[Zawgyi]

Lenovo က လူေတြ အရမ္း စိတ္၀င္စားေနတဲ့ Motorola Razr Foldable ဖုန္းကို အေမရိကန္မွာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ေၾကညာခဲ့ပါတယ္။ ၁၅ ရက္ေန႔မွာေတာ့ ကုမၸဏီက တရုတ္မွာ က်င္းပတဲ့ Tech World 2019 မွာ အဲဒီ ဖုန္းကို ျပသခဲ့ပါတယ္။ ဒါ့အျပင္ Flexible Display ပါတဲ့ ကမာၻ႕ ပထမဆံုး Foldable PC ကိုပါ ခ်ျပလိုက္ပါတယ္။ အဲဒီ PC ဟာ ဒီႏွစ္ အေစာပိုင္းမွာ ျပသခဲ့တဲ့ ThinkPad X1 Prototype  ျဖစ္ႏိုင္ပါတယ္။

ပြဲမွာ ကုမၸဏီရဲ႕ စီအီးအို Yang Yuanqing က Motorola Razr နဲ႔ ပတ္သက္တဲ့ ေမးခြန္းေတြကို ေျဖေပးသြားခဲ့ပါတယ္။ သူက “ Razr ဟာ သာမာန္ ဖုန္းလိုပဲ အရြယ္အစား က်စ္လစ္ေသးငယ္ပါတယ္။ တျခား Foldable ဖုန္းေတြလို တက္ဘလက္လို ေျပာင္းသံုးလို႔ မရပါဘူး။ ေဒါင္လိုက္ ထက္၀က္ ေခါက္ခ်ိဳး သံုးရတဲ့အတြက္ ကိုင္ရတာ အဆင္ေျပပါတယ္။ “ လို႔ ေျပာပါတယ္။

ThinkPad X1  မွာ LG ရဲ႕ ၁၃.၃ လက္မ Display တပ္ဆင္ထားၿပီး ၉၀၀ ဂရမ္ အေလးခ်ိန္ရွိပါတယ္။ Display Resolution က 2K ျဖစ္ပါတယ္။ တျခား သတင္းအခ်က္အလက္ေတြကို မသိရေသးပါဘူး။ လက္ရွိမွာ ေရာင္းတန္း၀င္ အဆင့္ မေရာက္ေသးဘဲ ကုမၸဏီက ဆက္လက္ ဖန္တီးရဦးမွာ ျဖစ္ပါတယ္။ အဲဒီအတြက္ ၀ယ္ယူခ်င္သူေတြက အခ်ိန္ေစာင့္ဆိုင္းရဦးမွာပါ။

Motorola Razr မွာ ၆.၂ လက္မ “Flex View” OLED Display  တပ္ဆင္ထားၿပီး 2,142x876p Resolution ျဖစ္ပါတယ္။ ဒါဟာ အတြင္းဘက္ ပင္မ Display ျဖစ္ၿပီး ထက္၀က္ေခါက္ခ်ိဳးႏုိင္ပါတယ္။ အျပင္ဘက္မွာ ဒုတိယ “Quick View” Display တပ္ဆင္ထားၿပီး ၂.၇ လက္မ 600x800p Resolution ျဖစ္ပါတယ္။ အေမရိကန္မွာ ေဒၚလာ ၁,၅၀၀ နဲ႔ ဇန္န၀ါရီလမွာ စေရာင္းမွာ ျဖစ္ၿပီး  ျမန္မာေငြနဲ႔တြက္ရင္ ၂၂ သိန္းေလာက္ရွိပါတယ္။

Ref : gizmochina

[Unicode]

Lenovo က ကမ္ဘာ့ပထမဆုံး Foldable PC နဲ့ Motorola Razr ကို Tech World 2019 မှာ ပြသ

Lenovo က လူတွေ အရမ်း စိတ်ဝင်စားနေတဲ့ Motorola Razr Foldable ဖုန်းကို အမေရိကန်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပါတယ်။ ၁၅ ရက်နေ့မှာတော့ ကုမ္ပဏီက တရုတ်မှာ ကျင်းပတဲ့ Tech World 2019 မှာ အဲဒီ ဖုန်းကို ပြသခဲ့ပါတယ်။ ဒါ့အပြင် Flexible Display ပါတဲ့ ကမ္ဘာ့ ပထမဆုံး Foldable PC ကိုပါ ချပြလိုက်ပါတယ်။ အဲဒီ PC ဟာ ဒီနှစ် အစောပိုင်းမှာ ပြသခဲ့တဲ့ ThinkPad X1 Prototype ဖြစ်နိုင်ပါတယ်။

ပွဲမှာ ကုမ္ပဏီရဲ့ စီအီးအို Yang Yuanqing က Motorola Razr နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေပေးသွားခဲ့ပါတယ်။ သူက “ Razr ဟာ သာမာန် ဖုန်းလိုပဲ အရွယ်အစား ကျစ်လစ်သေးငယ်ပါတယ်။ တခြား Foldable ဖုန်းတွေလို တက်ဘလက်လို ပြောင်းသုံးလို့ မရပါဘူး။ ဒေါင်လိုက် ထက်ဝက် ခေါက်ချိုး သုံးရတဲ့အတွက် ကိုင်ရတာ အဆင်ပြေပါတယ်။ “ လို့ ပြောပါတယ်။

ThinkPad X1 မှာ LG ရဲ့ ၁၃.၃ လက်မ Display တပ်ဆင်ထားပြီး ၉၀၀ ဂရမ် အလေးချိန်ရှိပါတယ်။ Display Resolution က 2K ဖြစ်ပါတယ်။ တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ လက်ရှိမှာ ရောင်းတန်းဝင် အဆင့် မရောက်သေးဘဲ ကုမ္ပဏီက ဆက်လက် ဖန်တီးရဦးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဝယ်ယူချင်သူတွေအတွက် အချိန်စောင့်ဆိုင်းရဦးမှာပါ။

Motorola Razr မှာ ၆.၂ လက်မ “Flex View” OLED Display တပ်ဆင်ထားပြီး 2,142x876p Resolution ဖြစ်ပါတယ်။ ဒါဟာ အတွင်းဘက် ပင်မ Display ဖြစ်ပြီး ထက်ဝက်ခေါက်ချိုးနိုင်ပါတယ်။ အပြင်ဘက်မှာ ဒုတိယ “Quick View” Display တပ်ဆင်ထားပြီး ၂.၇ လက်မ 600x800p Resolution ဖြစ်ပါတယ်။ အမေရိကန်မှာ ဒေါ်လာ ၁,၅၀၀ နဲ့ ဇန်နဝါရီလမှာ စရောင်းမှာ ဖြစ်ပြီး မြန်မာငွေနဲ့တွက်ရင် ၂၂ သိန်းလောက်ရှိပါတယ်။

Ref : gizmochina