[Zawgyi]

WhatsApp ရဲ႕ ေနာက္ဆုံးျပဳလုပ္ေပးလိုက္တဲ့ Update ကေတာ့ အသုံးျပဳသူအားလုံးအႀကိဳက္ေတြ႕ေစမယ့္ Update လို႔ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီ Update မွာပါဝင္တဲ့လုပ္ေဆာင္ခ်က္ဟာ အသုံးျပဳသူေတြရဲ႕ လုံၿခဳံေရးလုပ္ေဆာင္ခ်က္ကို ပိုမိုေကာင္းမြန္ေစသလို၊ ပိုမိုလြယ္ကူေစတာေၾကာင့္ပဲ ျဖစ္ပါတယ္။

ဒီေန႔ေခတ္မွာ လုံၿခဳံေရးအတြက္ လက္ေဗြဖတ္စနစ္အသုံးျပဳၾကတာ စမတ္ဖုန္းတစ္ခုတည္း မဟုတ္ေတာ့ပါဘူး။ Application ေတြကိုလည္း လက္ေဗဖတ္စနစ္နဲ႔တြဲဖက္ၿပီး အသုံးျပဳလာၾကၿပီ ျဖစ္ပါတယ္။ ဒီအထဲမွာ ပါဝင္လာတာကေတာ့ WhatsApp ပဲ ျဖစ္ပါတယ္။ တကယ္ေတာ့ WhatsApp က လက္ေဗြဖတ္စနစ္နဲ႔တြဲဖက္ထားတာ အခုမွမဟုတ္ပါဘူး။

ဒီႏွစ္ရဲ႕ အေစာပိုင္းကတည္းက WhatsApp ရဲ႕ iOS ဗားရွင္းဟာ လက္ေဗြဖတ္စနစ္ကိုအသုံးျပဳႏိုင္ခဲ့တာပါ။ အခုေတာ့ WhatsApp ရဲ႕ Android ဗားရွင္းမွာလည္း လက္ေဗြဖတ္စနစ္နဲ႔ Unlock လုပ္လို႔ရသြားၿပီျဖစ္ပါတယ္။ လုံၿခဳံေရးအဆင့္အတန္းကေတာ့ ဘဏ္ App ေတြအတိုင္းပဲလို႔ သိရပါတယ္။

လက္တေလာမွာေတာ့ ဒီလုပ္ေဆာင္ခ်က္ဟာ ကမာၻတစ္ဝန္းလုံးက WhatsApp အသုံးျပဳသူေတြဆီေတာ့ ေရာက္ဦးမွာ မဟုတ္ပါဘူး။ လက္ေဗြဖတ္စနစ္ကို အသုံးျပဳမယ္ဆိုရင္ App ကို ဖြင့္ၿပီးေနာက္ မိနစ္ ၃၀ အၾကာမွာ ျပန္ၿပီး Lock ျဖစ္သြားေစတဲ့ လုပ္ေဆာင္ခ်က္ကိုလည္း ေ႐ြးခ်ယ္သတ္မွတ္ထားလို႔ ရပါတယ္။

Ref: GSM Arena

[Unicode]

WhatsApp ရဲ့ Fingerprint Unlock လုပ်ဆောင်ချက်ကို Android မှာလည်း ရပြီ

WhatsApp ရဲ့ နောက်ဆုံးပြုလုပ်ပေးလိုက်တဲ့ Update ကတော့ အသုံးပြုသူအားလုံးအကြိုက်တွေ့စေမယ့် Update လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီ Update မှာပါဝင်တဲ့လုပ်ဆောင်ချက်ဟာ အသုံးပြုသူတွေရဲ့ လုံခြုံရေးလုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေသလို၊ ပိုမိုလွယ်ကူစေတာကြောင့်ပဲ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ လုံခြုံရေးအတွက် လက်ဗွေဖတ်စနစ်အသုံးပြုကြတာ စမတ်ဖုန်းတစ်ခုတည်း မဟုတ်တော့ပါဘူး။ Application တွေကိုလည်း လက်ဗေဖတ်စနစ်နဲ့တွဲဖက်ပြီး အသုံးပြုလာကြပြီ ဖြစ်ပါတယ်။ ဒီအထဲမှာ ပါဝင်လာတာကတော့ WhatsApp ပဲ ဖြစ်ပါတယ်။ တကယ်တော့ WhatsApp က လက်ဗွေဖတ်စနစ်နဲ့တွဲဖက်ထားတာ အခုမှမဟုတ်ပါဘူး။

ဒီနှစ်ရဲ့ အစောပိုင်းကတည်းက What’sApp ရဲ့ iOS ဗားရှင်းဟာ လက်ဗွေဖတ်စနစ်ကိုအသုံးပြုနိုင်ခဲ့တာပါ။ အခုတော့ What’sApp ရဲ့ Android ဗားရှင်းမှာလည်း လက်ဗွေဖတ်စနစ်နဲ့ Unlock လုပ်လို့ရသွားပြီဖြစ်ပါတယ်။ လုံခြုံရေးအဆင့်အတန်းကတော့ ဘဏ် App တွေအတိုင်းပဲလို့ သိရပါတယ်။

လက်တလောမှာတော့ ဒီလုပ်ဆောင်ချက်ဟာ ကမ္ဘာတစ်ဝန်းလုံးက WhatsApp အသုံးပြုသူတွေဆီတော့ ရောက်ဦးမှာ မဟုတ်ပါဘူး။ လက်ဗွေဖတ်စနစ်ကို အသုံးပြုမယ်ဆိုရင် App ကို ဖွင့်ပြီးနောက် မိနစ် ၃၀ အကြာမှာ ပြန်ပြီး Lock ဖြစ်သွားစေတဲ့ လုပ်ဆောင်ချက်ကိုလည်း ရွေးချယ်သတ်မှတ်ထားလို့ ရပါတယ်။

Ref: GSM Arena