Zawgyi

အသစ္ထြက္လာတဲ့ Redmi 8 ဟာ သူ႕ရဲ႕မ်ဳိးဆက္ေဟာင္း Redmi 7 ထက္ ပိုသာတဲ့ တုိးျမွင့္မႈမ်ားကို ယူေဆာင္လာခဲ့ေပမယ့္ Redmi 7 မွာ အသုံးျပဳခဲ့တဲ့ Snapdragon 632 ခ်စ္ပ္ဆက္ထက္ နိမ့္တယ္လို႔ ဆုိရမယ့္ Snapdragon 439 ကိုသာ ထည့္သြင္းလာဲ့ပါတယ္။ Redmi ရဲ႕ အေထြေထြမန္ေနဂ်ာ Lu Weibing က သူတုိ႔ဟာ ဘာေၾကာင့္ မ်ဳိးဆက္သစ္ Redmi အတြက္ Snapdragon 400 စီးရီးကို ေျပာင္းလဲေရြးခ်ယ္ခဲ့သလဲ ဆုိတာကို ျပန္ရွင္းျပခဲ့ပါတယ္။

သူ႕ရဲ႕ Weibo ပိုစ့္မွာေဖာ္ျပထားခ်က္အရ သူတုိ႔ဟာ Redmi 8 ကို မိတ္မဆက္ခင္မွာ သုံးစြဲသူေတြအတြက္ ဘယ္ Feaute ေတြက အေရးႀကီးဆုံးလဲလို႔ စစ္တမ္းေကာက္ယူခဲ့တယ္လို႔ ဆုိပါတယ္။ အဆုိပါ စစ္တမ္းမွာ ဘကၳရီသက္တမ္း၊ ေခ်ာေမြ႕ျမန္ဆန္တဲ့ သုံးစြဲမႈစြမ္းေဆာင္ရည္နဲ႔ ကြာလတီေကာင္းတဲ့ ကိုယ္ထည္ဒီဇုိင္းတုိ႔ကုိ အမ်ားဆုံး မဲေပးခဲ့ၾကပါတယ္။ ဒါေၾကာင့္ Redmi က သူတုိ႔ရဲ႕ဖုန္းအသစ္ကို ဒီရလဒ္ေပၚ အေျခခံၿပီး တည္ေဆာက္ခဲ့တာပါ။

Redmi 8 နဲ႔ Redmi 8A တုိ႔မွာ Stand-by ထားရင္ တစ္လေလာက္ခံတဲ့ 5,000 mAh ဘကၳရီႀကီးေတြနဲ႔ USB Type-C တုိ႔ပါဝင္ပါတယ္။ အားသြင္းစနစ္ကလည္း 18W အထိ ေထာက္ပံ့ေပးတဲ့အတြက္ ဒီဘကၳရီႀကီးေတြကို ၂ နာရီအားသြင္းရုံနဲ႔ အစအဆုံးျပည့္ႏုိင္မွာပါ။

သုံးစြဲရတာ ပိုျမန္ဆန္ဖို႔အတြက္ေတာ့ သူတုိ႔က 2GB RAM ဗားရွင္းကို ပယ္လိုက္ပါတယ္။ ဒါ့အျပင္ Mi Turbo 2.0 ကိုပါ အရွိန္ျမွင့္ဖို႔နဲ႔ မန္မုိရီရွင္းလင္းဖို႔ ထည့္ေပးခဲ့တယ္။ သူတုိ႔ရဲ႕ စမ္းသပ္မႈေတြအရေတာ့ Redmi 8 ဖုန္းေတြဟာ ႏွစ္ႏွစ္သုံးၿပီးတာေတာင္ အသစ္စက္စက္ထက္ 35% သာ ေႏွးက်သြားမယ္လို႔ Redmi က ဆုိပါတယ္။

ပရုိဆက္ဆာပုိင္းမွာေတာ့ သူတုိ႔ဟာ SD400 စီးရီး ခ်စ္ပ္ေတြကို အသုံးျပဳထားေပမယ့္ သူ႕ရဲ႕စြမ္းေဆာင္ရည္က SD625 နဲ႔ အတူတူေလာက္ပဲလို႔ Redmi က ေျပာပါတယ္။ သူ႕ရဲ႕ပုိစ့္မွာ SD625 ကို အသုံးျပဳထားတဲ့ Redmi 6 Pro နဲ႔ Redmi 8 တုိ႔ရဲ႕ AnTuTu Benchmark ေတြကိုေတာင္ ယွဥ္ျပထားၿပီး SD439 ခ်စ္ပ္ေတြဟာ 12nm တည္ေဆာက္ပုံျဖစ္တာေၾကာင့္ SD625 နဲ႔ တူညီတဲ့ စြမ္းေဆာင္ရည္ကို ျပသႏုိင္ၿပီး Mi Turbo ေၾကာင့္ သုံးစြဲသူေတြအတြက္ ျမန္ဆန္သြက္လက္ေစမွာျဖစ္တယ္လို႔ ဆုိပါတယ္။

