Microsoft က Windows 11 ကိုမိတ်ဆက်သွားတော့ Windows အသုံးပြုသူတွေရော Android အသုံးပြုသူတွေပါ စိတ်ဝင်စားစေမဲ့ အချက်တစ်ချက် ပါဝင်လာပါတယ်။ အဲဒါက Windows 11 ဟာ Android apps တွေကို Sideload ပြုလုပ်နိုင်မယ်ဆိုတာပါပဲ။

ကွန်ပျူတာနဲ့ မိုလ်ဘိုင်း Device ကြား Data တွေအပြန်အလှန် Transferring ပြုလုပ်နိုင်တဲ့လုပ်ဆောင်ချက်က ဒီနေ့ခေတ်မှာ အတော်လေးကို ပျော်ဖို့ကောင်းတဲ့ တိုးတက်မှုလို့ဆိုရပါမယ်။ လတ်တလောမှာ Emulator ကို အဆင်ပြေပြေအသုံးပြုနေကြတယ်ဆိုပေမဲ့ Windows 11 မှာသာ တိုက်ရိုက်အသုံးပြုလို့ရမှာကို မကြိုက်တဲ့သူမရှိလောက်ဘူးလို့ ယုံကြည်ရပါတယ်။

ဒါပေမဲ့ မရှင်းလင်းသေးတာတစ်ခုက Windows 11 မှာ Android app က ဘယ်လိုမောင်းနှင်မလဲဆိုတာပါ။ ဥပမာ Sideloaded app တစ်ခု ထပ်ပြီး Install လုပ်ဖို့လိုသေးလားဆိုတဲ့ မေးခွန်းမျိုးပါ။ နည်းပညာပိုင်းအရဆိုရင် Chrome OS ကလည်း Sideloaded apps တွေ Run နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ဒါပေမဲ့ လုပ်ငန်းစဉ်ကတော့ လွယ်ကူရှင်းလင်းနေတာမျိုး မဟုတ်ပါဘူး။

Amazon ရဲ့ Appstore ကတစ်ဆင့် အသုံးပြုနိုင်မယ်လို့ဆိုထားတာကြောင့် ဒီ Appstore ကိုအရင် Join ထားဖို့ လိုမှာပါ။ နောက်တစ်ချက် Amazon ဟာ Google Play Store လောက်တော့ App တွေမစုံလင်တာပါပဲ။ ပြီးတော့ Windows ရဲ့ လုံခြုံရေးအတွက် ဘယ်လိုစီမံထားလဲဆိုတာလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ Free apps တွေနဲ့ Paid apps ကိုရော တန်းတူသုံးစွဲခွင့်ပေးမှာလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Ref: The Verge