။ Miner တွေက GPU mining, CPU mining, FPGA mining, ASIC mining နဲ့ အခြားအမျိုးအစား mining နည်းပညာအမျိုးမျိုးကို အသုံးပြုကြပါတယ်။

Miner တစ်ဦးက သင်္ချာပဟေဠိတစ်ခုကို ပထမဆုံးဖြေရှင်းနိုင်ရင် Block တစ်ခုကို ရရှိမှာဖြစ်ပါတယ်။ အလားတူပဲ ပြဿနာတွေဖြေရှင်းဖို့ စမ်းသပ်ခြင်းတွေနဲ့ မှားယွင်းခြင်းတွေလည်း လိုအပ်ပါတယ်။ ဒါကြောင့် Miner တွေဟာ အဖြေတွေကိုအလျင်အမြန်ဖော်ထုတ်ဖို့အတွက် ကွန်ပျူတာစွမ်းအားကို ပိုပြီးလိုအပ်ပါတယ်။

2.Proof of Stake

Proof of Stake (PoS) က လာမဲ့ Block ကိုပြုလုပ်ဖို့ ဘယ်သူကအရည်အချင်းပြည့်မီကြောင်းဆုံးဖြတ်ဖို့ စနစ်ကျတဲ့လုပ်ငန်းစဉ်ကို အသုံးပြုပါတယ်။ Blockchain အသုံးပြုသူတွေဟာ Validators ဖြစ်လာဖို့နဲ့ Validator ဖြစ်လာပြီးတဲ့နောက် Block တွေကိုဖန်တီးဖို့အတွက် သူတို့ရဲ့တိုကင်တွေကို Lock ချထားနိုင်ပါတယ်။ Blockchain ရဲ့ ဒီဇိုင်းပေါ်မူတည်ပြီး Validator တွေကိုရွေးချယ်ပါတယ်။ ထူးခြားတဲ့ Stake ဒါမှမဟုတ် Coins တွေနဲ့အသုံးပြုသူက အချိန်အကြာဆုံး Block သစ်တစ်ခုဖန်တီးနိုင်တဲ့အလားအလာပိုများပါတယ်။

3.Delegated Proof of State

အသုံးပြုသူတွေဟာ သူတို့ရဲ့ Coin တွေကို ရင်းနှီးမြှုပ်နှံပြီး Delegated Proof of Stake မှာ ကိုယ်စားလုပ်ပိုင်ခွင့်အတွက် မဲပေးနိုင်ပါတယ်။ သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အသုံးပြုသူတွေရဲ့ မဲတွေပါပဲ။ ဥပမာအားဖြင့် X stakes က ကိုယ်စားပြုသူအတွက် Coins 20 ရင်းနှီးမြှုပ်နှံပြီး Y stakes ကတော့ 2 Coins ပဲဆိုရင် X ရဲ့ မဲအရေအတွက်က Y ထက်ပိုပြီးများပါတယ်။ မဲအများဆုံးရသူကတော့ နောက်ထပ် Blocks သစ်တွေဖန်တီးနိုင်ပါတယ်။

အခြား Blockchain သဘောတူညီမှုဖြစ်စဉ်တွေမှာလည်း ဒီလိုမျိုး Proof of Stake ရှိပြီး Delegate တွေက ပေးဆောင်ရတဲ့ လွှဲပြောင်းမှုအဖိုးအခ ဒါမှမဟုတ် Cryptocurrencies တွေပဲ ဖြစ်ကြပါတယ်။