ေနာက္ဆုံးအေနနဲ႔ေတာ့ Lu Weibing က သုံးစြဲသူေတြဟာ စြမ္းေဆာင္ရည္ေကာင္းတာသက္သက္ကို လိုခ်င္ရင္ Redmi 7 သုိ႔မဟုတ္ SD665 ပရုိဆက္ဆာပါတဲ့ Redmi Note 8 ကိုေရြးခ်ယ္ဖို႔နဲ႔ ဘကၳရီသက္တမ္း ပိုေကာင္းတာ လိုခ်င္ရင္ေတာ့ Redmi 8A သုိ႔မဟုတ္ Redmi 8 ကိုေရြးခ်ယ္ပါလို႔ အၾကံေပးထားပါတယ္။

Ref – Gizmo China

Unicode

အသစ်ထွက်လာတဲ့ Redmi 8 ဟာ သူ့ရဲ့မျိုးဆက်ဟောင်း Redmi 7 ထက် ပိုသာတဲ့ တိုးမြှင့်မှုများကို ယူဆောင်လာခဲ့ပေမယ့် Redmi 7 မှာ အသုံးပြုခဲ့တဲ့ Snapdragon 632 ချစ်ပ်ဆက်ထက် နိမ့်တယ်လို့ ဆိုရမယ့် Snapdragon 439 ကိုသာ ထည့်သွင်းလာဲ့ပါတယ်။ Redmi ရဲ့ အထွေထွေမန်နေဂျာ Lu Weibing က သူတို့ဟာ ဘာကြောင့် မျိုးဆက်သစ် Redmi အတွက် Snapdragon 400 စီးရီးကို ပြောင်းလဲရွေးချယ်ခဲ့သလဲ ဆိုတာကို ပြန်ရှင်းပြခဲ့ပါတယ်။

သူ့ရဲ့ Weibo ပိုစ့်မှာဖော်ပြထားချက်အရ သူတို့ဟာ Redmi 8 ကို မိတ်မဆက်ခင်မှာ သုံးစွဲသူတွေအတွက် ဘယ် Feaute တွေက အရေးကြီးဆုံးလဲလို့ စစ်တမ်းကောက်ယူခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ စစ်တမ်းမှာ ဘက္ထရီသက်တမ်း၊ ချောမွေ့မြန်ဆန်တဲ့ သုံးစွဲမှုစွမ်းဆောင်ရည်နဲ့ ကွာလတီကောင်းတဲ့ ကိုယ်ထည်ဒီဇိုင်းတို့ကို အများဆုံး မဲပေးခဲ့ကြပါတယ်။ ဒါကြောင့် Redmi က သူတို့ရဲ့ဖုန်းအသစ်ကို ဒီရလဒ်ပေါ် အခြေခံပြီး တည်ဆောက်ခဲ့တာပါ။

Redmi 8 နဲ့ Redmi 8A တို့မှာ Stand-by ထားရင် တစ်လလောက်ခံတဲ့ 5,000 mAh ဘက္ထရီကြီးတွေနဲ့ USB Type-C တို့ပါဝင်ပါတယ်။ အားသွင်းစနစ်ကလည်း 18W အထိ ထောက်ပံ့ပေးတဲ့အတွက် ဒီဘက္ထရီကြီးတွေကို ၂ နာရီအားသွင်းရုံနဲ့ အစအဆုံးပြည့်နိုင်မှာပါ။

သုံးစွဲရတာ ပိုမြန်ဆန်ဖို့အတွက်တော့ သူတို့က 2GB RAM ဗားရှင်းကို ပယ်လိုက်ပါတယ်။ ဒါ့အပြင် Mi Turbo 2.0 ကိုပါ အရှိန်မြှင့်ဖို့နဲ့ မန်မိုရီရှင်းလင်းဖို့ ထည့်ပေးခဲ့တယ်။ သူတို့ရဲ့ စမ်းသပ်မှုတွေအရတော့ Redmi 8 ဖုန်းတွေဟာ နှစ်နှစ်သုံးပြီးတာတောင် အသစ်စက်စက်ထက် 35% သာ နှေးကျသွားမယ်လို့ Redmi က ဆိုပါတယ်။

ပရိုဆက်ဆာပိုင်းမှာတော့ သူတို့ဟာ SD400 စီးရီး ချစ်ပ်တွေကို အသုံးပြုထားပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်က SD625 နဲ့ အတူတူလောက်ပဲလို့ Redmi က ပြောပါတယ်။ သူ့ရဲ့ပိုစ့်မှာ SD625 ကို အသုံးပြုထားတဲ့ Redmi 6 Pro နဲ့ Redmi 8 တို့ရဲ့ AnTuTu Benchmark တွေကိုတောင် ယှဉ်ပြထားပြီး SD439 ချစ်ပ်တွေဟာ 12nm တည်ဆောက်ပုံဖြစ်တာကြောင့် SD625 နဲ့ တူညီတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ပြီး Mi Turbo ကြောင့် သုံးစွဲသူတွေအတွက် မြန်ဆန်သွက်လက်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးအနေနဲ့တော့ Lu Weibing က သုံးစွဲသူတွေဟာ စွမ်းဆောင်ရည်ကောင်းတာသက်သက်ကို လိုချင်ရင် Redmi 7 သို့မဟုတ် SD665 ပရိုဆက်ဆာပါတဲ့ Redmi Note 8 ကိုရွေးချယ်ဖို့နဲ့ ဘက္ထရီသက်တမ်း ပိုကောင်းတာ လိုချင်ရင်တော့ Redmi 8A သို့မဟုတ် Redmi 8 ကိုရွေးချယ်ပါလို့ အကြံပေးထားပါတယ်။

Ref – Gizmo China