လက်ရှိအချိန်မှာ Cryptocurrency ဆိုတဲ့ စကားလုံးက ခေတ်စားလာနေပါတယ်။ Currency ဆိုတဲ့အတိုင်း ငွေကြေးတစ်ခုဖြစ်ပေမယ့် လက်နဲ့ကိုင်ဆောင်လို့မရတဲ့ ငွေကြေးတစ်ခုဖြစ်ပြီးတော့ ပေါက်ဈေးအရလည်း ဒေါ်လာ၊ ယူရိုလိုငွေကြေးတွေအတွက် အတက်အကျအလွန်မြန်ဆန်တာပဲဖြစ်ပါတယ်။ အဲ့ဒီတော့ Cryptocurrency မှာ Bitcoin တစ်ခုပဲ ပါဝင်တာလား.. ဘယ်လိုငွေကြေးတွေပါဝင်မလဲဆိုတာကို ဖော်ပြသွားမှာဖြစ်ပါတယ်။

Cryptocurrency ဆိုတာကတော့ ဒီဂျစ်တယ်ငွေကြေးတစ်ခုဖြစ်တဲ့အတွက် အမှန်တကယ်ပိုက်ဆံအနေနဲ့ထုတ်လို့မရပဲ Online ကနေ ငွေကြေးပေးချေတာ၊ ဒါမှမဟုတ် ငွေကြေးအနေနဲ့ ပြန်လည်လဲလှယ်ပြီးမှ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ Cryptocurrency ဒီဂျစ်တယ်ငွေကြေးတွေအကုန်လုံးက Digital wallet Account ထဲမှာပဲရှိနေပြီးတော့ Bank မှာ အပ်ထားသလိုမျိုး စိတ်ချရမှာတော့မဟုတ်ပါဘူး။

Cryptocurrency ကို ရှာဖွေမယ်ဆိုရင် Mining ပြုလုပ်ပြီး ရှာဖွေရမှာဖြစ်ပြီးတော့ Cryptocurrency Mining ဆိုပြီးလူသိများပါတယ်။ အဲ့ဒါက ဘယ်လိုမျိုးလဲဆိုရင် ကိုယ့်မှာရှိတဲ့ ကွန်ပျူတာရဲ့ CPU ဒါမှမဟုတ် Graphic Card ရဲ့ စွမ်းအင်နဲ့ Cryptocurrency Mining Website တွေမှာရှိတဲ့ ခက်ခဲလှတဲ့ Hash လို့ ခေါ်တဲ့ သင်္ချာပိုင်းဆိုင်ရာ ပုစ္ဆာတွေကို ဖြေရှင်းပေးရတာဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုမျိုး Cryptocurrency Mining ပြုလုပ်တော့မယ်ဆိုရင် ပြန်ရတဲ့အကျိုးအမြတ်အနေနဲ့ တွေက တစ်ရက်ကို Bitcoin ၁ခု တောင်ရမှာမဟုတ်ပဲ ပုံမှန် Graphic Card တစ်ခုနဲ့ပဲ တစ်ရက်ကို ဒေါ်လာ ၃၀ ကနေ ၅၀ အထိရှာဖွေနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် ဒါက ကိုယ်ရွေးချယ်တဲ့ Cryptocurrency အပေါ်ကိုလည်း မူတည်ပြီး Cryptocurrency တွေအနေနဲ့ Bitcoin (BTC) လက်ရှိပေါက်ဈေး 10246.80 USD, Ethereum (ETH) လက်ရှိပေါက်ဈေး 447.16 USD, Bitcoin Cash (BCH) လက်ရှိပေါက်ဈေး 1385.15 USD စတဲ့ Cryptocurrency အပေါ်မှုတည်ပြီးတော့ ကွဲပြားသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Bitcoin နဲ့ Ethereum စတဲ့ ငွေကြေးတွေကပဲ သေချာတဲ့ Cryptocurrency တွေဖြစ်ပြီး အခြားသော Cryptocurrency တွေကတော့ မကြာခင်ပျေက်ကွယ်သွားနိုင်ပါသေးတယ်။