4.Proof of Elapsed Time

Proof of Elapsed Time ဖြစ်စဉ်ဟာ Block အသစ်တစ်ခု ထုတ်လုပ်သူကို ကျပန်းနဲ့ သူတို့ရဲ့ စောင့်ဆိုင်းချိန်ပေါ်မူတည်ပြီးမျှတအောင် ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။ စနစ်ဟာ သုံးစွဲသူတစ်ဦးစီအတွက် ကျပန်းစောင့်ဆိုင်းချိန်ကိုသတ်မှတ်ပေးပြီး စောင့်ဆိုင်းချိန်ကုန်သွားတဲ့အသုံးပြုသူကို Block သစ်ဖန်တီးခွင့် အရင်ပေးပါတယ်။ ဘယ်အသုံးပြုသူကမှ Node အများအပြားကိုတစ်ပြိုင်နက် Operate မလုပ်နိုင်ဘဲ စောင့်ဆိုင်းချိန်ကလည်း အမှန်တကယ်ကို ကျပန်းဖြစ်ပါတယ်။

5. Proof of Capacity

Proof of Capacity ဟာ Hard discs တွေလိုမျိုး ဒီဂျစ်တယ်သိုလှောင်မှုကိရိယာတွေထဲမှာ ရှုပ်ထွေးတဲ့သင်္ချာအဖြေတွေကို သိမ်းဆည်းထားပါတယ်။ လုပ်ငန်းစဉ်တစ်ခုလုံးကို Plotting (ဇာတ်ကွက်ချခြင်း) လို့ သိကြပါတယ်။ သင်္ချာပဟေဠိအဖြေတွေကို သိမ်းဆည်းပြီးတဲ့နောက် သိုလှောင်ကိရိယာတွေကို Block တွေဖန်တီးဖို့အတွက် အသုံးပြုပါတယ်။ အဖြေကိုပထမဆုံးရှာတဲ့အသုံးပြုသူက Block သစ်ကို ဖန်တီးရမှာဖြစ်ပါတယ်။ ဒါကြောင့် သိုလှောင်မှုအများဆုံးရှိသူက Block သစ်တစ်ခုကိုဖန်တီးဖို့ အလားအလာပိုများပါတယ်။

6.Proof of Identity

Proof of Identity ကတော့ အသုံးပြုသူရဲ့ ကိုယ်ရေးကိုယ်တာသော့ကို တရားဝင်အထောက်အထားတစ်ခုနဲ့နှိုင်းယှဉ်ပါတယ်။ ဒါကြောင့် သက်သေခံအထောက်အထားဟာ အသုံးပြုသူရဲ့ Private key နဲ့ လွှဲပြောင်းမှုတစ်ခုကြားက လျှို့ဝှက်ချိတ်ဆက်မှု တစ်ခုဖြစ်ပါတယ်။ Blockchain ကွန်ရက်မှာ ဘယ်သူမဆို Data block ကို ဖန်တီးနိုင်သလို၊ ကြည့်ရှိနိုင်ပါတယ်။ Proof of Identity က Data ခိုင်မာမှုနဲ့စစ်မှန်မှုကို သေချာစေပါတယ်။ Smart City တွေမှာ နိုင်ငံသားအထောက်အထားကိုသက်သေပြဖို့ Blockchain ရဲ့ သဘောတူညီမှုနည်းပညာကို အသုံးပြုနိုင်ပါတယ်။

7.Proof of Authority

Proof of Authority ယန္တရားဟာ ရင်းနှီးမြှုပ်နှံထားတဲ့ Validator ရဲ့ တည်ရှိမှုကို မွမ်းမံထားတဲ့ Proof of Stake ဖြစ်ပါတယ်။ တရားဝင်အထောက်အထားရှိသူတွေရဲ့ အထောက်အထားတွေကိုအတည်ပြုဖို့အတွက် တရားဝင်စာရွက်စာတမ်းတွေကို အသုံးပြုပါတယ်။ Validators stake တွေဟာ Blockchain ကွန်ရက်မှာ သူတို့ရဲ့ဂုဏ်သတင်းကို ရရှိစေပါတယ်။ ဒါကြောင့် Proof of Authority မှာ Block သစ်တွေဖန်တီးဖို့ နာမည်ကို ရင်းနှီးမြှုပ်နှံကြပါတယ်။ ဒါကြောင့် Proof of Authority မှာ Nodes ကပဲ Block သစ်ကို ဖန်တီးခွင့်ပြုတာဖြစ်သလို သူတို့ကပဲ Validators ဖြစ်လာပါတယ်။ Stake မှာ သက်သေအထောက်အထားခိုင်လုံတဲ့ Validators တွေက Blockchain ကွန်ရက်ကို လုံခြုံအောင်လှုံ့ဆော်ပေးသူတွေ ဖြစ်လာပါတယ်။

