[Zawgyi]

အေမရိကန္ႏိုင္ငံ အေျခစိုက္ နည္းပညာကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ SandDisk ဟာ Memory Cards ေတြသာမက Card Readers, USB Flash Drives နဲ႔ Solid State Drives (SSD) ေတြကိုလည္း ထုတ္လုပ္ေရာင္းခ်လွ်က္ ရွိပါတယ္။ ဒီေန႔မွာေတာ့ သူတို႔ရဲ႕ ထုတ္ကုန္ေတြထဲက တစ္ခုျဖစ္တဲ့ MicorSD Card ကို 1TB (1024GB) အထိ သိုေလွာင္ႏိုင္ေအာင္ ျပဳလုပ္ေပးႏိုင္ခဲ့ၿပီ ျဖစ္ၿပီး၊ အဆိုပါ MicroSD Card ကိုေတာ့ Mobile World Congress (MWC) 2019 မွာ မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။

SanDisk ရဲ႕ Extreme 1TB UHS-1 MicroSDXC Card အမ်ိဴးအစားျဖစ္ၿပီး Read Speeds က Up to 160 MB/s ျဖစ္ပါတယ္။ Write Speeds ကေတာ့ Up to 90 MB/s အထိ ရရွိမွာပါ။ အခုလိုမ်ိဴး ျမန္ဆန္တဲ့ Read/Write Speeds ေတြရရွိတာကေတာ့ Western Digital ရဲ႕ Fast Flash Technology ေၾကာင့္လို႔ ေျပာရမွာပါ။ SanDisk က 1TB ဗားရွင္းအျပင္ ေနာက္ထပ္ 512GB ဗားရွင္းကိုလည္း ထုတ္လုပ္ထားပါေသးတယ္။ 512GB ဗားရွင္းရဲ႕ Read Speeds ကလည္း Up to 160 MB/s ပဲ ျဖစ္ပါတယ္။ SanDisk အျပင္ Micron ကလည္း 1TB MicroSD Card ကို MWC 2019 မွာ မိတ္ဆက္သြားပါေသးတယ္။ ဒါေပမယ့္ Micron 1TB MicroSD Card ရဲ႕ Read Speeds က Up to 100 MB/s သာ ရွိပါတယ္။

SanDisk က အဆိုပါ MicroSD Cards ေတြအတြက္ Pre-orders စတင္လက္ခံေနၿပီ ျဖစ္ၿပီး လာမယ့္ ဧၿပီလမွာ စတင္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။ ေစ်းႏႈန္းေတြအေနနဲ႔ Extreme 1TB UHS-1 MicroSDXC Card က ကန္ေဒၚလာ ၄၄၉ (ျမန္မာေငြ ၆၈၀,၀၀၀ ဝန္းက်င္) က်သင့္မွာျဖစ္ၿပီး Extreme 512GB UHS-1 MicroSDXC က ကေတာ့ ကန္ေဒၚလာ ၁၉၉ (ျမန္မာေငြ ၃သိန္း ဝန္းက်င္) က်သင့္မွာ ျဖစ္ပါတယ္။

Ref : Android Police

[Unicode]

ကမ္ဘာ့ပထမဦးဆုံး 1TB (1024GB) MicroSD Card ကို မိတ်ဆက်လိုက်တဲ့ SanDisk

အမေရိကန်နိုင်ငံ အခြေစိုက် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ SandDisk ဟာ Memory Cards တွေသာမက Card Readers, USB Flash Drives နဲ့ Solid State Drives (SSD) တွေကိုလည်း ထုတ်လုပ်ရောင်းချလျှက် ရှိပါတယ်။ ဒီနေ့မှာတော့ သူတို့ရဲ့ ထုတ်ကုန်တွေထဲက တစ်ခုဖြစ်တဲ့ MicorSD Card ကို 1TB (1024GB) အထိ သိုလှောင်နိုင်အောင် ပြုလုပ်ပေးနိုင်ခဲ့ပြီ ဖြစ်ပြီး၊ အဆိုပါ MicroSD Card ကိုတော့ Mobile World Congress (MWC) 2019 မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

SanDisk ရဲ့ Extreme 1TB UHS-1 MicroSDXC Card အမျိူးအစားဖြစ်ပြီး Read Speeds က Up to 160 MB/s ဖြစ်ပါတယ်။ Write Speeds ကတော့ Up to 90 MB/s အထိ ရရှိမှာပါ။ အခုလိုမျိူး မြန်ဆန်တဲ့ Read/Write Speeds တွေရရှိတာကတော့ Western Digital ရဲ့ Fast Flash Technology ကြောင့်လို့ ပြောရမှာပါ။ SanDisk က 1TB ဗားရှင်းအပြင် နောက်ထပ် 512GB ဗားရှင်းကိုလည်း ထုတ်လုပ်ထားပါသေးတယ်။ 512GB ဗားရှင်းရဲ့ Read Speeds ကလည်း Up to 160 MB/s ပဲ ဖြစ်ပါတယ်။ SanDisk အပြင် Micron ကလည်း 1TB MicroSD Card ကို MWC 2019 မှာ မိတ်ဆက်သွားပါသေးတယ်။ ဒါပေမယ့် Micron 1TB MicroSD Card ရဲ့ Read Speeds က Up to 100 MB/s သာ ရှိပါတယ်။

SanDisk က အဆိုပါ MicroSD Cards တွေအတွက် Pre-orders စတင်လက်ခံနေပြီ ဖြစ်ပြီး လာမယ့် ဧပြီလမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ စျေးနှုန်းတွေအနေနဲ့ Extreme 1TB UHS-1 MicroSDXC Card က ကန်ဒေါ်လာ ၄၄၉ (မြန်မာငွေ ၆၈၀,၀၀၀ ဝန်းကျင်) ကျသင့်မှာဖြစ်ပြီး Extreme 512GB UHS-1 MicroSDXC က ကတော့ ကန်ဒေါ်လာ ၁၉၉ (မြန်မာငွေ ၃သိန်း ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။

Ref : Android Police