လမ်းပေါ်မှာနေ့စဉ်တွေ့နေရတဲ့ကားတွေက သိပ်မကြာခင်အချိန်အတွင်းမှာ အရင်ကထက်ပိုပြီး တိတ်ဆိတ်တဲ့ကားတွေဖြစ်လာတော့မှာပါ။ Electric မော်တာတွေကို အသုံးပြုထားတဲ့ကားတွေကို Electric Vehicle ဒါမှာမဟုတ် EV လို့လည်းခေါ်လို့ရပါတယ်။ EV တွေကိုတော့ Battery စွမ်းအင်ကို အသုံးပြုထားတဲ့ မော်တာတွေကိုအသုံးပြုထုတ်လုပ်ထားပါတယ်။

Source : Nissan

၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ EV တွေထုတ်လုပ်မှုတွေ စတင်များပြားလာခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင်ကတော့ Battery နဲ့ပတ်သက်ပြီး နည်းပညာဆိုင်ရာ အခက်အခဲအချို့ရှိတာကြောင့် EV တွေကို အမြောအများထုတ်လုပ်ဖို့ မလွယ်ကူခဲ့ပါဘူ။ လောက်စာဆီတွေဈေးတက်လာတာ၊ လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်စေတာမျိုးတွေကို ကာကွယ်နိုင်ဖို့အတွက် EV တွေကိုထုတ်လုပ်လာကြတာပဲဖြစ်ပါတယ်။ နိုင်ငံကြီးတော်တော်များများက အစိုးရတွေကလည်း EV ထုတ်လုရဖို့အတွက်ကို လိုအပ်တဲ့အထောက်အပံ့တွေပေးခဲ့ကြပါတယ်။


EV တွေရဲ့ အဓိကအားသာချက်တွေကတော့ သာမန် လောင်စာဆီသုံး အင်ဂျင်တပ်ကားတွေနဲ့ယှဉ်ရင် အသံဆူညံမှုမရှိသလို လေထုညစ်ညမ်းမှုလည်း အများကြီးသက်သာစေပါတယ်။ လောင်ကျွမ်းစရာ အင်ဂျင်မပါတာကြောင့် မီးခိုးထွက်စရာလည်း အကြောင်းမရှိပါဘူး။ EV တွေအားလုံးကို အသုံးပြုပြီးတိုင်းအားပြန်သွင်းရတဲ့အခါ စွမ်းအင်အမျိုးမျိုးကို အသုံးပြုပြီး အားသွင်းနိုင်တာကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်တဲ့ Solar Power ကိုသုံးတာပဲဖြစ်ဖြစ် လေအားလျှပ်စစ်ကိုပဲဖြစ်ဖြစ် တစ်ခုခုကို သုံးပြီးအားပြန်သွင်းနိုင်တာကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို လျှော့ချနိုင်ပါတယ်။

EV တွေကို ၂၀၁၅ ခုနှစ်လောက်မှာ စတင်ပြီးတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဝယ်ယူအသုံးပြုသူတွေ သိသိသာသာတိုးလာခဲ့ပါတယ်။ EV တွေထုတ်လုပ်တဲ့ကုမ္ပဏီတွေထဲမှာ Tesla နဲ့ Nissan တို့က နာမည်ကြီးလူသိများသလို အခြားကုမ္ပဏီတွေကလည်း EV ကောင်းတွေကို ထုတ်လုပ်ရောင်းချနိုင်ဖို့ ကြိုးစားနေကြပါပြီ။ Nissan ရဲ့ Nissan Leaf ကတော့ မြန်မာနိုင်ငံမှာပါ စီးတဲ့သူများပြားတဲ့ EV တစ်မျိုးပဲဖြစ်ပါတယ်။ Nissan Leaf လေးတွေဟာ အားအပြည့်သွင်းထားရင် မိုင် ၁၅၀ လောက်အထိ ခရီးသွားလို့ရတာကြောင့် တော်တော်လေးအဆင်ပြေပါတယ်။ Tesla ရဲ့ EV တွေကတော့ ဈေးများတာကြောင့် မြန်မာနိုင်ငံမှာ ဝယ်ယူစီးနင်းသူတွေရှားပါးနေဆဲပါ။

Source : Tesla

၂၀၁၅ လောက်ကစလို့ EV ဈေးကွက်ကြီး စတင်လည်ပတ်လာခဲ့တာ အခုဆိုရင် သုံးနှစ်ကျော်အချိန်ကို ရောက်လာပါပြီ။ ဈေးကွက်မှတ်တမ်းတွေအရ ၂၀၁၈ ဇန်နဝါရီလအထိ Nissan Leaf ကားအစီးရေပေါင်း သုံးသိန်းကျော် အထိရောင်းချနိုင်ခဲ့ပါတယ်။ Tesla ရဲ့ နာမည်ကြီး Model ဖြစ်တဲ့ Model S ကတော့ အစီးရေပေါင်း နှစ်သိန်းကျော်ပဲ ရောင်းချနိုင်ခဲ့ပါတယ်။ EV နဲ့ပတ်သက်လာရင်တော့ Tesla ကဆရာတစ်ဆူလိုဖြစ်နေပါပြီ။ တန်ဖိုးကြီးမြင့်တာကြောင့် ရောင်းအားသိပ်မကောင်းတာပါ။ Nissan Leaf ကတော့ EV တွေထဲမှာ လူတော်တော်များများတတ်နိုင်တဲ့ဈေးနဲ့ ရောင်းချပေးတာကြောင့် ဝယ်လိုအားများပါတယ်။ မြန်မာနိုင်ငံမှာလည်း တော်တော်များများ စီးလာကြပါပြီ။