8. Proof of Activity

Proof of Activity ဟာ Proof of Work နဲ့ Proof of Stake ကို ပေါင်းစည်းထားတာ ဖြစ်ပါတယ်။ Proof of Activity က Miner တွေကို ပဟေဠိတွေဖြေရှင်းပြီး ဆုတွေကိုစုဆောင်းဖို့ စိန်ခေါ်ပါတယ်။ Proof of Activity blocks တွေဟာ Mining reward address နဲ့ Header data ပါဝင်တဲ့ ရိုးရိုးရှင်းရှင်း Templates တွေပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Validators ကျပန်းအဖွဲ့က Block ကို Sign လုပ်ဖို့ ရွေးချယ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုပိုများတဲ့ Validators ကတော့ Block သစ်ကို Signing လုပ်ဖို့ အခွင့်အလမ်းပိုများပါတယ်။ ရွေးချယ်ထားတဲ့ Validators က Sing လုပ်လိုက်တာနဲ့ Block သစ်ကလည်း ကွန်ရက်ကို ချိတ်ဆက်လိုက်ပါတယ်။ အကယ်၍ Validators အများအပြားက Block ကို Sign မလုပ်ရင် အဲဒါကိုဖျက်ဆီးပြီး Block အသစ်ကို အသုံးပြုပါတယ်။ အနိုင်ရတဲ့ Miner က Network fees ကို Validators နဲ့ ခွဲဝေပါတယ်။

Blockchain အသုံးပြုမှုကိစ္စများ

Banking

Blockchain တွေဟာ လုံခြုံစွာဖန်တီးနိုင်ပါတယ်။ လှုပ်ရှားမှုကိုတုံ့ပြန်လွယ်တဲ့ Tamper-proof trial ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာငွေပေးချေမှုတွေအတွက် စံပြလည်းဖြစ်စေပါတယ်။ ဥပမာအားဖြင့် Santander က ကမ္ဘာ့ပထမဆုံး Blockchain-based ငွေလွှဲဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ် ဧပြီလမှာ စတင်ခဲ့တာမျိုးပါ။

“Santander One Pay FX” ဝန်ဆောင်မှုဟာ နေ့ချင်း၊ ဒါမှမဟုတ် နောက်တစ်ရက်မှာပဲ နိုင်ငံတကာငွေလွှဲမှုတွေကို လွယ်ကူချောမွေ့စွာပြုလုပ်နိုင်ဖို့ Ripple ရဲ့ xCurrent ကို အသုံးပြုထားပါတယ်။ ပြောရမယ်ဆိုရင်တော့ Santander ဟာ Blockchain က လုပ်ငန်းစဉ်တစ်ခုလုံးကို အလိုအလျောက်လုပ်ဆောင်စေခြင်းနဲ့ ငွေပေးငွေယူတွေမှာလိုအပ်တဲ့ ကြားခံအရေအတွက်ကို လျှော့ချခဲ့တာ ဖြစ်ပါတယ်။ အရေးပါတဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်တစ်ခုဖြစ်တဲ့ Santander မှာ ဖောက်သည်တွေဟာ အထူးသဖြင့် နိုင်ငံတကာငွေပေးချေမှုတွေမှာ ပိုမိုမြန်ဆန်ပြီး၊ ပိုမိုဈေးနှုန်းသက်သာတဲ့ နှုန်းနဲ့ပြုလုပ်နိုင်မဲ့ အကျိုးအမြတ်ကို ရရှိပါလိမ့်မယ်။ Blockchain နည်းပညာဟာ ဘဏ်တွေရဲ့ ငွေလွှဲမှုတွေကို ကိုယ်တိုင်ဖြေရှင်းဖို့အတွက် လိုအပ်ချက်တွေကိုဖယ်ရှားပြီး ကုန်ကျစရိတ်တွေကိုသက်သာစေပါတယ်။

Money Laundering Security

Blockchain ရဲ့ ရှိရင်းစွဲ Encryption က ငွေကြေးခဝါချမှုကိုတိုက်ဖျက်ရာမှာ အင်မတန်အသုံးဝင်ပါတယ်။ ဒီနည်းပညာဟာ ကုမ္ပဏီတစ်ခုက သူ့ရဲ့ဖောက်သည်တွေရဲ့ အထောက်အထားတွေကို ဖော်ထုတ်အတည်ပြုတဲ့လုပ်ငန်းစဉ် “Know Your Customer (KYC)” မှာအထောက်အကူပြုတဲ့ မှတ်တမ်းထိန်းသိမ်းမှုကို ကူညီပေးပါတယ်။

Supply Chain Management

ပြောင်းလဲလို့မရနိုင်တဲ့ Blockchain လယ်ဂျာဟာ ထောက်ပံ့ရေးကွင်းဆက်တောက်လျှောက် Item တွေနဲ့ ကုန်ပစ္စည်းတွေကို အချိန်နဲ့တစ်ပြေးညီခြေရာခံသလိုမျိုးပဲ ဖြစ်ပါတယ်။ Blockchain ကိုအသုံးပြုခြင်းဟာ ကုန်ပစ္စည်းတွေနဲ့ Items တွေကိုသယ်ဆောင်တဲ့ ကုမ္ပဏီတွေအတွက် ဖြစ်နိုင်ခြေအတော်များများကို လမ်းဖွင့်ပေးပါတယ်။

Blockchain တစ်ခုလုံးမှာ Entries တွေကို ထောက်ပံ့ရေးကွင်းဆက်က အဖြစ်အပျက်တွေကို စောင့်ကြည့်ဖို့ သုံးနိုင်ပါတယ်။ တစ်နည်းအားဖြင့် Blockchain ဟာ အသုံးပြုဖို့ ဒေတာခြေရာခံခြင်းကို စုစည်းခြင်းနဲ့ ထည့်သွင်းခြင်းရဲ့ တက်ကြွတဲ့နည်းလမ်းသစ်လို့ ဆိုနိုင်ပါတယ်။

Government record management

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းရက်စွဲများ၊ အိမ်ထောင်ရေးအခြေအနေနဲ့ ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းတို့လို တစ်ဦးချင်းဆိုင်ရာမှတ်တမ်းတွေကို နိုင်ငံတော်၊ ပြည်နယ်နဲ့ဒေသဆိုင်ရာအစိုးရတွေက ထိန်းသိမ်းထားပါတယ်။ ဒါပေမဲ့ ဒီအချက်အလက်တွေကို စီမံခန့်ခွဲဖို့ခက်ခဲနိုင်ပြီး တချို့မှတ်တမ်းတွေကတော့ စာရွက်ပေါ်မှာပဲ ရှိနေပါသေးတယ်။

ဒါတင်မကသေးပါဘူး။ တစ်ခါတစ်ရံမှာ နိုင်ငံသားတွေဟာ အပြောင်းအလဲတစ်ခုလောက်လုပ်ဖို့အတွက် သူတို့ရဲ့ ဒေသန္တရအစိုးရရုံးတွေဆီကို ကိုယ်တိုင်သွားရတာမျိုးရှိပြီး မလိုအပ်ဘဲနဲ့ အချိန်ကုန်၊ စိတ်ရှုပ်ခံကြရပါတယ်။ Blockchain နည်းပညာကတော့ အချက်အလက်တွေကို ပိုမိုလုံခြုံစေပြီးမှတ်တမ်းထိန်းသိမ်းမှုကိုလည်း ရိုးရိုးရှင်းရှင်းအတိုင်းပဲဖြစ်စေနိုင်ပါတယ်။

Voting

Blockchain နည်းပညာဟာ လုံခြုံရေးပိုင်းမှာ ပိုပြီးအဆင့်မြင့်တဲ့ မေးပေးခြင်းလိုကိစ္စမျိုးမှာ အသုံးချနိုင်တဲ့အလားအလာရှိတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ Hacker တွေ Terminal ကိုဝင်ရောက်ခွင့်ရခဲ့ရင်တောင်မှ တခြား Node တွေကိုမထိခိုက်စေတာကြောင့် Blockchain နည်းပညာကို ဆန့်ကျင်ဖို့စွမ်းအားမရှိဖြစ်ရပါလိမ့်မယ်။ မဲတစ်ခုစီက ID တစ်ခုစီနဲ့ ဆက်စပ်နေမှာဖြစ်ပါတယ်။ ID အတုဖန်တီးဖို့မဖြစ်နိုင်တာကြောင့် အစိုးရတာဝန်ရှိသူတွေက မဲတွေကို တိတိကျကျမှန်မှန်ကန်ကန် ရေတွက်နိုင်ပါလိမ့်မယ်။

Real Estate

ပျမ်းမျှအားဖြင့် အိမ်ရှင်တွေဟာ သူတို့ရဲ့အိမ်တွေကို ၅ နှစ်ကနေ ၇ နှစ် တွေတိုင်းမှာ တစ်ကြိမ်အဖြစ် ရောင်းချလေ့ရှိကြပြီး ပျမ်းမျှအားဖြင့် လူတွေဟာ တစ်သက်တာမှာ ၁၂ ကြိမ်နီးပါး ပြောင်းရွှေ့နေကြတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုးလှုပ်ရှားမှုတွေနဲ့အတူ Blockchain ကလည်း အိမ်ခြံမြေဈေးကွက်အတွက် အကူအညီဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ ငွေကြေးကို လျင်လျင်မြန်မြန်စစ်ဆေးတာ၊ Encryption နဲ့ လိမ်လည်မှုကိုလျှော့ချနိုင်တာ၊ အရောင်းအဝယ်ဖြစ်စဉ်တစ်လျှောက် ပွင့်လင်းမြင်သာမှုကိုဖြစ်စေတာ စတဲ့အားသာချက်တွေနဲ့ အိမ်ခြံမြေဈေးကွက်လည်ပတ်မှုကို အရှိန်မြှင့်တင်ပေးနိုင်တယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။

DeFi

DeFi ဆိုတာ “Decentralized finance” (ဗဟိုချုပ်ကိုင်မှုကိုလျှော့ချထားတဲ့ဘဏ္ဍာရေးကဏ္ဍ) ကို ရည်ညွှန်းပါတယ်။ ဒါဟာ ဗဟိုချုပ်ကိုင်မှုလျှော့ချထားတဲ့ အများဆိုင် Blockchain ကွန်ရက်မှာ ငွေရေးကြေးရေ:ထုတ်ကုန်တွေကို ခွင့်ပြုတဲ့စနစ်တစ်ခု ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ပွဲစား ဒါမှမဟုတ် ဘဏ်တွေကတစ်ဆင့် ဖြတ်သန်းရမဲ့အဆင့်တွေကို ကျော်လွှားနိုင်တာပါ။

အရစ်ကျ၊ ဒါမှမဟုတ် ဘဏ်အကောင့်တွေလိုမဟုတ်ဘဲ DeFi ဟာ လိပ်စာ၊ အစိုးရကထုတ်ပေးတဲ့ စာရွက်စာတမ်း၊ ဒါမှမဟုတ် ID စတွေရဲ့ သက်သေခံမှုတွေ မလိုအပ်တော့ပါဘူး။ DeFi ဟာ Blockchains မှာရေ:ထားတဲ့ Software ကို ခွင့်ပြုတဲ့စနစ်တစ်ခု ဖြစ်ပါတယ်။ ချေးယူသူ၊ ဝယ်သူ၊ ငှားသူ၊ ရောင်းသူ စတဲ့သူတွေရဲ့ကြားမှာ တင်းကြပ်တဲ့ Software-base middleman အနေနဲ့ Peer-to-peer ပြုလုပ်နိုင်စေပါတယ်။ ဒါဟာ ကုမ္ပဏီ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုနဲ့လုပ်တာထက် ပိုပြီးလွယ်ကူချောမွေ့စေနိုင်ပါတယ်။

လူကြိုက်များတဲ့ DeFi အမျိုးအစား Application အချို့မှာ DEXs (decentralized exchanges) လည်းပါဝင်ပါတယ်။ အသုံးပြုသူတွေဟာ ether အတွက် DAI ဒါမှမဟုတ် Bitcoin အတွက် U.S ဒေါ်လာကို အွန်လိုင်းပေါ်မှာ လဲလှယ်နိုင်ပါတယ်။ DEXs တွေဟာ အသုံးပြုသူတွေအနေနဲ့ ကြားခံကိုအားကိုးစရာမလိုဘဲ Cryptocurrencies တွေကို တိုက်ရိုက်ရောင်းဝယ်နိုင်တာ ဖြစ်ပါတယ်။ DEX တွေဟာ အသုံးပြုသူတွေက သူတို့ရဲ့ငွေကို ကြားခံတစ်ဦးမလိုဘဲ အချင်းချင်းရောင်းဝယ်ဖောက်ကားဖို့အသုံးပြုနိုင်တာကြောင့် ပိုပြီး ရေပန်းစားလာပါတယ်။

Stablecoins – ကတော့ သူ့ရဲ့ဈေးနှုန်းတည်ငြိမ်စေဖို့အတွက် Cryptocurrency ကို ယူရို ဒါမှမဟုတ် ကနေဒါဒေါ်လာလိုမျိုး Non-crypto ငွေကြေးနဲ့ ချိတ်ဆက်ပေးတာပါ။

Lending Platforms – ဒီပလက်ဖောင်းတွေကတော့ ချေးငွေလုပ်ငန်းစဉ်မှာ ဘဏ်တွေလို ကြားခံပစ္စည်းတွေကို အစားထိုးဖို့အတွက် Smart contracts တွေကို အသုံးပြုပါတယ်။

Blockchain အတွက် ဘာဆက်ဖြစ်မလဲ

နည်းပညာအတွက် အများကြီးအသုံးဝင်မဲ့ Application တွေက နေရာယူထားပြီး သုတေသနလုပ်နေပါတယ်။ Blockchain ဟာ နောက်ဆုံးမှာတော့ သူ့အတွက်နာမည်တစ်ခုဖြစ်စေခဲ့ပါပြီ။ ဒါဟာ သူ့ရဲ့နည်းပညာဆိုင်ရာအကျိုးအမြတ်တွေကြောင့်ပါပဲ။ နည်းပညာဝါသနာပါသူတိုင်းရဲ့နှုတ်ဖျားပေါ်မှာတော့ Blockchain ဟာ အဓိကဝေါဟာရတစ်ခုလို ဖြစ်နေမှာပါပဲ။ Blockchain ဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရလုပ်ငန်းတွေကို ပိုမိုတိကျ၊ ထိရောက်လုံခြုံပြီး ကုန်ကျစရိတ်သက်သာစေမဲ့ ဖြေရှင်းချက်ကိုပေးနိုင်တဲ့အလားအလာလည်း ရှိနေတာဖြစ်ပါတယ်။

Ref: RFOXMEDIA